၂၄ မတ် ၂၀၂၄
၂ဝ၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲတွင် ဆရာတော်ကြီး(၅)ပါးသည် အဘိ ဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်များရရှိခဲ့ကြောင်းသိရှိရပါတယ်။
ထိုဆရာတော်ကြီးများအနက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မော်လမြိုင်မြို့၊ ဗုဒ္ဓသာသနာ့သိပ္ပံကျောင်း နှင့် စိန်မမပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သုမန ထံဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် များကို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဆက်ကပ်ပူဇော်ခဲ့ပါတယ်။
ကြွရောက်တော်မူလာကြတဲ့ ကျန်ရှိသည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများဖြစ်သော မန္တလေးမြို့၊ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်းဆရာတော် ဘဒ္ဒန္တ သုဇနပီယ၊ ဗဟန်းမြို့နယ်၊ မဟာစည် သာသနာ့ရိပ်သာမဟာနာယက ဘဒ္ဒန္တ ဝါသဝနှင့် ပဲခူးမြို့၊ ဇေယျာသီရိအသောကကျောင်း ဆရာတော် ဘဒ္ဒန္တ သိရိန္ဒ ဆရာတော်ကြီးများအား နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်း၊ နစက အတွင်းရေးမှူးဒုတိယဗိုလ်ချူပ်ကြီးအောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်လက်၍ ဆက်ကပ်ပူဇော်ခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့ မတ်လ ၂၄ရက် မွန်းလွဲပိုင်း တွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပရာ နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန် စိမ်းများလောင်းလှူခဲ့ကြတာဖြစ်ပါတယ်။
အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိ ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ တို့အမှူးပြုသည့် ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပါတယ်။
ဆက်လက်၍ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူ များက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယဘွဲ့ရရှိသည့် ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ကို ဆက်ကပ်ပူဇော်ခဲ့ကြပါတယ်။
ယင်းအပြင် အခြားသော ဘွဲ့တံဆိပ်တော်ရရှိသည့် သီလရှင်များကို ဗိုလ်ချုပ်မှူးကြီး၏ဇနီးက ဘွဲ့တံဆိပ်တော် နှင့်အဆောင်အယောင်များ ဆက်ကပ်ပူဇော်ခဲ့ကြပြီး ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်အသီးသီးကိုလည်း ဗိုလ်ချူပ်မှူး ကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူများက ဆက်လက်၍ ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅ ပါး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၆ ပါး၊ အဂ္ဂ မဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရဆရာတော်ကြီး ၂၁ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၅ ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး ၈ ပါးနှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၂ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ပြီး သာသနာနုဂ္ဂဟဘွဲ့တံ ဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ် ၁၂ ဦးတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့် အပ်နှင်းခဲ့တာဖြစ်ပါတယ်။
@ymg/knl
၂၄ မတ် ၂၀၂၄
ရုရှားနိုင်ငံ မော်စကိုမြို့ အနောက်မြောက်ဖက် ဆင်ခြေဖုံးအရပ်ရှိ ဖျော်ဖြေပွဲခန်းမကြီးတစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရရာမှ လွတ်မြောက် လာခဲ့သည့်သူတစ်ဦးက သေနတန်သမားများ အဲဒီအဆောက်အဦထဲဝင်လာပြီး အပြစ်မရှိတဲ့ အရပ်သားတွေကို သေနတ်နှင့် ပစ်ခတ်ခဲ့တဲ့ ကြောက်ဖက်ဖွယ်ရာ မြင်ကွင်းတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။
Source CCTV+
Published 24 March 2024
ရုရှားနိုင်ငံ၌ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ်မြန်မာနိုင်ငံက ပြစ်တင်ရှုတ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ၂၄ ရက် တွင် ထုတ်ပြန်ကြေညာလိုက်သည်။
၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် မော်စကိုမြို့၏ အနောက်မြောက်ဘက်ရှိ Krasnogorsk အရပ်ရှိ Crocus City Hall ၌ အကြမ်းဖက်တိုက်ခိုက်ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်များလှစွာသော အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ရသည့်အပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ဖေါ်ပြထားသည်။
မည်သည့်ပုံစံမျိုးစုံနှင့်မဆို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်ဝါဒီနှင့် အစွန်းရောက် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံသည် အစဉ်တစိုက် ရှုတ်ချ လျက်ရှိသည်ဟု ရေးသားထားသည်။
အကြမ်းဖက်ဝါဒီသည် နိုင်ငံတကာအကြမ်းဖက်မှုလုပ်ရပ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလျက်ရှိကြောင်း မြန်မာနိုင်ငံအနေဖြင့် ရုရှားအစိုးရ၊ ပြည်သူများနှင့် အကြမ်းဖက်ဒဏ်ခံရသည့် ကျန်ရစ်ခဲ့သောမိသားစုများနှင့်အတူ ဝမ်းနည်းကြောင်း ဖော်ပြအပ်ပါသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
Yangon Times/LW
#Local_News
#Published_ 24 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 24 March 2024
ရုရှားနိုင်ငံ၌ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ်မြန်မာနိုင်ငံက ပြစ်တင်ရှုတ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ၂၄ ရက် တွင် ထုတ်ပြန်ကြေညာလိုက်သည်။
၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် မော်စကိုမြို့၏ အနောက်မြောက်ဘက်ရှိ Krasnogorsk အရပ်ရှိ Crocus City Hall ၌ အကြမ်းဖက်တိုက်ခိုက်ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်များလှစွာသော အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ရသည့်အပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ဖေါ်ပြထားသည်။
မည်သည့်ပုံစံမျိုးစုံနှင့်မဆို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်ဝါဒီနှင့် အစွန်းရောက် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံသည် အစဉ်တစိုက် ရှုတ်ချ လျက်ရှိသည်ဟု ရေးသားထားသည်။
အကြမ်းဖက်ဝါဒီသည် နိုင်ငံတကာအကြမ်းဖက်မှုလုပ်ရပ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလျက်ရှိကြောင်း မြန်မာနိုင်ငံအနေဖြင့် ရုရှားအစိုးရ၊ ပြည်သူများနှင့် အကြမ်းဖက်ဒဏ်ခံရသည့် ကျန်ရစ်ခဲ့သောမိသားစုများနှင့်အတူ ဝမ်းနည်းကြောင်း ဖော်ပြအပ်ပါသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
Yangon Times/LW
#Local_News
#Published_ 24 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 24 March 2024
လှည်းကူးမြို့နယ် ၊ အမြန်လမ်းမကြီး မိုင်တိုင် 0/4အနီး တွင် ထိခိုက်ပြတ်ရှ ဒဏ်ရာများဖြငိ့ ေ-သဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရုပ်အလောင်း တွေ့ရှိ ခဲ့ရကြောင်း ပရဟတိအသင်းထံမှသိရသည်။
မတ်လ ၂၃ရက် မနက်၉နာရီ၃၀ မိနစ် ခန့် က တွေ့ရှိ ခဲ့ ခြင်း ဖြစ်ကာ အမျိုးသားမှာ (အသက် - ၃၆ နှစ်)ခန့်နှင့်အမျိုးသမီးမှာ( အသက် - ၂၇ နှစ်)ခန့် ရှိကြောင်းသိရသည်။
ယင်းေ-သဆုံး နေသည့် အမျိုးသမီး တွင် ထိုးသွင်းဒဏ်ရာတချက်၊အမျိုးသား တွင် ပြတ်ရှဒဏ်ရာ နှစ်ခုနှင့် ထိုးသွင်းဒဏ်ရာတချက်ကနဦး တွေ့ရ ကြောင်း သွားရောက်ကူညီပေးသည့် ပရဟိအသင်းထံကသိရသည်။
အဆိုပါ ရုပ်အေ-လာင်း များကိုလှည်းကူးမြို့နယ်ဆေးရုံ မော်ကျူရီသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အမြန်လမ်းမကြီး မိုင်တိုင် 0/4အနီး ေ-သဆုံး နေ သည့် အမျိုးသား အမျိုးသမီး ၏ရုပ်အေ-လာင်း နှင့်ပက်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 24 March 2024
#YMG_News #Yangon_Times #Yangon_Media_Group


Published 24 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်၊ ပန်းရိုက်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
မတ်လ ၂၄ရက် မနက် ၁၀နာရီ ၃၀မိနစ် က လောင်ကျွမ်းခဲ့ ပြီးမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 1 ယာဉ်အုပ်စု ဖြင့်ထွက်ခွာငြိမ်းသတ်ခဲ့သည့်အပြင် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သောကြောင့် ၁၀နာရီ ၅၆မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှု ကြောင့် လူနေအိမ် ငါးလုံး ခန့် မီးလောင်ပျက်စီးခဲ့ကြောင်းအနီးနားနေထိုင်သူများထံကသိရသည်။
မီးလောင်သည့်နေရာသည်ရန်ကုန်မြို့တွင်းကို ဖြန့်ဖြူးမှုအများဆုံးနှင့် ချက်ပြုတ်ရေးလုပ်ငန်းများတွင် လူသုံးများသည့် EFF ဂက်စ်သိုလှောင်ကန်နှင့် နီးသော်လည်း မီးကူးစက်မှု မရှိခဲ့ကြောင်းသိရသည်။
မီးလောင်သည့်အကြောင်းရာနှင့် ဆုံးရှုံးမှုတန်ဖိုး ကို သက်ဆိုင်ရာစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၄ မတ် ၂၀၂၄
အာသံရိုင်ဖယ်နှင့်မီဇိုရမ်ရဲတပ်ဖွဲ့မီဇိုရမ်နှင့်မြန်မာနယ်စပ်အနီး ဇိုခေါ်သာ ရွာတွင် ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးကို လက်နက်ခဲယမ်းအမြောက်အများနှင့်သောကြာနေ့က ဖမ်းဆီးမိခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဒေသဆိုင်ရာ သတင်းဌာနများက သတင်းဖော်ပြကြပါတယ်။
ဖမ်းမိတဲ့လက်နက်များမှာ ကျည်ကပ်တစ်ခုပါ M4 ရိုင်ဖယ်တစ်လက်၊ ကျည်ကပ်ပါ ဂျာမန်ပစ်စတိုတစ်လက်၊ နှစ်လုံးပူး ရိုင်ဖယ် သေနတ်နှစ်လက်၊ တစ်လုံးထိုးရိုင်ဖယ်သေနတ်နှစ်လက် ၅.၅၆ မမကျည်တောင့် ၂၀နှင့် ၉မမ ကျည်တောင့် ၆ ခုနှင့် ဟဲလ်မက် နှစ်လုံးတို့ဖြစ်ကြပါတယ်။
အာသံရိုင်ဖယ်တပ်က အဆိုပါမြန်မာနိုင်ငံသားကို တရားမဝင်လက်နက်ခဲယမ်းများပိုင်ဆိုင်မှုနှင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ လက်နက်များနှင့်ဖမ်းဆီးရမိတဲ့မြန်မာနိုင်ငံသားကို ဇိုခေါ်သာ ရဲတပ်ဖွဲ့လက်သို့ ဆက်လက်အရေးယူဖို့အဲဒီနေ့မှာပဲလွှဲပြောင်းပေးခဲ့ပါတယ်။
Source: RW India
အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက အီရန်မှ သာမန်ပြည်သူတွေရဲ့ ဘဝတွေနဲ့ တိုင်းပြည်စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေရုံမက ကလေးများအပါအဝင် ရှားပါးရောဂါ ဖြစ်နေကြတဲ့ လူနာတွေဟာ ဆေးပစ္စည်းရှားပါးမှုဒဏ်ကို ခံစားနေရပါတယ်။
#World_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 23 March 2024
၁။ ဆီးရီးယားအသင်းနှင့် အဝေးကွင်းထပ်ကန်ရန် မြန်မာလက်ရွေးစင်ကစားသမား (၂၂)ဦး ဆော်ဒီသို့ထွက်ခွာ
၂။ ယခုလအတွင်း မိုးအုံ့၍ ဆားအထွက်နည်းပါးသော်လည်း ထွက်ရှိသမျှကုန်နေ
၃။ မတ်လကုန်အထိ ပဲစဉ်းငုံဈေးကွက် အကျဘက်ကိုသာ ဦးတည်နေဟုဆို
၄။ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများသည် အီရန်စီးပွားရေးသာမက ကျန်းမာရေးကဏ္ဍနှင့် ပြည်သူများအပေါ်ပါ ဆိုးရွားစွာထိခိုက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၃ မတ် ၂၀၂၄
ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး၊ပူးပေါင်းဆောင်ရွက်ရေးတို့ကို မြှင်တင်သွားမှာဖြစ်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က အသစ်ခန့်ထားတဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို လက်ခံတွေ့ ဆုံရာမှာပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာနိုင်ငံနှင့် စီးပွားရေး၊ကုန်သွယ်ရေးနှင့် ပြည်သူချင်း ဆက်ဆံရေးကဲ့သို့သော အလားအလာရှိတဲ့ နယ်ပယ်တွေမှာ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်တဲ့အကြောင်း ကမ္ဘောဒီးယားပြည်တွင်းမီဒီယာများက ရေးသားကြပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်သည် မြန်မာသံအမတ်အသစ် ဦးကျော်စိုးမင်းကို သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် လက်ခံတွေ့ဆုံစဉ်ပြောကြားခဲ့တာပါ။
ဝန်ကြီးချုပ်ဟွန်မန်နက်က အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတွေအကြား ကာလရှည် သံတမန် ဆက်ဆံရေးကို အထူးအလေးပေးပြောဆိုခဲ့ပြီး ဦးကျော်စိုးမင်းကိုလည်း မြန်မာသံအမတ်ကြီးအသစ်အဖြစ် ကြိုဆိုဂုဏ်ပြု ကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းကလည်း ကမ္ဘောဒီးယားတော်ဝင်အစိုးရကို ကိုဗစ်-၁၉ ကာလမှာ ကူညီခဲ့တာတွေ အတွက် ကျေးဇူးတင်ပါကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။
သူတာဝန်ထမ်းဆောင်စဉ်အတွင်း မြန်မာနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ပိုမို ခိုင်မြဲအောင်ကြိုးစားသွားမယ်လို့လည်း မြန်မာသံအမတ်ကြီးက ပြောဆိုခဲ့ကြောင်း ကမ္ဘောဒီးယားမီဒီယာများက ရေးသား ဖော်ပြခဲ့ပါတယ်။
@ymg/knl
Published_ 23 March 2024
ယခု၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်းဂျပန်သို့ မြန်မာ့ပဲမျိုးစုံတန်ချိန် ၂ဝ,ဝဝဝခန့်တင်ပို့ထားပြီး လာမည့်၂၀၂၄-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ဂျပန်အပါအဝင် နိုင်ငံစုံသို့ တိုးမြှင့်တင်ပို့နိုင်ရန်စီစဉ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရေး ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခုဘဏ္ဍာနှစ်မှ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှ ပဲမျိုးစုံတန်ချိန် ၂ဝ,ဝဝဝ နီးပါးကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ လာရောက်အသိပညာပေး ပြောကြားသည့်အတိုင်း ပြည်တွင်း၌ ပဲမျိုးစုံစိုက်ပျိုး၊ ထုတ်လုပ်၊ သိုလှောင်၊ တင်ပို့သည့် လုပ်ငန်းစဉ်အတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်ကာ ဂျပန်နိုင်ငံသာမက တခြားပြည်ပနိုင်ငံများသို့ လည်း အရည်အသွေးမြင့်ပဲများ ထုတ်လုပ်တင်ပို့နိုင်ရန် ရည်မှန်းထား ကြောင်းသိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ဥရောပသမဂ္ဂစသည့် ပြည်ပနိုင်ငံများသို့ စုစုပေါင်းပဲမျိုးစုံတန်ချိန် တစ်သန်းခန့် တင်ပို့ နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့်ရရှိခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ဥရောပသမဂ္ဂနှင့် တခြားပြည်ပနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှလည်း နှစ်စဉ်တင်ပို့လျက်ရှိပြီး စုစုပေါင်း ကမ္ဘာ့ပဲ မျိုးစုံ တင်ပို့မှု၏ ၁၂ ရာခိုင်နှုန်းခန့်ကို မြန်မာနိုင်ငံမှ တင်ပို့ခွင့်ရရှိထားကြောင်း သိရသည် ။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 720 of 1925