JLPT ဂျပန်ဘာသာ စာမေးပွဲအတွက် သိသင့်သည့်အချက်များကို စာမေးပွဲကျင်းပရေး ကော်မတီမှ ရှင်းလင်းမည်
‘ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) နဲ့ ပတ်သက်လို့ သိသင့်တဲ့အချက်တွေကို စာမေးပွဲဖြေဆိုသူတွေ သိရှိနိုင်ရန်အတွက် JLPT စာမေးပွဲ ကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) မှ ဂျပန်စာသင်တန်းကျောင်းတွေကို အွန်လိုင်းကနေ ရှင်းလင်းပွဲပြုလုပ်ပြီး အသိပေးသွားမယ်’ JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
Yangon_Times/tthl
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
သီတင်းကျွတ်ကာလအတွက် ကားအငှား ကြိုတင်ငှားရမ်းမှု များပြားနေပြီး ပုဂံဟိုတယ်များလည်း ဘိုကင်ပြည့်နေ
'အကုန်လုံး ပြည့်ကျပ်နေပြီ ပုံဂံဟိုတယ် ဘိုကင်တစ်လုံးမှမရတော့ဘူး ' ရွှေပင့်ကူဘုရားဖူးလုပ်ငန်း မှကိုမျိုးမင်းလတ်
Yangon_Times/NN
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
တညင်းကုန်းဈေးရှိ ဈေးသည်များကို လုပ်ငန်းတိုးချဲ့ နိုင်ဖို့ MSME ချေးငွေ ထုတ်ချေးပေးမည်
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ တညင်းကုန်းလက်ကားဈေးကြီးမှာ ဈေးရောင်းချနေတဲ့ သူတွေကို လုပ်ငန်းတိုးချဲ့နိုင်ဖို့အတွက် မြန်မာနိုင်ငံအသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ချေးငွေ ထုတ်ချေးပေးမှာ ဖြစ်တယ်လို့ Myanmar Agro Exchang Public .Ltd မှ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 19 October 2023
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ဗုဒ္ဓဟူးနေ့မှာ အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။
ထိုဆုံးဖြတ်ဖြေရှင်းချက်မှာ ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာကူညီမှုများ ရရှိနိုင်ရေးအတွက် အစ္စရေးလ်နဲ့ ပါလက်စ်တိုင်း ဟားမတ်စ်စစ်သွေးကြွတို့ရဲ့ ပဋိပက္ခ ယာယီရပ်ဆိုင်းပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။
ဂါဇာသို့ ကူညီထောက်ပံ့ရေးမှာ အမေရိကန်က ကြားဝင်ဖို့ ကြိုးပမ်းနေတာကြောင့် ဘရာဇီးလ်မှ အကြံပြုတင်သွင်းတဲ့ အဆိုပြုချက်ကို မဲဆန္ဒပေးဖို့ရာ နောက်ဆုံးနှစ်ရက်အတွင်း နှစ်ကြိမ်တိုင် ကြန့်ကြာခဲ့ပါတယ်။
ဆုံးဖြတ်ချက်မူကြမ်းကို ၁၂ နိုင်ငံက သဘောတူမဲပေးခဲ့ပြီး ရုရှားနဲ့ ဗြိတိန်တို့က ကြားနေမဲပေးခဲ့ပါတယ်။
သံတမန်ရေးရာမှာ အထူးကြိုးပမ်း လုပ်ကိုင်နေရပြီး ထိုသံတမန်ရေး ဖြစ်မြောက်ဖို့လိုအပ်တယ်လို့ ယုံကြည်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ၁၅ နိုင်ငံ မဲဆန္ဒပေးအပြီးမှာ ပြောကြားခဲ့ပါတယ်။
‘’ဆုံးဖြတ်ဖြေရှင်းချက်တွေက အရေးကြီးတာ မှန်ပါတယ်။ ကောင်စီအနေနဲ့ တစ်ခုခုလုပ်ရမှာ မှန်ပါတယ်။
ဒါပေမဲ့ မြေပြင်က တကယ့်အခြေအနေတွေအတိုင်း ဆောင်ရွက်ဖို့နဲ့ သံတမန်ရေးရာ တိုက်ရိုက်အားထုတ်မှုတွေကို ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ လူ့အသက်တွေကို ကယ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။
ကောင်စီအနေနဲ့ မှန်ကန်အောင် ဆောင်ရွက်ဖို့ လိုပါတယ်’’ လို့ ပြောကြားသွားပါတယ်။
အမေရိကန်ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်ချက်တွေကနေ ယင်းရဲ့မဟာမိတ် အစ္စရေးလ်ကို ထုံးစံအတိုင်း ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေ လွှတ်ပေးရေးနဲ့ ဂါဇာသို့ လူသားချင်းစာနာကူညီမှုများ ရရှိရေးတို့အတွက် ချက်ချင်းအပစ်အခတ် ရပ်စဲပေးဖို့ ကုလထွေချုပ် အန်တိုနီယိုဂူတာရက်စ်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
ပဋိပက္ခနဲ့ ပတ်သက်ပြီး အရေးပေါ်ဆွေးနွေးရန် ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပရန် ရုရှားက တောင်းဆိုထားပါတယ်။
ထိုညီလာခံမှာ မည်သည့်နိုင်ငံမျှ ဗီတိုအာဏာသုံးခွင့်မရှိဘဲ အဆိုပြုမူကြမ်းကို မဲဆန္ဒပေးနိုင်မှာ ဖြစ်ပါတယ်။
စစ်ပွဲပဋိပက္ခ ပိုမိုကျယ်ပြန့်လာနိုင်ခြေ အလွန်များနေတယ်လို့ ကုလသမဂ္ဂ အရှေ့အလယ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းရေး သံတမန် တော်ဝင်နက်စ်လန်က ကောင်စီထံ ပြောပြသွားပါတယ်။
ဆုံးဖြတ်ချက်မူကြမ်းက အစ္စရေးလ်တို့ရဲ့ ကိုယ်ပိုင်ကာကွယ်ခွင့်အကြောင်း မဖော်ပြထားတဲ့အတွက် အမေရိကန်က စိတ်ပျက်မိကြောင်း သောမတ်စ်ဂရင်းဖီးလ်က ဆိုလိုက်ကာ ဂါဇာမှာ ပြည်သူများအကြပ်အတည်း ဖြစ်ရခြင်းအတွက် ဟားမတ်စ်တို့ကို အပြစ်တင်လိုက်ပါတယ်။
ဂါဇာမှ ဒုက္ခသည်အကြပ်အတည်း ဖြေရှင်းပေးရန် အစ္စရေးလ်၊ အိမ်နီးချင်းနိုင်ငံများ၊ ကုလသမဂ္ဂ၊ မိတ်ဖက်နိုင်ငံများနဲ့ အတူလုပ်ဆောင်နေကြောင်း၊ ဂါဇာသို့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ရေ၊ လောင်စာများ အမြန်ဆုံးရောက်ရှိရန် လိုအပ်ကြောင်း၊ ဟားမတ်စ်တွေ ကိုယ်တိုင်ကြောင့်ပဲ ဒီပြဿနာများ ဖြစ်လာတာဖြစ်ကြောင်း ပြောပြသွားပါတယ်။
အစ္စရေးလ်တို့ဟာ ဂါဇာကို လုံးဝဝန်းရံထားပြီး ပစ်ခတ်တိုက်ခိုက်နေကာ ဟားမတ်စ်တို့ကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ အခိုင်အမာဆိုထားပါတယ်။
Source: Reuters
Yangon_Times
#World_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 19 October 2023
ပဲခူးတိုင်းအတွင်းကျေးရွာနှစ်ရွာမှ ရေဘေးသင့်ပြည်သူများကို မြန်မာကျဲကျန်းတရုတ်ကုန်သည်ကြီးများအသင်းမှ ငွေကျပ်သိန်း (၂၁ဝ)တန်ဖိုးရှိ ဆန်အိတ်၊ဆီ၊ရေသန့်၊ခေါက်ဆွဲခြောက်စသည့်စားနပ်ရိက္ခာများသွားရောက်လှူဒါန်း ခဲ့ကြောင်းသိရသည်။
မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်း၏ စီစဉ်မှုဖြင့် ပဲခူးမြို့နယ်အတွင်းရှိ ရှမ်းရွာကြီးကျေးရွာမှ အိမ်ထောင်စု (၃၅၀)နှင့် ပေပင်ချောင်ကျေးရွာမှအိမ်ထောင်စု(၁၅၀)မှ ရေဘေး သင့်ပြည်သူများအားမြန်မာကျဲကျန်းတရုတ်ကုန် သည်ကြီးများအသင်းဥက္ကဌ Mr.Tu Guodingနှင့်အဖွဲ့ဝင်များက ငွေကျပ်သိန်း (၂၁ဝ) တန်ဖိုးရှိ ဆန်၊ဆီ၊ရေသန့် ၊ခေါက်ဆွဲခြောက်တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံပေးအပ်လှူဒါန်းခဲ့ကြသည်။
ယင်းအလှူပစ္စည်းများကို မြန်မာ-တရုတ်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြန်မာကျဲကျန်းတရုတ်စီးပွားရေး လုပ်ငန်းရှင်ကြီးများကိုယ်တိုင် ရှမ်းရွာကြီးကျေးရွာမှ အိမ်ထောင်စု (၃၅၀)နှင့် ပေပင်ချောင်ကျေးရွာမှအိမ်ထောင်စု (၁၅၀)မှ ကျေးရွာနေပြည်သူများကိုတစ်အိမ်ထောင်စုလျှင် ဆန်(၅)ပြည်၊မြေပဲဆီ(၁.၈)လီတာ၊ရေသန့်ဗူးတစ်ဗူး၊ ခေါက်ဆွဲခြောက်(၁၀)ထုတ်များအရောက်သွားရောက်လှုဒါန်းခဲ့ကြကြောင်းသိရသည်။
Yangon-Times/tthl
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 19 October 2023
ယခုနှစ် (၉)လအတွင်း YBS ယာဉ်လိုင်းများ စည်းကမ်းဖောက်ဖျက် မှု အမှုပေါင်း ၁၇၅၄၅ မှုရှိခဲ့ကြောင်း YRTC က သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ထိ ၉လအတွင်းစည်းကမ်းဖောက်ဖျက်မှုများကို အရေးယူမှုပြု လုပ်ရာတွင် မှတ်သားဖမ်းဆီးမှုဖြင့် အမှု ၁၂၁၇၈ မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် Control Centre မှ cctv ဖြင့် မှတ်သားဖမ်းဆီးမှု ၁၂၁၇၈ မှု၊ တိုင်ကြားမှု ၆၆၉ မှု၊ Facebook အမှု ၆ မှု၊ မီးနီဖြတ်မောင်းမှု ၁၉၃၂ မှု၊ သတ်မှတ်ကီလိုမီတာထက် ကျော်လွန်မောင်းနှင်မှု ၁၀၀၈ မှု၊ သတ်မှတ်လမ်း ကြောင်းအတိုင်း မမောင်းနှင်မှု ၈၉ မှု၊ မဆင်မခြင်မောင်းနှင်မှု ၁၆၆ မှု၊ အခြားအမှု ၇၇၅ မှု၊ ရပ်နားချိန်ကြာမြင့်မှု ၁၈၂ မှု၊ ယာဉ်တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှု ၅၃၆ မှု၊ မချေမငံပြောဆိုမှု ၄ မှု၊ စုစုပေါင်း ၁၇၅၄၅ မှုဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှုများအနက် အမှု ၈၅၁၃ မှုကို မော်တော်ယာဉ်အန္တရာယ်ကင်းရှင်းရေး ဥပဒေပုဒ်မ ၉၆ ဖြင့် အရေးယူ ထားပြီးဖြစ်ကြောင်း YRTC ၏ စာရင်းများတွင် ဖော်ပြထားသည်။
အရေးယူမှုများပြုလုပ်ရာတွင် ပထမအကြိမ်အဖြစ် ဒဏ်ငွေဆောင်ရမည်ဖြစ်ပြီး သုံးကြိမ်မြောက်ကျူးလွန်ပါက ယာဉ်လိုင်းမှ ရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon-Times/PP
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 19 October 2023
မိုခါမုန်တိုင်း ဝင်ရောက်သည့်အခါ တုံ့ပြန်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အဆင့်လိုက် ဆောင်ရွက်နိုင်ခဲ့၍ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းနှင့် နှိုင်းယှဉ်ပါက သေဆုံးမှု၊ ဆုံးရှုံးမှုများ အဆပေါင်းများစွာ လျော့နည်းခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ (၁၈) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန(၂) MICC – II ၌ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာ (၂၀၂၂) အရ ပျက်စီးဆုံးရှုံးမှုများသည့် သဘာဝဘေးကြီးများသည် ၂၀၁၅ ခုနှစ်အထိ (၁) နှစ်တွင် အကြိမ်(၄၀၀)ခန့် ဖြစ်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်သို့ရောက်ပါက (၁)နှစ်ကို အကြိမ်(၅၆၀)ခန့်အထိ တိုးလာနိုင်ကြောင်း သိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တူကီယဲနှင့် ဆီးရီးယားနယ်စပ်တွင် အင်အား ၇ ဒသမ ၈ ရစ်ချ်တာစကေးရှိသည့် ငလျင်လှုပ်ခဲ့ပြီး လူ(၅၀,၀၀၀)ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများကလည်း ကြီးမား လှကြောင်း၊ အလားတူ ဖိလစ်ပိုင်တွင် ဇူလိုင်လ က တိုင်ဖွန်းမုန်တိုင်းနှင့် ရေဘေးဖြစ်ပွား ခဲ့ကြောင်း၊ အဆိုပါမုန်တိုင်း၏အရှိန်သည် တရုတ်နိုင်ငံ Fujian (ဖီဂျန်း) ပြည်နယ်နှင့် ထိုင်ဝမ်တို့ကို တိုက်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်လည်း မေလ (၁၄) ရက်နေတွင် အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ခဲ့၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါတယ်။
ပင်လယ်ပြင်တွင် မုန်တိုင်းအစပျိုးဖြစ်စဉ်ကတည်းကပင် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်လိုအပ်တဲ့ စောင့်ကြည့်လေ့လာမှုများ လမ်းညွှန်ပေးခဲ့ပြီး ရေးဆွဲထားပြီးဖြစ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံချက်ပါအတိုင်း လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့တယ်လို့ နစကဒုတိယဥက္ကဋ္ဌက ဆိုပါတယ်။
မုန်တိုင်းလမ်းကြောင်းတွင်ရှိသည့် ပြည်သူများကို ဘေးလွတ်ရာနေရာသို့ ကြိုတင် ရွှေ့ပြောင်းပေးခဲ့ပြီး သတိပေးချက်များ၊ ဆောင်ရန် ရှောင်ရန် အချက်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနကို ဖွင့်လှစ်ခဲ့ပြီး လိုအပ်တဲ့ ကူညီကယ်ဆယ်ရေး၊ တုံ့ပြန်ရေး၊ သယ်ယူပို့ဆောင်ရေးများကို ဒေသခံအစိုးရ အဖွဲ့၊ နယ်မြေတာဝန်ခံများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
တုံ့ပြန်ရေးလုပ်ငန်းများ၊ ထောက်ပံ့ကူညီမှုများ လုပ်ဆောင်သည့်အခါတွင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အကူအညီမရသူမရှိစေရ မူဝါဒထားရှိပြီး ပူးပေါင်း ဆောင်ရွက်ခဲ့မှုများကြောင့် အချိန်တိုတွင်းတွင် မူလအခြေအနေကို အမြန်ပြန်လည် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ymg_mnn
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 19 October 2023
အီတလီလူမျိုး မော်တော်ဆိုင်ကယ်စီးသူ တစ်ဦးဟာ ဆိုင်ကယ်မှောက်ပြီး ဝှေးစေ့က နေရာလွဲသွားကာ ဝမ်းဗိုက်ထဲသို့ ရောက်ရှိပြီးနောက် အလွန်နာကျင်နေရကြောင်း BMJ Case Reports မှာ ဖော်ပြထားပါတယ်။
အဆိုပါ ရှားပါးဖြစ်စဥ်ဟာ အီတလီမှာ မော်တော်ဆိုင်ကယ် စီးနင်းလာသူတစ်ဦးက အက်ဆီးဒင့်ဖြစ်ပြီး ညာဘက်ဝှေးစေ့က နေရာလွဲသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိခိုက်မှုကြောင့် ကပ္ပါယ်အိတ်ထဲကနေ ဝှေးစေ့က ထွက်သွားပြီး ပေါင်ခြံအပေါက်ကနေ ဖြတ်သန်းကာ ဝမ်းဗိုက်ထဲ ရောက်ရှိသွားပါတယ်။
ဆေးရုံရောက်ရှိရာမှာ ကပ္ပါယ်အိတ်မှာ သွေးခဲအများအပြား ရှိနေပြီး ဆေးဝန်ထမ်းများ စစ်ဆေးရှာဖွေဖို့ ခက်ခဲနေခဲ့ပါတယ်။
သွေးကျန်တွေ ထုတ်ပစ်ပြီး သွေးရပ်တန့်စေခဲ့ပြီးနောက် အခြားဒဏ်ရာများကိုလည်း ရှာဖွေကြည့်ရာမှာ တင်းပါးရိုး ကျိုးနေတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။
ဆီးလမ်းကြောင်း ထိခိုက်မှုရှိမရှိကိုလည်း သေချာအောင် စစ်ဆေးခဲ့ကြပါတယ်။
ဓာတ်မှန်ဖြင့် စစ်ဆေးခဲ့ရာမှာ နေရာလွဲသွားတဲ့ ဝှေးစေ့ကို ဝမ်းဗိုက်ညာဘက်စွန်းမှာ တွေ့ရှိခဲ့ပါတယ်။
နေရာမှန်သို့ ပြန်မထည့်ခင်မှာ အောက်ဆီဂျင် ပြတ်လပ်နေတဲ့ဝှေးစေ့ကို နွေးအောင်ပြုလုပ်ခဲ့ပြီး အောက်သို့ပြန်ကျအောင် ကုသပေးခဲ့ပါတယ်။
၆ လအကြာမှာ နဂိုနေရာသို့ ပြန်ရောက်ရှိလာကာ ဟော်မုန်းထုတ်လုပ်မှုတွေ၊ သုတ်ရည်ထုတ်လုပ်မှုတွေ ထိခိုက်ခြင်းမရှိပေမယ့် ကပ္ပါယ်အိတ် ကျယ်လာတာမျိုးတော့ ကံဆိုးရင်ဖြစ်တတ်ပါတယ်။
မော်တော်ဆိုင်ကယ် အက်ဆီးဒင့်ကြောင့် ဝှေးစေ့နေရာလွဲသွားတဲ့ ဖြစ်ရပ်တွေထဲက ၆ ရာခိုင်နှုန်းလောက်သာ ဝမ်းဗိုက်ထဲအထိ ရောက်ရှိခဲ့ပါတယ်။
Source: New York Post
#World_Health
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published-19 October 2023
ရောင်ပြန်မပါသော တွဲကားများတွင် ရောင်ပြန်များကို ခွင့်တောင်း၍ အခမဲ့ကပ်ပေးရန်အတွက် စီစဉ်နေကြောင်း ပြည်သူ့ကယ်ဆယ်ရေး People Rescue မှ ဦးမောင်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
“ရောင်ပြန်တွေ ဝယ်မယ်။ ရောင်ပြန်မပါတဲ့ တွဲကားတွေတွေ့ရင် ခွင့်တောင်းပြီး ကပ်ပေးမယ်” ဟု ၎င်းက ရေးသားထားသည်။
ရောင်ပြန်မကပ်ထားသော တွဲကားများကို ညပိုင်းတွင်နောက်ဘက်က ဝင်တိုက် မိသည့် ဖြစ်စဉ်မျိုး မဖြစ်ပွားစေရန်အတွက် ယင်းသို့ စီစဉ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းကပရဟိတလူနာတင်ယာဉ်တစ်စီးက လမ်းဖြတ်ကူးသူအား တိမ်းရှောင်စဉ် ရောင်ပြန်မပါသည့်တွဲကားကို တို မိ၍ ပရဟိတသမား တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာ ရခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
Yangon_Times/PP
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_19 Oct 2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနယ်မြေအတွင်း Online လိမ်လည်မှုများကျူးလွန်နေသော ချန်ရန်ပန်(ခ)ပေါက် အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်တို့အား ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
အဆိုပါ နှစ်ဦး ကို ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနယ်မြေအတွင်း Online လိမ်လည်မှုများ၊ လူကိုသွေးဆောင်ဆွဲ ခေါ်မှုများ၊ လူပြန်ပေးမှုများ၊ ခြောက်လှန့်တောင်းယူမှုများကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေး ကူညီခြင်းများကို ကျူးလွန်နေခြင်းကြောင့် အောက်တိုဘာလ ၁၇ ရက် တွင် ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲ့သည့် လအတွင်းက လည်း မြန်မာနိုင်ငံရှိ “ဝ”ပြည်နယ်အတွင်း ဆက်သွယ်ရေးလိမ်လည်မှုများဖြင့် အဆိုပါ ပြစ်မှုကျူးလွန်သူ လူ ၁၂၀၇ ဦး ကို “ဝ” ပြည်နယ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲ တပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်းလည်း သိရသည်။
၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု ၁၁၉ မှုမှ တရားခံ ၇၆ ဦးနှင့် Online လောင်းကစားမှု ၅၈ မှုမှ တရားခံ ၁၃၄ ဦးတို့ကို ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း ယနေ့ အောက်တိုဘာလ ၁ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ပြုလုပ်သော (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ် ဖွဲ့နေ့ အခမ်းအနားအတွင်း က သိရသည်။
Yangon_Times/PP
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 19 October 2023
သွေးတွင်း ကိုလက်စ်ထရောလ်ပမာဏ မြင့်မားခြင်းက နှလုံးရောဂါများ ဖြစ်နိုင်ချေ များစေတယ်ဆိုတာကို လတ်တလောနှစ်တွေမှာ လူပြောများလာကြပါတယ်။
ကျန်းမာရေး စစ်ဆေးချက်ပြုလုပ်စဥ် ကိုလက်စ်ထရောလ် မြင့်မားနေတာဟာ မထူးဆန်းတော့ဘဲ အချို့လူနာတွေဟာ သူတို့ရဲ့ ကိုလက်စ်ထရောလ်နဲ့ ဆေးဝါးများအကြောင်းကို စိုးရိမ်လာကြပါတယ်။
သွေးတွင်း ကိုလက်စ်ထရောလ် မြင့်မားခြင်းဖြင့် နှလုံးရောဂါများနဲ့ လေဖြတ်ခြင်းများ ဖြစ်စေနိုင်တာဟာ အမှန်တကယ် ဖြစ်ပါတယ်။
ကိုလက်စ်ထရောလ် ပမာဏမြင့်မားပါက သွေးကြောတွေထဲမှာ အဆီခဲများ ဖြစ်ပေါ်လာပြီး ပေါက်ထွက်တဲ့အခါမှာ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
စတက်တင်ဆေးဝါးများဟာ သွေးတွင်း ကိုလက်စ်ထရောလ်ပမာဏကို လျှော့ချနိုင်တဲ့ ဆေးတွေဖြစ်ပါတယ်။
သွေးကြောတွေထဲမှာ အဆီပိတ်ခြင်းကို လျှော့ချပေးသလို နံရံတွေမှာ အဆီများ အနည်မထိုင်လာအောင် ကူညီပေးပြီး သွေးကြောပေါက်ခြင်းများ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ထိုဆေးသုံးစွဲနေရသူများက ဆေးရဲ့ဘေးထွက်ဆိုးကျိုးများအပြင် ကာလကြာရှည်စွာ သုံးစွဲဖို့ လိုအပ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။
ကိုလက်စ်ထရောလ် ဆေးတွေကြောင့် ဘေးထွက်ဆိုးကျိုး ဖြစ်တာဟာ အလွန်ရှားပါးပါတယ်။
အများဆုံးတွေ့ရတာကတော့ အစောပိုင်း ဆေးသုံးစွဲချိန်မှာ ကြွက်သားနာကျင် ကိုက်ခဲမှုဖြစ်ပြီး ဒါကလည်း အချိန်ကြာတာနဲ့အမျှ သက်သာသွားတတ်ပါတယ်။
ဆီးချိုအတွက်ဆိုရင် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း ခံစားထားရသူတွေ၊ ကိုလက်စ်ထရောလ် မြင့်မားသူတွေမှာ စတက်တင်ဆေးတွေကို သုံးစွဲလေ့ရှိပါတယ်။
စတက်တင်ဆေးတွေဟာ ဆီးချိုရောဂါကို တိုက်ရိုက်အားဖြင့် မဖြစ်စေပေမယ့် ဆီးချိုဖြစ်ချင်နေတဲ့ သူတွေမှာတော့ ရောဂါဖြစ်နိုင်ချေကို အနည်းငယ် မြင့်တက်စေနိုင်ပါတယ်။
ဒါပေမဲ့ ဒီလို ဘေးထွက်ဆိုးကျိုးလောက်က နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ချေ လျှော့ချပေးတဲ့ စတက်တင်ဆေးတွေရဲ့ ကောင်းကျိုးကိုတော့ မယှဥ်နိုင်ပါဘူး။
စတက်တင်ကို ပုံမှန်သုံးစွဲနေရင် သွေးတွင်း ကိုလက်စ်ထရောလ်ကို ထိရောက်စွာ လျှော့ချပေးနိုင်ပေမယ့် အသုံးမပြုတော့ရင် ဖြည်းဖြည်းချင်း ပြန်တက်လာနိုင်ပါတယ်။
ဒါကြောင့် ကိုလက်စ်ထရောလ် ပမာဏ ဆက်တိုက်မြင့်မားသူတွေကတော့ စတက်တင်ဆေးတွေကို ရေရှည်အသုံးပြုသွားရမှာ ဖြစ်ပါတယ်။
ကိုလက်စ်ထရောလ်များသူတွေ၊ မိသားစုထဲမှာ နှလုံးသွေးကြောရောဂါရှိသူတွေ၊ ဆေးလိပ်ပုံမှန် သောက်သူတွေဟာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးဖို့ လိုအပ်ပါတယ်။
Source: DoctorNDTV
#World_Health
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
တရုတ်သမ္မတရှီကျင့်ဖင်ရဲ့ ရေရှည်ဗျူဟာမြောက်နည်းလမ်းများ ဆုံးဖြတ်ချက်ချပုံများကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ချီးကျူးလိုက်ကာ တရုတ်သမ္မတဟာ လုပ်ရည်ကိုင်ရည်ရှိပြီး အားထားရတဲ့ မိတ်ဖက်တစ်ဦးဖြစ်တယ်လို့ သတ်မှတ်လိုက်ပါတယ်။
#World_Politics
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 711 of 1690