#Local_News
Published 28 September 2024

▪️ ရန်ကုန်တိုင်း‌အတွင်းရှိ စက်မှုဇုန်များ အပါအဝင်ခရိုင်နှင့် မြို့နယ်များတွင် ယနေ့မှစတင်၍  မီးပေးချိန်အား ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

 

▪️ ထိုသို့ပြောင်းလဲရာ၌ မီးပေးချိန်အား ယနေ့မှစတင်၍ ပြောင်းလဲပြီဖြစ်သဖြင့်အုပ်စုအေကို မနက် ၅နာရီအချိန်၌  စတင်ပိတ်မည်ဖြစ်ပြီး စက်မှုဇုန်များအား မနက် ၉နာရီမှ ညနေ  ၅ နာရီ  အထိဓာတ်အားပေးမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် မနက် ၅နာရီမှ ၉ နာရီ အထိတစ်ကြိမ် အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင် ၊ မနက်၉နာရီမှ  နေ့လယ် ၁နာရီအထိ တကြိမ်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊ နေ့လယ် ၁နာရီ မှ ညနေ ၅နာရီအထိ တကြိမ်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင် ညနေ ၅နာရီ မှ ည ၉နာရီအထိ တကြိမ်အရှေ့ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင် စသဖြင့် ၄ကြိမ် အုပ်စု ချိန်းခြင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times