#Local_News
Published 2 October 2024

▪️ ရန်ကုန်-ပဲခူး-ရန်ကုန်ခရီးစဉ်အား  စပိန်နိုင်ငံမှ ဝယ်ယူထားသည့်  အဲကွန်းပါ တွဲဆိုင်းများဖြင့် ယနေ့မှစတင်၍ ပထမဆုံးစတင်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

▪️ အဆိုပါ ရန်ကုန်-ပဲခူး-ရန်ကုန်ခရီးစဉ်အား  Aircon ပါ Diesel Electric Multiple Units DEMUs တွဲဆိုင်းဖြင့် ပထမဆုံးစတင်ပြေးဆွဲမည် ဖြစ်ပြီးယင်း ရထားတွဲဆိုင်းများသည် စပိန်နိုင်ငံမှ ဝယ်ယူထားသည့်တွဲဆိုင်း (၁၁) ဆိုင်းအနက် တွဲဆိုင်း (၆) ဆိုင်းပါဝင်သည့် ရထားတွဲနှစ်တွဲဖြင့် နေ့စဉ်ရထားအဖြစ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ DEMUs တွဲဆိုင်းတွင် Aircon ပါဝင်မည်ဖြစ်ပြီး လက်မှတ်ခအနေဖြင့် ဘူတာကြီး မှ ပုစွန်တောင်၊ မလွှကုန်း၊ သဃ်န်းကျွန်း၊ တိုးကြောင်လေး၊ ရွာသာကြီး ၊ လေးဒေါင့်ကန်၊ ဒါးပိန်စသည့် ဘူတာများအထိ ၁၃၀၀ ကျပ်၊ ဘူတာကြီးမှ ကော့ချဲ ၊ ထုံးကြီး ၊ ကျောက်တန်း ၊ တာဝ၊ဘုရားသုံးဆူ ၊ ပဲခူးစသည့် ဘူတာများအထိ တစ်ဦးလျှင် ၂၅၀၀ ကျပ်ကျသင့်မည်ဖြစ်ကာ လမ်းခရီးတစ်လျှောက်ရှိ ဘူတာ(၁၂)ခု၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် DEMUsတွဲဆိုင်း၏ အမှတ်(၁၆)အစုန်ရထားသည် ပဲခူးဘူတာမှ နံနက် ၆ နာရီတွင်စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ နံနက် ၇ နာရီ ၄၀ မိနစ်၌ ဆိုက်ရောက်မည်ဖြစ်ကာအမှတ်(၁၅)အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင်စတင်ထွက်ခွာ၍ ပဲခူးဘူတာသို့ ည ၆ နာရီ ၂၅ မိနစ်၌ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ရထားတစ်စီးလျှင် ခရီးသည် ၈၃၂ဦးလိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times