#Local_News
Published_ 1 April 2024
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)အနေဖြင့် နှစ်သစ်ဦးအလှူအဖြစ် ထမင်းနှင့်ဟင်းများကို စတုဒိသာအလှူအဖြစ်လှူဒါန်းကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။
အသင်းအနေဖြင့် ယခုလှူဒါန်းမှုမှာ (၁၁)ကြိမ်မြောက် အလှူတော်ဖြစ်ပြီး ထမင်းဖြူဖြူ၊ဆိတ် သားနှပ်၊ပဲဟင်း၊ ခရမ်းချဥ်ပါချတီတို့ကို အဝစားရအောင် ဧည့်ခံကျွေးမွေးလှူဒါန်းမည်ဟုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ နှစ်သစ်ဦးအလှူအဖြစ် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းကို ဧပြီလ(၂)ရက်နေ့ ပန်းပဲတန်းမြို့နယ်၊ရွှေဘုံသာ အောက်လမ်း၊အမှတ်(၄၂/၅၀)ပထမထပ်၌ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပြီး လူမျိုး၊ဘာသာမရွေးလာရောက် သုံးဆောင်နိုင်ကြောင်း သိရသည်။
#Local_News #ရန်ကုန်တိုင်းရွှေအသင်း #နှစ်သစ်ဦးအလှူစတုဒိသာကျွေး #tthl #Yangon_Times
ထိုင်းသင်္ကြန်နဲ့ ပြည်ပကို သွားရောက်မယ့်သူတွေများပြားနေတယ်။ ဧပြီလထဲမှာ ထိုင်း-မြန်မာလေယာဉ်လက်မှတ်တွေ ဘိုကင်အကုန်အပြည့်ဖြစ်နေသလို စင်ကာပူ၊ ကိုရီးယား၊ ဂျပန်သွားမယ့်သူတွေလည်းများပြားနေတယ်။
#Local_News
Published_ 1 April 2024
#ထိုင်းသင်္ကြန် #လေယာဉ်လက်မှတ်များပြည့်နေ
#tthl #Yangon_Times
ကျင်သီတံတားအနီးမှာ ယာယီတံတားဆောက်လုပ်ပြီးစီးကာ စတင်ဖြတ်သန်းနိုင်ပြီဖြစ်တဲ့အတွက် ဒေသခံတွေ သွားလာရေးပြန်လည်အဆင်ပြေနေပါပြီ ဒါပေမယ့် သစ်သားတံတားဖြစ်တဲ့ မိုးတွင်းကျရင်တော့ ချောင်းက ရေစီးသန်ပြီး တောင်ကျရေများရင် တံတားရဲ့ ကြံ့ခိုင်မှုကိုတော့ စိုးရိမ်စရာရှိတယ် ဟု ဒေသခံတစ်ဦးကပြောသည်။
#Local_News
Published_ 1 April 2024
#ယာယီတံတားဆောက်လုပ်ပြီးစီး #ကျင်သီတံတားအနီး
#YMG/LW #Yangon_Times
#Local_News
Published 1 April 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်း ကျပ်သိန်း ပေါင်းလေးသိန်းကျော် နှင့် ကန် ဒေါ်လာ ၄ သန်းကျော်ပမာဏရှိသည့် ဟိုတယ်လုပ်ငန်းများအားခွင့်ပြုပေးထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂ဝ၂၄) ကြိမ်မြောက် အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီသည် ဟိုတယ်လုပ်ငန်းလိုင်စင်လေးခု၊ ဟိုတယ်တည်ဆောက်ခွင့်တစ်ခု၊ စုစုပေါင်းအခန်း (၄၅၂) ခန်းတို့ကို အတည်ပြုပေးခဲ့ပြီး ဟိုတယ်လုပ်ငန်းအတွက်ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းမှာ ကျပ်သိန်း (၂၀၇, ၄၂၅ ဒသမ ၃၉) နှင့် အမေရိကန် ဒေါ်လာ (၄ ဒသမ ၆၃၀) သန်းဖြစ်ကြောင်း သိရသည်။
ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်တွင်း/ ပြည်ပ) (၆၄)ခု၊ ခရီးလှည့်လည်ရေးလုပ် ငန်းလိုင်စင်(ပြည်ပ)(၄၂)ခု၊ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် (၂၁)ခုနှင့် ပြည်တွင်းဘုရားဖူး ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ်(၂၂) ခုတို့ကို အတည်ပြုပေးခဲ့ရာ အတည်ပြုပေးခဲ့သော လုပ်ငန်း လိုင်စင်အားလုံးသည်ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ဟိုတယ်လုပ်ငန်း တွင်(၁၃၉) ဦး၊ ခရီးလှည့်လည် ရေးလုပ်ငန်းတွင်(၂၉၈)ဦး၊စုစု ပေါင်း(၄၃၇)ဦးအတွက်အလုပ် အကိုင် အခွင့်လမ်းများ ဖန်တီး ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအနေဖြင့် (၂/၂၀၂၃) တွင်ဘဏ်လုပ်ငန်းလိုင်စင် ခြောက်ခု၊ ဟိုတယ်တည် ဆောက် ခွင့် တစ်ခု ၊ တည်းခိုရိပ်သာလုပ် ငန်းလိုင်စင် နှစ်ခု၊ တည်းခိုရိပ်သာ တည်ဆောက်ခွင့်တစ်ခု စုစုပေါင်း အခန်း (၄၇၄) ခန်းတို့ ကို အတည်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဖြစ်သော ဟိုတယ်လုပ်ငန်းအတွက် ခွင့်ပြု မတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းကျပ်သိန်း (၂၃၁,၁၁၀) ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း(၁၈၉)ဦးသာ ခွင့်ပြုပေးနိုင်ခဲ့သဖြင့် (၁/၂၀၂၄) ကြိမ်မြောက်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းတွင် ပိုမိုခွင့်ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။
#Local_News #ဟိုတယ်လုပ်ငန်းများအားခွင့်ပြု #ရင်းနှီးငွေပမာဏ #YMG/ NN #Yangon-Times
'လက်ရှိကျိုက်မရောမြို့နယ်က ကျေးရွာတွေကတိုက်ပွဲရှောင်တွေဟာ မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ ရတနာဘုံပျံကျောင်းအပါအဝင်ဘုန်းကြီးကျောင်း ၁၈ ကျောင်းမှာ တစ်ထောင်ကျော်နဲ့ ချောင်းဆုံမြို့ပေါ်မှာ လူဦးရေ ၄၀၀ကျော်အထိ တိုက်ပွဲရှောင်နေကြတာဖြစ်ပြီး ဘုန်းကြီးကျောင်းတွေက ချက်ကျွေးနေရတာကြောင့် စားနပ်ရိက္ခာနဲ့ရေလိုအပ်ချက်တွေ ရှိနေပါတယ်'
#Local_News
Published_ 1 April 2024
#စစ်ဘေးရှောင် #စားနပ်ရိက္ခာနှင့်ရေလိုအပ်နေ
#YMG/NN #Yangon_Times
ထူးခြားမှုအနေနဲ့ မော်လမြိုင်၊ ကော့သောင်း၊ ထားဝယ်နဲ့ မအူပင်တို့မှာ နှစ်(၇၀)ကျော်ကာလအတွင်း နေ့အပူချိန် အပူဆုံးအဖြစ် အမြင့်ဆုံးအပူချိန်စံချိန်သစ်တွေတင်သွားခဲ့တယ်။ ဒေသ (၁၂)ခု ဧပြီလ ပျမ်းမျှအပူချိန်ရဲ့ ၁.၅ ဒီဂရီဆဲလ်စီးယပ်နဲ့အထက် ပိုနိုင်တယ်။
#Local_News
Published_ 1 April 2024
#အယ်နီညို #ဒေသ(၁၂)ခုပုံမှန်ထက်ပိုပူ
#tthl #Yangon_Times
သင်္ကြန်ကာလအတွက် ကြိုတင်ဝယ်ယူတာတွေကြောင့် ယခင်ကဈေးကျခဲ့တဲ့ ကြက်သွန်ဖြူဈေးကွက်ဟာ ဈေးပြန်ကောင်းလာတယ် ယခင်ရက်တွေထက် တစ်ပိဿာကို ကျပ် ၁၀၀၀ မှ ၁၅၀၀ခန့် ဈေးမြင့်လာတက်တယ်လို့ အောင်ပန်းကုန်စည်အမျိုးမျိုးရောင်းဝယ်ရေးမှ တာဝန်ရှိသူက ပြောပါတယ်။
#Local_News
Published_ 1 April 2024
#ကြက်သွန်ဖြူဈေးမြင့်တက် #အောင်ပန်းကုန်စည်အမျိုးမျိုးရောင်းဝယ်ရေး
#YMG/LW #Yangon_Times
#Local_News
Published 1 April 2024
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၌မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးသည့် စံကွက်ရိပ်သိမ်းခြင်းမှ ရာနှုန်းပြည့်ကျော် ထွက်ရှိသဖြင့် မိုးရာသီတွင်လည်း Seeder ဖြင့်သာ စိုက်ပျိုးကြရန် တောင်သူများအား အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွမ်းခြံကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကွမ်းခြံကုန်းမြို့နယ် ဝါးကောက်တောကျေးရွာ တောင်သူဦးခင်မောင်အေး၏ စံကွက်သုံးဧက တွင် ရက်(၉၀) စပါးကို လွန်ခဲ့သော သုံးလခန့်ကမျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် စိုက်ပျိုး ခဲ့ရာ စံကွက်စိုက်ပျိုး သူ တောင်သူ ဦးခင်မောင်အေး ၏ စံကွက်၌ ယခင်ကြဲပက်စိုက်ပျိုးစဉ်က တစ်ဧကအထွက်နှုန်း ၇၀ / ၈၀ သာရှိရာ ယခု Seeder ဖြင့် စိုက်ပျိုးခြင်းကြောင့် တစ်ဧက အထွက်နှုန်း ၁၂၃ ဒသမ ၀၄ ထွက်ရှိကြောင်းသိရသည်။
ထို့အပြင်ကွမ်းခြံကုန်းမြို့နယ်တွင် နွေစပါး ၁၇၇၇၃ ဧကလျာထား သော်လည်း ၂၁၃၀၅ ဧက စိုက်ပျိုးနိုင်ခဲ့၍ လျာထားချက် ထက်ကျော်လွန်ခဲ့ကြောင်းနှင့် မိုးရာသီတွင် Seeder ဖြင့် စိုက်ပျိုးကြရန် တောင်သူများအား အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွမ်းခြံကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက ပြောသည်။
၎င်းအပြင် မိုးစပါးရာသီတွင်လည်း Seeder ဖြင့်စိုက် ပျိုးကြရန်၊မိရိုးဖလာကောက် စိုက်သမဖြင့်စိုက်ခြင်း၊ ကြဲပက် စိုက်ပျိုးခြင်းများသည်အလေ့အလွင့်နှင့်ဆုံးရှုံးမှုများရှိခြင်း၊ အချိန်ကုန်ခြင်း၊ ငွေကြေးကုန်ကျမှုများခြင်းများရှိ၍ Seeder ဖြင့်သာစိုက်ပျိုးကြရန်နှင့် Seeder ဖြင့်စိုက်ခြင်းကြောင့် အထွက်နှုန်းတိုးခြင်းနှင့် အလေ့အလွင့်ဆုံးရှုံးမှုများနည်းပါးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိနိုင်ကြောင်း သိရသည်။
#Local_News #မျိုးစေ့ချကိရိယာ(Seeder) #အသိပညာပေး #YMG/NN #Yangon-Times
#Local_News
#Published_1 April 2024
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် အာဖဂန်နစ္စတန် ဖူဆယ် အသင်းတို့၏International Futsal Friendly Matches ပွဲစဉ်ကို မတ်လ(၃၀)ရက် နှင့် (၃၁)ရက်တွင်ယှဉ်ပြိင်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှသိရသည်။
မတ်လ(၃၀)ရက်မြန်မာ-အာဖဂန်နစ္စတန်ဖူဆယ်ပွဲ တွင် မြန်မာမှ၆ဂိုးတစ်ဂိုးနဲ့ရှုံးခဲ့ပြီး မတ်လ(၃၁)ရက်တွင်၄ဂိုး၂ဂိုးဖြင့်ဒုတိယပွဲ၌အနိုင်ရရှိကာတစ်ပွဲနိုင်တစ်ပွဲရှုံးရလဒ်ရခဲ့သည်။
မြန်မာ-အာဖဂန်နစ္စတန်ဖူဆယ်ပွဲကို မတ်လ ၃၀ နှင့် ၃၁ ရက်၊ ညနေ ၃:၀၀ နာရီ၌ အမျိုးသား အားကစား ပြိုင်ပွဲရုံ - ၁ (သုဝဏ္ဏ) (N.I.S -1)၌ ကျင်းပသွားခဲ့သည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲဝင်ရန်ရှိပြီး ပြိုင်ပွဲမဝင်ခင်အာဖဂန်နစ္စတန်နှင့်ရန်ကုန်တွင် ခြေစမ်းပွဲကန်ပြီး ထိုင်း၌ ကူဝိတ်၊ ကာဂျစ်စတန်အသင်းတွေနှင့် ခြေစမ်းပွဲတွေကန်မည်ဖြစ်ပြီး AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင်အိမ်ရှင်ထိုင်းအသင်း၊ ဗီယက်နမ် အသင်း၊ တရုတ်အသင်းတို့နှင့် ယှဉ်ပြိုင်ရမှာဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာ-အာဖဂန်နစ္စတန်ပွဲ၄ဂိုး၂ဂိုး #ထိုင်း၌ခြေစမ်းပွဲများဆက်ကန် #tthl #Yangon_Times
#Local_News
Published_ 1 April 2024
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတိုးတက်ရေး၊ တရုတ်နိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာစေရေး အဓိကထားဆောင်ရွက်နိုင်ဖို့ ကူမင်းမြို့၌ မြန်မာကုန်သွယ်ရေးစင်တာကို မတ် ၃၁ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
ကုန်သွယ်မှုစင်တာကို ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ကွမ်းတုရပ်ကွက်၊ China (Yunnan) Pilot Free Trade Zone ၌ မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) (Myanmar Trade Center, Kunming) ကို ဖွင့်လှစ်တာ ဖြစ်ပါတယ်။
မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) သည် မြန်မာနိုင်ငံမှ AJ Myanmar Co., Ltd နှင့် တရုတ်နိုင်ငံမှ Kunming Aosidi International Trade Co., Ltd တို့ ပူပေါင်းဖွင့်လှစ် ဆောင်ရွက်ခြင်းဖြစ်ပြီး စင်တာအနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖလှယ်ရေး လုပ်ငန်းများကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။
အဆိုပါစင်တာ၌ မြန်မာ့ထုတ်ကုန်များကို မိတ်ဆက်ပြသခြင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းများကို မိတ်ဆက်ပြသ၍ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံမှ ချမှတ်ထားသော မူဝါဒများနှင့်အညီ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရေး ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။
ကုန်သွယ်ရေးစင်တာဖွင့်ပွဲသို့ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့် စီးပွားရေးသံမှူး ဦးလျန်ရှန်းမုန်၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ယူနန်ပြည်နယ် စီးပွားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Tang Wai၊ ယူနန်ပြည်နယ် ကူမင်းမြို့ပြည်သူ့အစိုးရမှ ဒုတိယမြို့တော်ဝန်၊ ကွမ်တု ပြည်သူ့အစိုးရမှ ညွှန်ကြားရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ တရုတ် အစိုးရကိုယ်စားလှယ် များ၊ ကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။




#Local_News #တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု #မြန်မာကုန်သွယ်ရေးစင်တာဖွင့်လှစ် #Ymg_mnn #Yangon_Media_Group
#Local_News
Published 1 April 2024
ထိုင်းနိုင်ငံ၊ လရောင်ခရိုင်၊ Pluak Daeng မြို့ရှိ Sin Ker Yuan Co., Ltd သံမဏိစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင် တွင် ကရိန်းပြိုကျမှုကြောင့် ေ-သဆုံးခဲ့သည့် မြန်မာအလုပ်သမား ၆ ဦးအတွက် ထိုင်းနိုင်ငံလူမှုဖူလုံရေး ခံစားခွင့် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များရရှိစေရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးက မတ်လ ၃၁ ရက်က ထုတ်ပြန်ကြေညာသည်။
မတ်လ ၂၉ရက် ညနေပိုင်း ၄နာရီခွဲခန့်က Sin Ker Yuan Co., Ltd သံမဏိစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်တွင် ကရိန်းပြိုကျမှုကြောင့် မြန်မာနိုင်ငံသား ၆ဦးနှင့် တရုတ် နိုင်ငံသား ၁ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသား များထိခိုက်သေဆုံးကြောင်း သတင်းအရ သက်ဆိုင်ရာနယ်မြေရှိ အုပ်ချုပ်ရေးမှုးအဖွဲ့များ နယ်မြေအလုပ်အကိုင်ဌာန DOE နှင့် အာဏာပိုင်အဖွဲ့များ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီး မတ်လ ၃၀ရက်က အလုပ်သမားသံမှူးနှင့်အဖွဲ့ဟာ မြန်မာနိုင်ငံသား (၆) ဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး သေဆုံးသူများ၏ မိသားစုဝင်များနှင့်တွေ့ဆုံခြင်း၊ သက်ဆိုင်ရာပြည်နယ်အုပ်ချုပ်ရေးမှူး၊ နယ်မြေအလုပ်အကိုင်ဌာန (DoE)နှင့် အာဏာပိုင်အဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်သေဆုံးသူအလုပ်သမားတစ်ဦးစီအတွက် ထိုင်းနိုင်ငံ၊ လူမှုဖူလုံရေးခံစားခွင့် ဥပဒေနှင့်အညီ အကျိုးခံစား ခွင့်ရရှိစေရေး ကူညီဆောင်ရွက်ပေးသွားဖို့ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။


#Local_News #ကရိန်းပြိုကျမှုကြောင့်ေ-သဆုံး #လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်ရရှိ #YMG/LW #Yangon_Times
#World_News
Published 01 April 2024
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တရားဝင်စီးနင်းတဲ့ Air Force One လေယာဥ်ပေါ်မှ ပစ္စည်းများကို ထပ်မံခိုးယူတာမျိုး မပြုလုပ်ရန် အိမ်ဖြူတော်က သတင်းထောက်များကို အသိပေးမှာကြားလိုက်ပါတယ်။
ပစ္စည်းခိုးယူမှုအကြောင်းကို အိမ်ဖြူတော်စာနယ်ဇင်း အဖွဲ့အစည်းမှ အသေးစိတ်စုံစမ်းခဲ့ရတာဟာ အမေရိကန်မြို့တော်မှာ မတ်လ ၂၆ ရက်နေ့က ဂယက်ရိုက်သွားခဲ့ပါတယ်။
သတင်းထောက်အချို့ဟာ Air Force One အမှတ်အသားပါတဲ့ ဝီစကီခွက်တွေ၊ ဝိုင်ခွက်တွေကစလို့ အခြားသောပစ္စည်းများကို လေယာဥ်ပေါ်မှ မဆင်းမီ တိတ်တိတ်လေး ယူဆောင်သွားကြတယ်လို့ Politico သတင်းစာက ဖော်ပြထားပါတယ်။
သတင်းထောက်အခန်းမှ အမှတ်တရအဖြစ် သတင်းထောက်တွေ ခိုးယူသွားတဲ့ ပစ္စည်းတွေ ပျောက်ဆုံးနေတာကို မသိဘဲမနေဘူးလို့ အိမ်ဖြူတော် သတင်းထောက်အဖွဲ့အစည်းက အဖွဲ့ဝင်သတင်းထောက်များကို အီးမေးလ်မှ အသေအချာ သတိပေးခဲ့ပါတယ်။
အမေရိကန်သမ္မတက ဘိုးအင်းလေယာဥ်ဖြင့် တရားဝင်ကိစ္စများအတွက် အပြင်သွားရောက်တဲ့အခါတိုင်း သတင်းထောက် ၁၃ ဦး လိုက်ပါကြပါတယ်။
လေယာဥ်ပေါ်မှာ သတင်းထောက်တွေရဲ့ စားသောက်စရိတ်ကို သက်ဆိုင်ရာ မီဒီယာများက အကုန်အကျ ခံပေးတာဖြစ်ပါတယ်။
သမ္မတအမှတ်အသားနဲ့ လက်မှတ်ပါတဲ့ M&M ချောကလက်ထုပ်လေးတွေကို အမှတ်တရလက်ဆောင်အဖြစ် ပေးကြပါတယ်။
Air Force One အမှတ်တံဆိပ်ပါ ပစ္စည်းများကိုတော့ အွန်လိုင်းကနေ ဝယ်ယူရရှိနိုင်ပါတယ်။
သတင်းဖော်ပြချက်အရ သတင်းထောက်တွေဟာ ထိုမျှကျေနပ်မှု မရနိုင်ဘဲ လေယာဥ်ပေါ်မှဆင်းတဲ့အခါ သူတို့ရဲ့ လက်ဆွဲအိတ်တွေထဲမှာ ပန်းကန်ပြားတွေ ဖန်ခွက်တွေ ပွတ်တိုက်တဲ့အသံတွေ ကြားရတယ်လို့လည်း သိရပါတယ်။
သတင်းထောက်တစ်ဦးဟာ အဖွဲ့အစည်းရဲ့ အပြင်းအထန် ဝေဖန်မှုကို ဂရုပြုကာ အစည်းအဝေးတစ်ခု ပြုလုပ်ပြီးနောက် ပန်းထိုးထားတဲ့ ခေါင်းအုံးစွပ်တစ်ခုကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
#World_News #အမေရိကန်သမ္မတ #လေယာဥ်ပေါ်မှပစ္စည်းများအားထပ်မံခိုးယူခြင်းမပြုရန်သတိပေး #Source: WION
Page 714 of 1929