#Local_News
Published 28 September 2024

▪️ နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ ရေကြီး၊ရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်  မီးသတ်တပ်ဖွဲ့ဝင် ၅၀ သည် ဖိအားမြင့် မီးသတ်စက်ကြီးများဖြင့် ထွက်ခွာနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ အဆိုပါ  ရေကြီးရေလျှံမှုနှင့် ရေလွှမ်းမိုးမှု ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၏ လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ပိုမိုအားဖြည့် အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်နိုင်ရန် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့သွားရောက်ရာတွင်  ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၅၀ ဦးတို့သည် ဂျပန်နိုင်ငံထုတ် မြင်းကောင်ရေ ၆၀ ရှိ Tohatsu အမျိုးအစား (High Pressure Pump) ဖိအားမြင့်မီးသတ်စက်ကြီးများဖြင့် နေပြည်တော်သို့ စက်တင်ဘာ၂၈ ရက်နေ့၊  မနက်၁၁ နာရီ အချိန်တွင် ထွက်ခွာသွားပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုပါ တပ်ဖွဲ့ဝင်များအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times