#World_Health
Published 02 October 2024


▪️ အဆုတ်စွမ်းဆောင်ရည်ဆိုတာဟာ အဆုတ်တွေထဲမှာ ထိန်းထားနိုင်တဲ့ စုစုပေါင်း လေပမာဏကို ဆိုလိုပါတယ်။

 

▪️ အသက်ကြီးလာတာနဲ့အမျှ အသက် ၂၅ ဝန်းကျင်နောက်ပိုင်းကစပြီး အဆုတ်စွမ်းရည်နဲ့ လုပ်ဆောင်ချက်တွေ တဖြည်းဖြည်းနဲ့ ကျဆင်းလာပါတယ်။

 

▪️ အသက်ရှူသွင်းခြင်းနဲ့ ရှူထုတ်ခြင်းတစ်ကြိမ်စီကို အသက်တစ်ကြိမ်ရှူတယ်လို့ သတ်မှတ်ပါက ပုံမှန်အားဖြင့် တစ်မိနစ်ကို ၁၂ ကြိမ်မှ ၁၅ ကြိမ်ကြား အသက်ရှူကြပါတယ်။

 

▪️ အဆုတ်ရဲ့ အရွယ်အစားနဲ့ လုပ်ဆောင်ချက်တွေဟာ အသက်အရွယ်၊ ကျား/မ၊ ခန္ဓာကိုယ်ပုံစံ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ စသဖြင့် အကြောင်းအရာတွေနဲ့ ပတ်သက်နေပြီး အရွယ်ရောက်စ အစောပိုင်းအချိန်ဟာ အဆုတ်စွမ်းဆောင်ရည် အမြင့်ဆုံးဖြစ်ပါတယ်။

 

▪️ (၁) ကျန်းမာရေး အခြေအနေများ
လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေတွေက အဆုတ်စွမ်းဆောင်ရည်ကို များစွာသက်ရောက်နေပါတယ်။

 

▪️ အဆုတ်အတင်းအလျှော့ မလုပ်နိုင်ခြင်းနဲ့ အဆုတ်နံရံ မချဲ့နိုင်တဲ့သူတွေမှာ အဆုတ်ကျဉ်းမြောင်းလက္ခဏာ ဖြစ်နိုင်ပြီး အဆုတ်ထဲ လေဝင်နိုင်တဲ့ပမာဏ လျော့နည်းစေပါတယ်။

▪️ (၂) အဝလွန်ခြင်း
အဝလွန်ခြင်း အခြေအနေက ကျန်းမာရေး ဆိုးကျိုးအများအပြား ဖြစ်စေနိုင်ပါတယ်။
အဆုတ်ကျဉ်းမြောင်း လက္ခဏာပုံစံမျိုး ဖြစ်နိုင်ကာ ကိုယ်အလေးချိန် လျှော့ချခြင်းဖြင့် အဆုတ်ထဲလေပမာဏ လျော့နည်းခြင်းကို သက်သာစေနိုင်ပါတယ်။

 

▪️ (၃) ကျား/မနှင့်အဝလွန်ခြင်း
အမျိုးသားတွေနဲ့ အမျိုးသားတွေကြား ကိုယ်ခန္ဓာ အလယ်ပိုင်းနဲ့ အစွန်အဖျားတွေမှာ အဆီဖြစ်ပေါ်မှု ကွဲပြားတာကြောင့် အဝလွန်ခြင်းကနေ အဆုတ်ထဲလေပမာဏ လျော့နည်းခြင်းက အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။

 

▪️ ရင်ဘတ်ရှိ အေဒီပို့စ်တစ်ရှူးများ ထူထပ်လာခြင်းက အဆုတ်အတင်းအလျှော့ မလုပ်နိုင်ခြင်းဖြစ်စေကာ ဝမ်းဗိုက်မှာ အေဒီပို့စ်တစ်ရှူးများ များလာခြင်းကတော့ အသက်ရှူသွင်းစဉ် အဖွင့်အပိတ်ကြွက်သား လှုပ်ရှားမှုကို လျော့နည်းစေပါတယ်။

 

▪️ (၄) အသက်ကြီးလာခြင်း
အသက်ကြီးလာတာနဲ့အမျှ သဘာဝပြောင်းလဲမှုများကြောင့် အဆုတ်စွမ်းရည် လျော့ကျလာပါတယ်။

 

▪️ အသက်ရှူလမ်းကြောင်းများ ကျဉ်းမြောင်းလာကာ နံရိုးကြားရှိ အရိုးများ နေရာပြောင်းလာခြင်းကြောင့် အဆုတ်ချဲ့ထွင်ဖို့ နေရာလွတ် နည်းပါးလာပါတယ်။

 

▪️ (၅) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်စွမ်းရည် လျော့ကျခြင်း၊ အဆုတ်ကင်ဆာ၊ အဆုတ်ရောင်ရောင်ဂါများ ဖြစ်စေပြီး အသက်ရှူရ ခက်ခဲစေပါတယ်။

 

▪️ အဆုတ်ဖောရောင်စေပြီး အဆုတ်တစ်ရှူးများ ပျက်စီးစေကာ ကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။

 

▪️ (၆) လေထုညစ်ညမ်းခြင်း
နေအိမ်နဲ့ အလုပ်ခွင်တို့မှ လေထုညစ်ညမ်းစေတဲ့ အရာများနဲ့ ဆေးလိပ်ငွေ့များက အဆုတ်ကို ထိခိုက်စေပါတယ်။

 

▪️ အိမ်တွင်း လေထုအခြေအနေကို ဆန်းစစ်သင့်ပြီး လေထုကောင်းမွန်အောင် ပြုလုပ်ရပါမယ်။

 

#Source: DoctorNDTV