Published_ 27 March 2024
အိန္ဒိယနိုင်ငံ၏ Holi နေ့ထူးနေ့မြတ်အခါသမယတွင် နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် Holi ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။
၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ကျရောက်သည့်Holi နေ့ထူးနေ့မြတ်အခါသမယတွင်အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် ဦးဆောင်၍ Indo-Myanmar Friendship Association သည် မြန်မာ-အိန္ဒိယ အသိုက်အဝန်းအတွင်း ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန် ချစ်ကြည်မှု၊ နားလည်မှုများ တိုးပွားခိုင်မာစေရန် ရည်ရွယ်၍ Holi ပွဲတော်အားကျင်းပခဲ့သည်ဟုဆို သည်။
အဆိုပါပွဲတော်သို့ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံးမှ သံရုံးဝန်ထမ်းများနှင့်မိသားစုဝင်များ အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်တန်းသားများ၊ နယူးဒေလီမြို့အခြေစိုက် ဘရူနိုင်းနိုင်ငံသံအမတ်ကြီး၊ ထိုင်းနိုင်ငံသံအမတ်ကြီး၊ နီပေါနိုင်ငံသံအမတ်ကြီး၊ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး၊ ကာဇက်စတန်နိုင်ငံသံအမတ်ကြီး၊ ကင်ညာနိုင်ငံသံအမတ်ကြီးနှင့်၊ အာဆီယံနိုင်ငံ များ၊ မိတ်ဖက်နိုင်ငံများမှ သံတမန်များနှင့် သံတမန်မိသားစုဝင်များ၊ ဗုဒ္ဓ၊ ဟိန္ဒူ၊ အစ္စလာမ်နှင့် ဂျိန်းဘာသာဝင် ဘာသာရေးခေါင်းဆောင်များ၊ အိန္ဒိယမိတ်ဆွေများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ Indo-Myanmar Friendship Association အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်အရ မြန်မာသံရုံးဝန်ထမ်းများနှင့် မြန်မာသင်တန်းသားများက မြန်မာအကအလှများဖြင့်လည်းကောင်း၊ အိန္ဒိယအကအဖွဲ့က အိန္ဒိယရိုးရာအကအလှများ၊ တေးသံသာများဖြင့် ဖျော်ဖြေ၍ မြန်မာနှင့် အိန္ဒိယအစားသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များက အိန္ဒိယရိုးရာ ရောင်စုံအမှုန့်များ ပက်ဖြန်း၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ရန်ကုန်မြို့တွင်လည်း Indian Association Myanmar ၏ကြီးမှူးစီစဉ်မှုဖြင့် Colour Festival Holi 2024 ပွဲတော်ကို မတ်လ(၂၄)ရက်တွင်အင်းလျားလိတ်ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊(င/က)ရပ်ကွက်၊ ပန်းရိုက်လမ်းက မီးဘေးသင့်ပြည်သူတွေမှာ အများစုမှာ အခြေခံ လူတန်းစားတွေဖြစ်တဲ့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အခက်ခဲဖြစ်နေတယ်လို့ မီးဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ သုဝဏ္ဏပရဟိတအသင်းထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မတ် လ ၃၀ နဲ့၃၁ ရက်တွေမှာ အာဖဂန်နစ္စတန် အသင်းနဲ့ ရန်ကုန်မှာ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်။ဧပြီလ ၅ ရက် ထိုင်းမှာကူဝိတ်၊ ကာဂျစ်စတန် အသင်းများနှင့် လေ့ကျင့်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်မယ်။AFC Futsal Asian Cup 2024 ပြိုင်ပွဲမှာတော့ မြန်မာဖူဆယ်အသင်းဟာ အိမ်ရှင်ထိုင်းအသင်း၊ ဗီယက်နမ် အသင်း၊ တရုတ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
'ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့ရော်ဘာဈေးရရှိတာ နည်းပါးနေတယ်လို့ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။ '
Yangon_Times/NN
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြည်သူ့ရင်ပြင်တွင် တည်ဆောက်နေသည့် ရေလှောင်ကန်တည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီး မကြာမီကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေသဘင်ပွဲတော်တွင်လည်း ပြည်သူများပျော်ရွှင်စွာ ရေကစားနိုင်ရန် အဆိုပါမြေအောက်ရေလှောင်ကန်အား အချိန်မီ တည်ဆောက်လျက်ရှိကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
" အမေရိကန် UAF ရဲ့ ISO ရရှိဖို့ ပြီးခဲ့တဲ့နှစ် ၉လပိုင်းက စတင်ပြီးတော့ လက်မှတ်ရရှိဖို့ အစစအရာရာ ကြိုးစားခဲ့ရပါတယ်။ Training တွေပေးရတယ်။ အဲလိုအဆင့်ဆင့်ကြိုးစားပြီးတော့မှ စစ်ဆေးရေးအဖွဲ့က စစ်ဆေးတယ်။အဲလိုစစ်ဆေးပြီးတော့မှ ISO လက်မှတ်ကို ရရှိခဲ့ခြင်းဖြစ်ပါတယ်" မန်နေဂျင်းဒါရိုက်တာ ဦးဝဏ္ဍစိုး(ဖိုးလမင်းမြန်မာကုမ္ပဏီလီမိတက်)
Yangon_Times/tthl
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 27 March 2024
နေပြည်တော်ရှိ တပ်မတော်ပန်းခြံသို့မတ်လ(၂၈) ရက် မှ (၃၁)ရက်အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီးမည်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုအပန်းဖြေလေ့လာနိုင်ကြောင်းသိရသည်။
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ တပ်မတော်ပန်းခြံ၌ ရေပန်းများ၊ မီးအလှများ တပ်ဆင်ထားရှိပြီး တပ်မတော်နေ့အထိမ်းအမှတ် မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား မင်းမြတ်သုံးပါးရုပ်တုတို့အား အများ ပြည်သူ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုအပန်းဖြေလေ့လာနိုင်ရန် တပ်မတော်ပန်းခြံအား မတ် ၂၈ ရက်မှ ၃၁ ရက်အထိ နေ့စဉ် ညနေ ၅ နာရီခွဲမှ ည ၉ နာရီခွဲအထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဘန်ကောက်, မတ် ၂၇ (ရိုက်တာ)
ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော်က လက်ထပ်မှုတန်းတူရေး a marriage equality ဥပဒေကြမ်းကို မတ်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့ က အတည်ပြုပေးလိုက်ပါတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံအနေနှင့် အာရှနိုင်ငံတွေထဲမှာ လိင်တူလက်ထပ်မှုကို တရားဝင် စေမယ့် တတိယမြောက် နိုင်ငံအနေနှင့်ဖြစ်လာစေဖို့ နောက်တစ်ဆင့်နီးကပ်သွားပြီဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီဥပဒေကြမ်းကို ဥပဒေဖြစ်လာစေဖို့ အထက်လွှတ်တော်(ဆီးနိတ်)က အတည်ပြုပြီး ဘုရင်မင်းမြတ်ရဲ့ ထောက်ခံချက်လိုအပ်ပါသေးတယ်။ ယခုဥပဒေကြမ်းကို ထိုင်းနိုင်ငံရဲ့ အဓိကပါတီကြီးတွေက ထောက်ခံပေးပြီး အောက်လွှတ် တော်အမတ် ၄၁၅ ဦးထဲမှာ ၄၀၀ ဦးက ထောက်ခံပေးခဲ့တာဖြစ်ပါတယ်။ ကန့်ကွက်တဲ့ မဲက ၁၀မဲပဲရှိပါတယ်။
“ လူ့အဖွဲ့အစည်းမှာ ကွာဟချက်တွေလျှော့ချဖို့နှင့် သာတူညီမျှမှုစတင်ဖန်တီးနိုင်ဖို့ ထိုင်းပြည်သူတွေအားလုံးအတွက် လုပ်ခဲ့ တာဖြစ်ပါတယ်” လို့ ပါလီမန်ကော်မတီဥက္ကဋ္ဌ ဒါနုဖွန်ပန်နာကန်တာက ရလာဒ်မကြေညာခင် အမတ်တွေကို ပြောကြား ခဲ့ပါတယ်။
ဥပဒေကြမ်းအတည်ပြုပေးလိုက်နိုင်ခြင်းဟာ အာရှရဲ့ လွတ်လပ်မှုအရှိဆုံး လူ့အဖွဲ့အစည်းတွေထဲကတစ်ခုဖြစ်တဲ့ LGBT ကိစ္စတွေအပေါ် ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်ကို ခိုင်မြဲစေတဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းလှမ်းလိုက်နိုင်ခြင်းဖြစ်ပါတယ်။ ဒါဟာ ရိုးရာအစဉ်အလာနှင့် ရှေးရိုး ဗုဒ္ဓဘာသာတန်ဖိုးတွေနှင့်အတူ လွတ်လပ်ပွင့်လင်းတဲ့ သဘောထားတွေ အတူတကွ ယှဉ်တွဲ ရပ်တည်မယ့်အနေအထားဖြစ်ပါတယ်။
ဥပဒေကြမ် ဘုရင်မင်းမြတ်အတည်ပြုချက်ရယူဖို့ ရက်ပေါင်း ၁၂၀ ရက်အတွင်း သက်ဝင်လာနိုင်လာနိုင်ပါတယ်။ အဲသလိုဆိုရင် ထိုင်းနိုင်ငံဟာ အာရှမှ တိုင်ပေ(ထိုင်ဝမ်ကျွန်း)နှင့် နီပေါနိုင်ငံတို့ နောက် တတိယမြောက် လိင်တူလက်ထပ်ခွင့် တရားဝင်တဲ့ နိုင်ငံဖြစ်လာပါလိမ့်မယ်။
ထိုင်းနိုင်ငံမှာ ယခုလိုဥပဒေတစ်ခုပေါ်ပေါက်လာဖို့ကြိုးပမ်းခဲ့ကြတာ ဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပါပြီ။ နိုင်ငံရေး အုံကြွမှုတွေ နှင့် သဘောမတူညီမှုတွေကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရတာဖြစ်ပါတယ်။
@ymg/knl
Published 27 March 2024
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာအလုပ်သား၁၄၀ကျော်ကို စေလွှတ်သော လိုက်ကြောင်းသိရသည်။
အဆိုပါ အလုပ်သမား ၁၄၀ကျော် တွင်စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ် ၃၃ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၃၀ ဦးနှင့် ကုန်ထုတ်လုပ်သားသစ် ၇၈ ဦး စုစုပေါင်းလုပ်သားသစ် ၁၄၁ ဦး ကိုမတ်လ ၁၇ရက် က ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကြောင်းသိရသည်။
ရောက်ရှိလာသူ များ ကို မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ယခုမတ်လအတွင်း EPS လုပ်သားဦးရေ စုစုပေါင်း ၈၆၂ ဦးရောက်ရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 27 March 2024
တရုတ်-မြန်မာဗုဒ္ဓဘာသာပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ သံဃမဟာနာယကအဖွဲ့ဥက္ကဌအဖြစ် ရွေးချယ်ခံရသော သန်လျင်မင်းကျောင်း ဆရာတော်အားတရုတ်သံအမတ်ကြီးနှင့် အဖွဲ့ဝင်များမှတွေ့ဆုံဖူးမြော်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် မတ်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသော သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ သံရုံးမှ သံမှူး Mr. Pan Feng၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဦးစိန်မော်၊ မြန်မာ-တရုတ် ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့လည်း တက်ရောက်ခဲ့သည်။
သံအမတ်ကြီး Mr. Chen Hai က သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခြင်းအတွက် တရုတ်ဗုဒ္ဓဘာသာအသင်း၏ ဂုဏ်ပြုလွှာကို လွှဲပြောင်းပေးအပ်ခဲ့သည်။
သံအမတ်ကြီး Mr. Chen Hai က တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိပြီး ဗုဒ္ဓဘာသာကူးလူးဖလှယ်မှု သမိုင်းကြောင်းကြာရှည်ကြောင်း၊ တရုတ်နိုင်ငံက နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို အလွန်အလေးထားကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် မြန်မာနိုင်ငံနှင့်အတူလက်တွဲ၍ ပုဂံသဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းခြင်း၊ ရန်ကုန်မြို့ ဗိုလ်တထောင်စေတီတော် ဆံတော်တိုက် လုံခြုံရေးမှန်တံခါးနှင့် အတွင်းနံရံများ Polycarbonate တပ်ဆင်ခြင်း စသည့်စီမံကိန်းများကို ကူညီလုပ်ဆောင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကလည်း မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဘုရားကျောင်းများအတွက် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း၊ ၎င်းတို့သည် တရုတ်-မြန်မာနှစ်နိုင်ငံ၏ အပြန်အလှန်ဖေးမကူညီသော အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်စေကြောင်း၊ သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးသည် တရုတ်-မြန်မာ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို အမြဲတစေအလေးထားကြောင်း၊ ကိုယ်စားလှယ်အဖွဲ့ ဦးဆောင်ကာ တရုတ်နိုင်ငံသို့သွားရောက်၍ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ် တက်ရောက်ခဲ့ဖူးကြောင်း၊ သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဂရုပြုထောက်ခံအားပေးမှုဖြင့် နှစ်နိုင်ငံက ဗုဒ္ဓဘာသာကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုတွင် တစ်ဆင့်တိုးခိုင်မြဲတိုးတက်လာပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုအတွက် တစ်တပ်တစ်အား အကျိုးထမ်းဆောင်ပေးမည်ဟု ယုံကြည်ကြောင်း လျှောက်ထားခဲ့သည်။
သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးက တရုတ်နိုင်ငံမှ မိမိတာဝန်ထမ်းဆောင်မှုကို ဂုဏ်ပြုခြင်းနှင့် လတ်တလောနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် လူမှုရေးပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အင်တိုက်အားတိုက်ကူညီပေးမှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် မိမိအကြိမ်များစွာ တရုတ်နိုင်ငံသို့ခရီးစဉ် သွားရောက်ခဲ့သည့်အတွေ့အကြုံကို ပြန်လည်မြွက်ကြားတော်မူခဲ့ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း၊ ဆွေမျိုးပေါက်ဖော်ကောင်းဖြစ်ပြီး နက်ရှိုင်းစွာ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုရှိကြောင်း၊ ဗုဒ္ဓဘာသာသည် နှစ်နိုင်ငံပြည်သူများ စိတ်နှလုံးကိုချိတ်ဆက်ပေးသည့် အရေးပါပေါင်းကူးတံတားဖြစ်ကြောင်း၊ မိမိကိုယ်တိုင်သည်လည်း မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ဗုဒ္ဓဘာသာဝင်များကိုဦးဆောင်၍ မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ကာ မြန်မာ-တရုတ် နှစ်ထောင်ချီဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို လက်ဆင့်ကမ်းရေးအတွက် တက်ကြွသည့်အခန်းကဏ္ဍမှပါဝင်သွားမည်ဖြစ်ကြောင်း မြွက်ကြားတော်မူခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 27 March 2024
ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့် ခံစားနေရတဲ့ အသက် ၆၂ နှစ်အရွယ်လူနာဟာ မျိုးဗီဇပြုပြင်ပြောင်းလဲထားတဲ့ ဝက်ကနေ ကျောက်ကပ်အသစ် လက်ခံခွဲစိတ်ခဲ့တဲ့ ပထမဆုံးလူသား ဖြစ်လာကြောင်း မာဆာချူဆက်စ် အထွေထွေဆေးရုံမှ ဆရာဝန်များက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
မတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုဟာ ၄ နာရီကြာမြင့်ခဲ့ပြီး မှတ်ကျောက်တစ်ခု ဖြစ်ခဲ့ပါတယ်။
ရစ်ချတ်စလေးမန်းလို့ခေါ်တဲ့ လူနာဟာ ပြန်လည်သက်သာလာပြီး မကြာခင် ဆေးရုံမှဆင်းနိုင်တော့မှာ ဖြစ်ကြောင်း ဆေးရုံက ပြောပြပါတယ်။
စလေးမန်းဟာ ၇ နှစ်ကြာ ကျောက်ကပ်အရည် စွန့်ထုတ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ ထိုဆေးရုံမှာပဲ လူသားကျောက်ကပ်ဖြင့် အစားထိုးခွဲစိတ်ခဲ့ပေမယ့် ၅ နှစ်အကြာမှာ ထိုကျောက်ကပ်ပျက်စီးသွားခဲ့ပြီး ကျောက်ကပ်အရည် စွန့်ထုတ်ခြင်း ပြန်လုပ်ခဲ့ရပါတယ်။
မျိုးဗီဇပြုပြင်ထားတဲ့ ဝက်ဟာ လက်ခံရယူမယ်လူသားကို အန္တရာယ်ဖြစ်စေမယ့် မျိုးဗီဇများကို ဖယ်ရှားထားပြီး လူသားနဲ့ ကိုက်ညီမှုရှိစေရန် အချို့သောမျိုးဗီဇများကို ထည့်သွင်းထားပါတယ်။
ဒါ့အပြင် လူသားများကို ကူးစက်နိုင်စေမယ့် ဗိုင်းရပ်စ်များကိုလည်း ဖယ်ရှားထားပါတယ်။
ဝက်အင်္ဂါကို လူနာရဲ့ခုခံအားစနစ်မှ လက်မခံတာမျိုး မဖြစ်ရအောင် အချို့သောဆေးဝါးများလည်း အသုံးပြုရပါတယ်။
ယခုလိုမျိုး သတ္တဝါတစ်မျိုးရဲ့ အတွင်းအင်္ဂါများကို အခြားသတ္တဝါတစ်မျိုးထဲသို့ အစားထိုးခွဲစိတ်ခြင်းနည်းလမ်းဟာ ကမ္ဘာတဝှမ်းမှာ ကိုယ်တွင်းအင်္ဂါ ရှားပါးပြတ်လပ်လာတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖွယ်ရှိနေပါတယ်။
#Source: The Jerusalem Post.
#World_Health
Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 27 March 2024
မတ်လ ၂၂ ရက်နေ့က ရုရှားမြို့တော်မော်စကိုအနီးရှိ ခရော့ကပ်စ်စီးတီးမြို့တော်ခန်းမမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ ယူကရိန်းနဲ့အတူ အမေရိကန်နဲ့ ဗြိတိန်ပြည်ထောင်စုတို့လည်း ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ကြောင်း ရုရှားထိပ်သီးလုံခြုံရေးအေဂျင်စီမှ ညွှန်ကြားရေးမှူးက မတ်လ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အနည်းဆုံး လူ ၁၃၉ ဦးသေဆုံးကာ ၁၈၂ ဦးဒဏ်ရာရရှိစေခဲ့တဲ့ အစုလိုက်ပစ်ခတ်မှုနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ၈ ယောက်မြောက် သံသယရှိသူကို ရုရှားတရားရုံးတစ်ခုက ရမန်ပေးကာ ထိန်းသိမ်းထားပါတယ်။
ထိုအကြမ်းဖက်တိုက်ခိုက်မှုကို အစ္စလာမ်အစွန်းရောက်တွေ ကိုယ်တိုင်ပြင်ဆင်တာဖြစ်သလို အနောက်တိုင်း အထူးအဖွဲ့များမှလည်း အားပေးအားမြှောက် လုပ်ခဲ့တာဖြစ်မယ်လို့ ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု (FSB)မှ ညွှန်ကြားရေးမှူး အဲလက်ဇန်ဒါဘော့နီကော့ဗ်က ယုံကြည်နေပါတယ်။
ဒီမတိုင်ခင်နေ့ကလည်း သမ္မတပူတင်က ထိုတိုက်ခိုက်မှုမှာ အစွန်းရောက်အစ္စလာမ်တွေ ပါဝင်ပတ်သက်တယ်ဆိုတာ သိရှိထားသလို ယူကရိန်းကလည်း တစ်စိတ်တစ်ပိုင်း ပတ်သက်နေမယ်လို့ စွပ်စွဲထားပါတယ်။
အစ္စလာမ်အကြမ်းဖက်အဖွဲ့က ထိုတိုက်ခိုက်မှုကို ယင်းတို့ပြုလုပ်ပါတယ်လို့ အတိအလင်း ကြေညာထားပေမယ့် ပူတင်ကတော့ ယူကရိန်းကို ဆက်လက်ပြီး အပြစ်တင်နေပါတယ်။
ထိုနည်းတူ ဘော့နီကော့ဗ်ကလည်း ယူကရိန်းဟာ အရှေ့အလယ်ပိုင်းက မထုတ်ဖော်ပြထားတဲ့ နေရာမှာ အစ္စလာမ်အစွန်းရောက်တွေကို ကူညီပြင်ဆင်ပေးတယ်လို့ ဆိုလိုက်ပါတယ်။
ယူကရိန်းသမ္မတနဲ့ အရာရှိများက ထိုတိုက်ခိုက်မှုနဲ့ မသက်ဆိုင်ဘူးလို့ အကြိမ်ကြိမ်ငြင်းပယ်ထားပြီး ရုရှားစွပ်စွဲချက်တွေဟာ အလိမ်အညာတွေလို့ တုန့်ပြန်ခဲ့ပါတယ်။
မော်စကိုမှာ တိုက်ခိုက်မှုပြုလုပ်ရန် စီစဥ်နေတယ်ဆိုတဲ့ သတင်းအချက်အလက်ကို အမေရိကန်က ရုရှားကို အသိပေးခဲ့ပါတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အက်ဒရီယန်ဝက်ဆန်က ပြောထားပါတယ်။
လက်ရှိအချက်အလက်များအရ ထိုတိုက်ခိုက်မှုဟာ အစ္စလာမ်အကြမ်းဖက် အဖွဲ့တစ်ခုရဲ့လက်ချက် ဖြစ်တယ်လို့ ညွှန်ပြနေကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က တနင်္လာနေ့မှာ ပြောပြပါတယ်။
ရုရှားက ဒါကိုအကြောင်းပြချက်အနေဖြင့် ယူကရိန်းဘက်ကို လှည့်သွားနိုင်တယ်လို့လည်း မက်ခရွန်က သတိပေးလိုက်ပါတယ်။
ရုရှားတရားရုံးတစ်ခုက ကာဂျစ္စတန်နိုင်ငံဖွား အယ်လီရှာကာဆီမော့ဗ်ကို ရမန်ထိန်းသိမ်းထားပြီး တရားစွဲထားတဲ့ တရားခံ ၄ ဦးရဲ့ မိသားစုဝင်တွေကို စုံစမ်းမေးမြန်းရန် တာဂျစ်ကစ္စတန်သို့ စစ်ဆေးရေးများကို စေလွှတ်လိုက်ပါတယ်။
ယခင်နေ့တွေက တရားခံ ၄ ဦး အပြစ်ဝန်ခံထားပေမယ့် တရားရုံးသို့ရောက်ရှိစဥ် ဒဏ်ရာဒဏ်ချက်များ မြင်တွေ့ရတာကြောင့် နှိပ်စက်ခံခဲ့ရတယ်ဆိုတဲ့ အထောက်အထား ရှိနေပါတယ်။
ယခုအချိန်ထိတော့ သံသယရှိ သေနတ်သမား ၄ ဦးအပါအဝင် လူ ၁၁ ဦးကို ရုရှားအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
Source: WION
#World_News
Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 716 of 1925