၁ အောက်တိုဘာ ၂၀၂၄

နိုဘယ်ဆုရှင် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာဟာ ယနေ့ အောက်တိုဘာ ၁ ရက်မှာ အသက်၁၀၀ ပြည့်ပြီဖြစ်လို့ သူ့ရဲ့ ရာပြည့်မွေးနေ့ကို အမေရိကန်အိမ်ဖြူတော်နှင့် သူ့မွေးရပ်မြေအပါအဝင် အမေရိကန်နိုင်ငံမှာ ဆင်ယင်ကျင်းပလျက်ရှိပါတယ်။

သူဟာ အမေရိကန်သမ္မတဟောင်းတွေထဲမှာ အသက်အရှည်ဆုံးနေထိုင်တဲ့ သမ္မတဖြစ်ပါတယ်။

၁၉၉၇ခုနှစ်မှ ၁၉၈၁ခုနှစ်အထိ သမ္မတသက်တမ်း တစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒီမိုကရက်သမ္မတ ကာတာဟာ ၂၀၀၂ခုနှစ်မှာ သူ့ရဲ့ လူ့အခွင့်အရေးနှေင့် ဆင်းရဲမွဲတေမှုပပျောက်ရေးဆောင်ရွက်ခဲ့မှုတွေ ကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့ပါတယ်။ သူနှင့်သူ့ဇနီးရိုစလင်းကာတာတို့ဟာ ကာတာဖောင်ဒေးရှင်း ကိုလည်း အတူတကွထူထောင်ခဲ့ကြပါတယ်။

သူတို့ဟာ အိမ်ထောင်သက် ၇၇နှစ်ကြာ အတူနေထိုင်လာခဲ့ပြီးနောက်ရိုစလင်းကာတာဟာ ၂၀၂၃ခုနှစ် နိုဝင်ဘာလမှာ ကွယ်လွန်ခဲ့ပါတယ်။သမ္မတဟောင်းကာတာကို သူ့ဇနီးရဲ့ အသုဘမှာ အများပြည်သူတို့ နောက်ဆုံးတွေ့ခဲ့ရပါတယ်။ အဲဒီတုန်းက သူဟာ ဘီးတပ်ကုလားထိုင်ကိုအသုံးပြုနေရပြီး အားနည်းနေပုံံ ရပါတယ်။

သူဟာ ကင်ဆာရောဂါအပါအဝင် အခြားသောကျန်းမာရေးပြဿနာများရှိနေပြီး ဆေးကုသတာကိုရပ်ပြီး နာတာရှည်စောင့်ရှောက်ရေးဂေဟာသွားရောက်ဖို့ ၂၀၂၃ ဖေဖော်ဝါရီလမှာ ဆုံးဖြတ်ခဲ့ပါတယ်။

@Reuters/Agencies