#World_Health
Published 29 September 2024


▪️ ၂၀၅၀ အရောက်မှာ ပဋိဇီဝဆေးယဉ်ပါး ရောဂါကူးစက်မှုတွေကြောင့် လူပေါင်းသန်း ၄၀ နီးပါး သေဆုံးနိုင်တယ်လို့ The Lancet မှာ လေ့လာချက်အသစ် ဖော်ပြထားပါတယ်။

 

▪️ သုတေသီများ ဖော်ပြချက်အရ ၁၉၀၀ ခုနှစ်ကနေ ၂၀၂၁ အတွင်း ဆေးယဉ်ပါး ရောဂါကူးစက်မှုများကြောင့် နှစ်စဉ် လူတစ်သန်းကျော် သေဆုံးထားပါတယ်။

 

▪️ ဒီပမာဏက ၂၀၅၀ အရောက်မှာ ၂ သန်းနီးပါးရှိလာနိုင်ပြီး ၂၅ နှစ်ကျော်အတွင်း သန်း ၄၀ လောက် သေဆုံးနိုင်ဖွယ်ရှိပါတယ်။

 

▪️ ကမ္ဘာပေါ်မှလူပေါင်း ၃ ပုံ ၁ ပုံလောက်ဟာ သင့်လျော်တဲ့ ပဋိဇီဝဆေးဖြင့် ကုသရပါက အသက်ကယ်တင်နိုင်ဖွယ်ရှိတယ်လို့ သုတေသီများ ယူဆနေကြပါတယ်။

 

▪️ ဘက်တီးရီးယားတွေ ဆင့်ကဲပြောင်းလဲလာပြီး ဆေးယဉ်ပါးလာတဲ့အခါ ပဋိဇီဝဆေးယဉ်ပါးခြင်း ဖြစ်လာပါတယ်။

 

▪️ ဒီအခြေအနေဟာ အသံတိတ်ကပ်ဘေးတစ်မျိုး ဖြစ်လာပြီး အရေးတကြီး ဖြေရှင်းဖို့ လိုအပ်ကြောင်း သုတေသီများ ဆိုပါတယ်။

 

▪️ ဒါနဲ့ပတ်သက်ပြီး အဖွဲ့အစည်းများမှ ဘာမှမလုပ်ဆောင်ဘူးဆိုရင် မှိုရောဂါကူးစက်မှုများကြောင့် လူပေါင်း ၆ သန်းခွဲ ကူးစက်နိုင်ပြီး နှစ်စဉ် ၃.၈ သန်းခန့် သေဆုံးနိုင်တယ်လို့ နိုင်ငံတကာ သိပ္ပံပညာရှင်များအဖွဲ့က သတိပေးလိုက်ပါတယ်။

 

▪️ ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း မှိုရောဂါသတ်ဆေးတွေ ပေါ်ပေါက်ခဲ့ပေမယ့် ရောဂါပိုးမွှားတွေ တိုးများလာသလောက် မယှဉ်နိုင်ပါဘူး။

 

▪️ စားနပ်ရိက္ခာ လောက်ငှဖို့အတွက် မှိုရောဂါကာကွယ်မှုလိုအပ်ပြီး လက်ရှိနဲ့ နောက်အချိန်မှာ ထွက်ပေါ်လာနိုင်တဲ့ ဆေးယဉ်ပါးမှိုရောဂါပိုးများ ကုသနိုင်စွမ်းနဲ့ စားနပ်ရိက္ခာ လောက်ငှခြင်းကို ဘယ်လိုမျှခြေဖြစ်အောင် လုပ်မလဲဆိုတာ မေးစရာဖြစ်လာပါတယ်။

 

#Source: WION