Published_10 Feb 2024
ကန် ဒေါ်လာ ၂၀ ဒသမ ၆၇သန်း အကုန်အကျခံတည်ဆောက်ခဲ့သော ဘက်စုံသုံး ဗော်ယာ မ ၊ ချ ရေ ယာဉ် ၆၀ မီတာ (60M Multipurpose Buoy Handling Vessel) ("ဂန္ဓ"ရေယာဉ်) (၁)စီး၊ မြေတူး မြေခံ ရေ ယာဉ် (၂)စုံနှင့် ဆိပ်ကမ်းလုပ်ငန်းသုံး ရေ ယာဉ် (Habour Launch) (၃)စီး၊ စုစုပေါင်း ရေယာဉ်(၈)စီး ယနေ့ ဖေဖော် ဝါရီလ ၁၀ ရက် တွင် လုပ်ငန်းခွင် စတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်း ခွင် စတင်ဝင်ရောက်ခြင်း အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ကျောက်တံတားမြို့ နယ်၊ ပန်းဆိုးတန်း ကျန်းမာရေး ဆိပ်ခံ တံတား၌ ပို့ဆောင်ရေး နှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကုန်သွယ်မှု နည်း လမ်း များအနက် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုသည် ကမ္ဘာ့ကုန်သွယ်မှု တန်ဖိုး၏ ၇၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်မှု ပမာဏ၏ ၈၀ရာခိုင်နှုန်း ရှိကြောင်း United Nation Conference on Trade and Development (UNCTAD) က နှစ်စဉ် ထုတ်ပြန်သည့် Review of Maritime Transport အရ သိရှိရ ကြောင်း ယင်း အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့်ဆက် သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့သည်။
ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် Stakeholder များ ဖြစ်ကြသော မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ပုဂ္ဂလိက ဆိပ် ကမ်းတံတားများက မိမိတို့၏ ဝန်ဆောင်မှုစနစ်နှင့် စွမ်းဆောင်ရည်ကို နိုင်ငံတကာကုန်သွယ်မှုအတွက် လိုအပ် ချက် စံချိန်စံညွှန်း များနှင့် လိုက်လျောညီထွေ အဆင်သင့်ဖြစ်စေရန် အဆင့်မြှင့်တင်ခြင်း၊ စဉ်ဆက်မပြတ် ပြောင်းလဲ တိုးတက်နေသည့် နည်းပညာ နှင့်စက် ကိရိယာများကို တပ်ဆင်အသုံးချခြင်း၊ ဒေသတွင်း ခေတ်မီ ဆိပ်ကမ်းများနည်းတူ ဒစ်ဂျစ်တယ်အသွင် ကူး ပြောင်းခြင်း (Digital Transformation) နည်းလမ်းဖြင့် Electronic Port(e-Port) မှ Smart Port အဆင့် သို့ တက်လှမ်းနိုင်စေရေး အတွက် နိုင်ငံတော်နှင့် ဝန်ကြီး ဌာန၏ ဦးဆောင်ပံ့ပိုးမှုများနှင့်အတူ အားလုံး ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လည်း ယင်းက ပြောကြားခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 10 February 2024
#YMG #Yangon_Media_Group #Yangon_Times




၁၀ ဖေဖော်ဝါရီ ၂၀၂၄
တပ်မတော်က ကောလင်းမြို့အား ယနေ့(ဖေဖော်ဝါရီ ၁၀ရက်)တွင် အပြီးတိုင် ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီဟု သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
တပ်မတော်စစ်ကြောင်းများသည် ကောလင်းနယ်မြေအတွင်းသို့ စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုတ်ယူ၍ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ချီတက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ၁၈ ကြိမ် ဖြစ် ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သတင်းကဆိုပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမား များက အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ မြို့လုံခြုံရေး ထုတ်နှုတ်အဖွဲ့နှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းတို့အား တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ိ
ထိုသို့တိုက်ခိုက်ခဲ့ပြီးနောက် ကောလင်းမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့လည်း အဆိုပါအဖွဲ့များက ကြေညာခဲ့ပါတယ်။
အဲဒီအတွက်ကောလင်းမြို့ခံ ဝန်ထမ်းများ၊ အရပ်သားများအနေဖြင့် အကြောင်းမဲ့ နေရပ်စွန့်ခွာထွက်ပြေးရမှု၊ အနိုင်ကျင့် ခံရမှုအပေါ် တုန့်ပြန်နိုင်ရေးနှင့် နှိပ်စက်မှုများကို လက်မခံနိုင်သည့် ကျေးရွာများမှ လူငယ်များ၊ လူလတ်ပိုင်းများ အနေ ဖြင့်လည်း ဝန်းသို၊ ကန့်ဘလူ မြို့နယ်ရှိ နီးစပ်ရာ တပ်ဌာနချုပ်များမှ လှုပ်ရှားလုံခြုံရေးအဖွဲ့နှင့် ပူးပေါင်း၍ မြို့၊ ရွာ ကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်တောင်း ဆိုမှုများအရ ရပ်ရွာလုံခြုံရေး၊ မြို့ရွာကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ တပ်မတော်မှလည်း လိုအပ်သည့် စစ်ကူ၊ ပစ်ကူ အင်အားများ ဖြည့်တင်းခြင်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်မှ ၂၀၂၄ ဇန်နဝါရီလ တတိယအပတ်အထိ လည်းကောင်း ပြင်ဆင်လေ့ကျင့်ခြင်းနှင့် လိုအပ်သည့် စုဖွဲ့မှုများကိုဆောင်ရွက်ခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ထားပါတယ်။
ယင်းကဲ့သို့ အင်အားစုဖွဲ့ပြီးနောက် တပ်မတော်စစ်ကူစစ်ကြောင်းများအနေဖြင့် ကောလင်းမြို့အတွင်းနှင့် အနီး ပတ်ဝန်းကျင်တွင် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation) ဆောင်ရွက်ရန်အတွက် ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့သို့ရောက်ရှိကြရာ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုအားပေးခဲ့ကြကာ ယင်းမှ စစ်ဆင်ရေးစတင်ခဲ့ပြီး ယခုကောလင်းမြို့ကို အပြီးတိုင်ပြန်လည် ထိန်းချုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
အကြမ်းဖက်သမားများအနေဖြင့် ကောလင်းမြို့အတွင်းသို့ ရောက်ရှိနေစဉ် အတွင်း ဘာသာရေးဆိုင်ရာ အဆောက် အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်များတွင် တာယာကွင်းများ၊ သဲအိတ်များစီ၍ ဘန်ကာများဆောက်လုပ်ပြီး တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်၊အဆောက်အဦများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက် ခြင်း များကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE)နှင့်အညီ ဆောင်ရွက်ခဲ့ရတယ်လို့လည်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ ချီတက်တိုက်ခိုက်ချေမှုန်းခဲ့မှုများ ကြောင့် အကြမ်းဖက်သမားများသည် လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက် အမှောင့်လုပ်ရပ် များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။
ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက် လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါအဖွဲ့များထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက် ဆောင်ရွက်လျက်ရှိနေတယ်လို့သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကောလင်းမြို့မှ နေရပ်စွန့်ခွာဒေသခံ ပြည် သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင် ရေးနှင့် အကြမ်းဖက်သမားများကြောင့် ယိုယွင်း ပျက်စီးခဲ့ရသည့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်း ရှင်းလင်းပေးခြင်း စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
@ymg/knl








ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချိနျူကလီးယား ဓာတ်အားပေးစက်ရုံကနေ ရေဒီယိုသတ္တိကြွပစ္စည်းများ ပါဝင်တဲ့ ရေတန်ချိန် ၅ တန်လောက် စိမ့်ထွက်နေတယ်လို့ ဒေသတွင်းမီဒီယာတစ်ခုက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြလိုက်ပါတယ်။
#World_Disaster
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၁၀ ဖေဖော်ဝါရီ ၂၀၂၄
စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သည့် ပြည်သူ့စစ်မှု ထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၀ ရက်နေ့(ယနေ့)တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ယနေ့ရက်စွဲဖြင့်နစက,ကထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ဖြင့် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေပုဒ်မပုဒ်မခွဲ(ခ)အရ ယခုကဲ့ သို့စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းဖြစ်တယ်လို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုသည်ဟူ၍ ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ(၂)၊ပုဒ်မခွဲ(ခ)တွင်ဖော်ပြထားပါတယ်။
ယင်းအပြင် ပုဒ်မ(၂)၊ပုဒ်မခွဲ(ဂ)တွင် တပ်မတော်စက်မှုလက်မှုပညာသည် ဆိုသည်မှာ တပ်မတော်တွင် အမှုထမ်း လျက်ရှိသော ဝန်ထမ်း များအနက် ကာကွယ်ရေး ဌာနကောင်စီ အမိန့်ဖြင့် သတ်မှတ်သော ပညာသည် အုပ်စုဝင် ဇယား၌ ပါဝင်သည့် စက်မှုလက်မှုပညာ ကျွမ်းကျင်သူကို ဆိုသည်” ဟူ၍ဖော်ပြပါရှိပါတယ်။
ပုဒ်မ(၂)၊ပုဒ်မခွဲ(ဃ)တွင် ကျွမ်းကျင်သူ ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တက်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေသူများကို ဆိုသည်” ဟူ၍သတ်မှတ် ထားပါတယ်။

အဆိုပါဥပဒေပုဒ်မ(၃)အရ
“၃။ ပြည်သူ့စစ်မှုထမ်းရန်ကာလကို အောက်ပါအတိုင်းသတ်မှတ်သည်-
(က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လ ထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။
(ခ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူများကို (၃၆) လထက် မပိုသည့် ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။
(ဂ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော ကျွမ်းကျင်သူများအား (၃၆) လထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။” ဟူ၍ ဖော်ပြထားပါတယ်။
လိုအပ်သည့်ဥပဒေနှင့်ဆက်စပ်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များ ကိုကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” ဟုလည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် “ နိုင်ငံသားတိုင်းသည် ဥပဒေ ပြဋ္ဌာန်း ချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၏ နိဒါန်းပိုင်းတွင် “နိုင်ငံသားတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာ သင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်ဥပဒေပြဋ္ဌာန်းရခြင်းဖြစ် ကြောင်း”ဟူသည့် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက် မှာဖော်ပြပါရှိပါတယ်။
@ymg/knl
#Daily_News
Published_ 10 February 2024
၁။ ပုဂံဘုရား(၆)ဆူတွင် မိုးကြိုးလွှဲတပ်ဆင်ပြီးပြီဖြစ်၊ နောက်ထပ်(၅)ဆူ၌ မိုးကြိုးလွှဲဆက်လက် တပ်ဆင်နေ
၂။ တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့် ရန်ကုန်သစ်သီးဈေးကွက် အရောင်းသွက်
၃။ အုန်းသီး အခြေခံထုတ်ကုန်ပစ္စည်းများပြပွဲ ပြိုင်ပွဲမှ အလားအလာကောင်းသည့် ထုတ်ကုန်များအား ပြည်ပဈေးကွက်ဝင်ရောက်နိုင်ရန် ချိတ်ဆက်ပေးမည်
၄။ ရေဒီယိုသတ္တိကြွပစ္စည်းများ ပါဝင်သောရေများ ဖူကူရှီးမားနျူကလီးယားစက်ရုံမှ စိမ့်ထွက်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 10 February 2024
ပျံလွန်တော်မူသွားပြီဖြစ်သည့်နဂါးနှစ်ကောင် ကျောင်းတိုက် ဆရာတော်ကြီး၏ရုပ်ကလာပ်တော်ကိုမိုင်းဖုန်းဆရာတော်ကြီးနှင့် ထိုင်းနိုင်ငံမှ အရာရှိကြီးများ ယနေ့ ဖေဖော်ဝါရီလ(၁၀)ရက်တွင် လာရောက်ဖူးမြော်ကြကြောင်း သိရသည် ။
တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊ ဦးစီးပဓာနနာယကဆရာတော် ၊နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဓမ္မသီရိဟာ ဖေဖော်ဝါရီလ (၈)ရက်မှာ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။
ဆရာတော်ကြီး၏ ဘုန်းတန်ခိုးသည် မြန်မာနိုင်ငံအတွင်းသာမက ထိုင်းနိုင်ငံ၌လည်းကျော်ကြားသဖြင့် ဆရာတော်ကြီးပျံလွန်တော်မူချိန်တွင် ထိုင်းနိုင်ငံမှာ အာဏာပိုင် အရာရှိ၊အရာခံကြီးများကိုယ်တိုင် လာရောက်ဖူးမြော်ကြခြင်း ဖြစ်သည်။
ဆရာတော်ကြီးဘဒ္ဒန္တဓမ္မသီရိသည် နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ သာသနာ့အာဇာနည်ဆရာတော်ကြီး တစ်ပါးလည်းဖြစ်၍ ဆရာတော်ကြီး၏အန္တိမဈာပနကို အခမ်းအနားဆုံးဆောင်ရွက်ပေးရန်လည်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှလည်း လမ်းညွှန်မှာကြားထားသည်။
ဆရာတော် ဘုရားကြီးသည် ပျံလွန်တော်မူချိန်တွင် သက်တော်(၉၇)နှစ် ဝါတော်(၇၇)ဝါရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ဆေးကုမှုခံယူခဲ့ပြီးနောက် နဂါးနှစ်ကောင်ကျောင်းတိုက်အတွင်း၌ဆက်လက် ဆေးကုသမှုခံယူနေစဉ် ပျံလွန်တော်မူသွားခဲ့ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group






Published 10 February 2024
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်တွင်း၊ ပြည်ပ ခရီးသွား ၈၀၀၀ကျော်အား ခရီးသွား စစ်တမ်းကောက်ယူထားပြီးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
အဆိုပါ ပြည်တွင်းပြည်ပခရီးသွားစစ်တမ်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး စသည့် မြို့နယ်များအပါအဝင် မြို့ပေါင်း ၁၉ မြို့အတွင်း၌ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ကောက်ယူရာတွင် ခရီးသွားများ စိတ်ဝင်တစားလည်ပတ်စရာနေရာများနှင့် နယ်စပ်ဝင်/ထွက်ပေါက်ဂိတ်များ၊ လေဆိပ်များ၊ ရထားဘူတာရုံများမှ ပြည်တွင်း၊ပြည်ပ ခရီးသွားစစ်တမ်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်ကနေစတင်၍ ပြည်တွင်း ခရီးသွား ၇,၀၀၀ ကျော်နှင့် ပြည်ပခရီးသွား ၁,၃၀၀ ကျော်ကို ကောက်ခံနိုင်ခဲ့ပြီးယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ရရှိလာသည့် ကိန်းဂဏန်းအချက်အလက်များနှင့် သုတေသနတွေ့ရှိချက်များကို အခြေခံပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 10 February 2024
မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် အက်တမ် (ATOM) ကို လယ်ဝယ်ပိုင်ဆိုင်သည့် Investcom PTE Ltd. မှာ ရှယ်ယာပါဝင်ထားသည့် ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ ရင်းနှီးမြှုပ်နှံမှုကို ပယ်ဖျက်လိုက်ကြောင်း အက်တမ် (ATOM) မြန်မာ၏ ထုတ်ပြန်ချက်အရသိရသည်။
ရွှေဗျိုင်းဖြူလုပ်ငန်းစုမှ သက်ဆိုင်သူများကို အက်တမ်(ATOM) ၏ ဒါရိုက်တာဘုတ်အဖွဲ့မှ ထုတ်ပယ်လိုက်ပြီး Myancom Holding Ltd. သို့ ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ ရှယ်ယာများကို အပြီးတိုင်လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အက်တမ် (ATOM) သည် အရေးယူပိတ်ဆို့ခံရသော မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းနှင့်မျှ ပတ်သက်ဆက်နွယ်ခြင်းမရှိကြောင်း ပြောကြားသည်။
ထို့အပြင် အရေးယူပိတ်ဆို့ခံရသော မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမှ အစုရှယ်ယာရှင်/ အကျိုးခံစားခွင့်ရှိသူ သို့မဟုတ် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်အနေနှင့် ခန့်အပ်ထားရှိခြင်း မရှိကြောင်း သိရသည်။
အက်တမ် (ATOM) အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုအပါအဝင် နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို တစ်သဝေမတိမ်း ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ကြောင့် ဦးသိန်းဝင်းဇော်၊ ဦးဝင်းပိုင်ကျော်၊ ဒေါ်တင်လတ်မင်းတို့သည် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဦးဝင်းပိုင်ကျော်သည်လည်း အက်တမ်မြန်မာ (ATOM Myanmar) ၏ ဒုတိယအမှုဆောင်အရာရှိချုပ်ရာထူးမှ နှုတ်ထွက်ခဲ့ကာ ယခုလက်ရှိအချိန်တွင် ထိုလစ်လပ်သောရာထူးအတွက် အသစ်ထပ်မံခန့်အပ်ထားခြင်း မရှိသေးကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုက ရွှေဗျိုင်းဖြူ ကုမ္ပဏီ၊ ပိုင်ရှင်မိသားစု ၄ ဦးနှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကို စီးပွားရေးဒဏ်ပိတ်ဆို့ အရေးယူခဲ့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နှင့် စီးပွားရေး လက်တွဲလုပ်ကိုင်နေသည့် ရွှေဗျိုင်းဖြူအုပ်စု ဥက္ကဋ္ဌ သိန်းဝင်းဇော်၊ ဇနီး တင်မင်းလတ်၊ သား သမီး ၂ ဦးဖြစ်သည့် မသိမ့်ဝင်းထက်နှင့် ကိုဝင်းပိုင်ကျော်တို့ ၄ ဦးကို အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူထားခြင်းဖြစ်သည်။
Atom အနေဖြင့် Telenor Myanmar ကို အပြီးသတ် ဝယ်ယူပြီးနောက် ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၃၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း
ပြောကြားထားသည်။
Yangon_Times/NN
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 10 February 2024
အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး၊ ကျပ်တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် ရှင်းလင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်မြို ရွှေဘုံသာလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ အိန္ဒိယစင်တာ၌ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ရူပီး၊ ကျပ် တိုက်ရိုက်ပေးချေမှုကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ နှစ်နိုင်ငံအကြား သံတမန်လမ်းကြောင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံသံရုံးနှင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ ဗဟိုဘဏ် (RBI) နှင့်လည်းကောင်း ဆွေးနွေးညှိနှိင်းမှုများပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများ တွင်ပါဝင်ပြီး မြန်မာနိုင်ငံမှ စတုတ္ထမြောက်ပိုကုန် အများဆုံးတင်ပိုသည့်နိုင်ငံနှင့် ဆဋ္ဌမမြောက် သွင်းကုန်အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ကြောင်း၊ အာရှဗဟိုဘဏ်များ စာရင်းရှင်းလင်း ရေးအဖွဲ(အေစီယူ) အဖွဲဝင်နိုင်ငံများအနက် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံးပြုလုပ်တာလည်း ဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA) ကိုအသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guideline) ကို ထုတ်ပြန်ပြီးဖြစ်တဲ့အတွက် ပေးချေမှုများ စတင်နိုင်ပြီဖြစ်ပါတယ်။
ထို့ကြောင့် ငွေပေးချေမှုများ အားကောင်းလာပြီး တိုင်းပြည်စီးပွားရေးကို အထောက်အကူပြုစေနိုင်မှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေခြင်း အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကာ ကုန်သည်ကြီးများအနေဖြင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုအတွက် ရူပီးဖြင့် လိုင်စင်လျှောက်ထားပြီး ဘဏ်လမ်းကြောင်းမှတစ်ဆင့် တရားဝင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Shri Vinay Kumar၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူး ချုပ်များ၊ အိန္ဒိယ-မြန်မာကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ Mr. Rajeev Rawal နှင့် အသင်းဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၁၀ ဖေဖော်ဝါရီ ၂၀၂၄
၂၀၂၄ခုနှစ် နွေဦးရာသီ တရုတ်နှစ်သစ်ကူးပွဲတော် ဖျော်ဖြေရေးအစီအစဉ်များကို ဖေဖော်ဝါရီ (၉)ရက်ညက တရုတ်မီဒီယာ အုပ်စုမှ ဦးစီးပြီး ပင်မအဖြစ်ဘေဂျင်းမြို့တော်နှင့် အခွဲများအဖြစ် ရှိန်ယန်၊၊ရှိအန်၊ကာရှဂါးနှင့် ချင်ဆားတို့မှာ တင်ဆက်ပြီး ရုပ်သံထုတ်လွှင့်သွားခဲ့ပါတယ်။ တစ်နှစ်တစ်ခါကျင်းပတဲ့ အဆိုပါခမ်းနားကြီး ကျယ်တဲ့ နှစ်သစ်ကူးပွဲတော်ကို ကမ္ဘာ တစ်လွှားသို့ထုတ်လွှင့်ခဲ့တာဖြစ်ပြီး အဆိုအကများ၊အော်ပရာများ၊ဟာဒယရွှင်ဆေးများ၊ ကိုယ်ခံပညာများနှင့် ကျွမ်းဘားအက များဖြင့်ဝေဝေဆာဆာတင်ဆက်သွားခဲ့ကြပါတယ်။
Source CCTV+
'အုန်းသီးအခြေခံထုတ်ကုန်ပစ္စည်းများ ပြပွဲ ပြိုင်ပွဲမှာ ပြခန်း (၃၀)ခန့် ပါဝင်ပြသဖို့ လျာထားပြီး ပြသထားတဲ့ အုန်းသီးအခြေခံ ထုတ်ကုန်ပစ္စည်းတွေထဲက ပြည်ပတင်ပိုနိုင်ဖို့ အလားအလာရှိတဲ့ ၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ထုတ်ကုန်တွေကို ရွေးချယ်အမှတ်ပေးကာ ဆုချီးမြှင့်တာ ၊ ပြည်ပဈေးကွက်ဝင်ရောက်နိုင်ဖို့ ချိတ်ဆက်ပေးတာ၊ ပြည်ပကုန်စည်ပြပွဲတွေမှာ ပါဝင်ပြသနိုင်ဖို့ ဆောင်ရွက်ပေးတာ တို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
Yangon Times/NN
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်ခင် ငါးရက်ခန့်ကတည်းက အရောင်းသွက်တာ သစ်သီးဈေးတွေကလည်း အကုန်မြင့်ပဲ အရင်က ကျွဲကောသီး အလုံး၂၀ကနေ၃၀ပါ တစ်အိပ်ကို ၆သောင်း ၇သောင်းကနေ အခု တစ်သိန်း၂သောင်းလောက်ပေးရတယ်၊ နဂါးမောက်သီးဆိုလည်း အရင်က ၇သောင်းလောက်ကနေ အခုတစ်သိန်းကျော်တယ် အခြားသစ်သီးတွေလဲ ဈေးတွေတတ်တယ်။
Yangon Times/LW
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 713 of 1858