#Local_News
Published 2 October 2024

▪️ ရန်ကုန်မြို့ရှိ လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး. (ကျောက်တော်ကြီး )ဘုရားတွင်  (၂၉)ကြိမ်မြောက် အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ လောကချမ်းသာအဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီးသည် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ် လျက်ရှိပြီး ဘုရားဝင်းအတွင်း၌ (၂၉)ကြိမ်မြောက် အဘိဓမ္မာခုနစ်ကျမ်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ ၈ ရက်မှ ၁၆ ရက်အထိ ကိုးရက်တိုင်တိုင်  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထိုသို့ကျင်းပရာတွင် ဆရာတော်သံဃာတော် ၂၇ ပါးတို့ကို အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ သင်္ကန်း၊ ကန်တော့ပွဲနှင့် နဝကမ္မ အလှူငွေများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး အဘိဓမ္မာခုနစ်ကျမ်းရွတ်ဖတ်ပူဇော်ပွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times