#World_News
Published 02 October 2024


▪️ အီရန်က အင်္ဂါနေ့မှာ အစ္စရေးလ်ဘက်ကို ဒုံးကျည်အနည်းဆုံး ၁၈၀ ပစ်ခတ်ခဲ့ပါတယ်။

 

▪️ ဒါဟာ လက်ဘနွန်ရှိ အီရန်ထောက်ပံ့ ဟက်ဇ်ဘိုလာစစ်သွေးကြွ အဖွဲ့ကို ပြီးခဲ့တဲ့ သီတင်းပတ်များအတွင်း အစ္စရေးလ်တိုက်ခိုက်ခဲ့တဲ့အပေါ် လက်တုန့်ပြန်တာဖြစ်တယ်လို့ အီရန်က ပြောပါတယ်။

 

▪️ အင်္ဂါနေ့အစောပိုင်းမှာပဲ အစ္စရေးလ်က လက်ဘနွန်တောင်ဘက်သို့ မြေပြင်ကျူးကျော်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

▪️ အစ္စရေးလ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟေဂါရီက ဝင်ရောက်လာတဲ့ အီရန်ဒုံးကျည်အများအပြားကို လေကြောင်းကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့ကာ အစ္စရေးလ်တောင်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာတော့ ဒုံးကျည်အနည်းငယ် ကျရောက်ခဲ့ပါတယ်။

 

▪️ ဒုံးကျည်ဖြာထွက်လာခြင်းကြောင့် လူ ၂ ဦးအနည်းငယ် ဒဏ်ရာရခဲ့ကြောင်း အစ္စရေးလ် နိုင်ငံတော် ကယ်ဆယ်ရေးဌာနက ပြောပါတယ်။



▪️ ပါလက်စ်တိုင်း ဂျယ်ရီချိုမြို့အနီးမှာတော့ ဘယ်ကမှန်းမသိတဲ့ ဒုံးကျည်တစ်ခုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ပါလက်စ်တိုင်း တာဝန်ရှိသူများ ပြောပါတယ်။

 

▪️ ယခု အီရန်တိုက်ခိုက်တဲ့အပေါ် လက်စားချေသွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက အင်္ဂါနေ့နှောင်းပိုင်းမှာ ကြုံးဝါးလိုက်ပြီး အီရန်တို့ အမှားလုပ်ခဲ့တယ်လို့ ပြောပါတယ်။

 

▪️ အင်္ဂါနေ့မှာပဲ အစ္စရေးလ်က လက်ဘနွန်တောင်ပိုင်း ရွာတွေကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လက်ဘနွန်ကလည်း အစ္စရေးလ်ဘက်သို့ ဒုံးပျံများဖြင့် ပစ်ခတ်တုန့်ပြန်ခဲ့ပါတယ်။

 

▪️ အီရန်ဘက်က ဒုံးကျည်များ မပစ်ခတ်ခင်မှာ အစ္စရေးလ်မြို့ တဲလ်အေဗစ်မှာ ပစ်ခတ်မှုတစ်ခုပစ်ပွားခဲ့ပြီး အနည်းဆုံး ၆ ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုလိုက်ကာ ပစ်ခတ်ခဲ့တဲ့ တရားခံနှစ်ဦးဟာလည်း သေဆုံးသွားခဲ့ပါတယ်။



▪️ ဟက်ဇ်ဘိုလာနဲ့ ဟားမတ်စ်တို့က အီရန်ထောက်ပံ့ပြု မဟာမိတ်တွေ ဖြစ်တာကြောင့် အစ္စရေးလ်အရေးကနေ အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုမြင့်တက်လာပြီး အီရန်နဲ့ အမေရိကန်တို့ ပါဝင်လာမှာ စိုးရိမ်းနေရပါတယ်။

 

▪️ ထိုဒေသမှာ အခြေအနေ တင်းမာမှုများကို ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့နံနက်ပိုင်းမှာ အရေးပေါ်အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားပါတယ်။

 

#Source: AP News