Publoshed 6 February 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အနောက်လယ်ရပ်ကွက်၊ အမှတ်(၂)ဘောတံတားအနီးစက်လှေ မီးလောင်မှု ဖြစ်ပွားရာ အချိန် တစ်နာရီကျော် ကြာ ငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။
ဖေဖေါ်ဝါရီ ၆ရက် မနက် ၁၁နာရီ ၃၂မိနစ် စက်လှေ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ငြိမ်းသတ်ရာ တွင် မွန်းတည့် ၁၂နာရီ ၁၂မိနစ် အချိန် တွင် မီးထိန်း နိုင်ခဲ့ပြီး ၁နာရီ အချိန် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
လက်ရှိ တွင် စက်လှေ မီးလောင်သည့် အကြောင်းရာ နှင့် ပျက်စီးဆုံးရူံးမှု တန်ဖိုး ကိုစက်ဆိုင်ရာက စိစစ်လျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group


အယ်နီညိုကိုအံတုရန် အပူပိုင်းမိုးနည်းအညာဒေသများ၌ ရေကန်တူး၊ သစ်ပင်စိုက်မည်
"ရေနံချောင်း၊ မကွေးချောက်လမ်းတစ်လျှောက်မှာ ရေကန်သစ်တွေတူးတာ၊ ရေကန်ဟောင်းပြုပြင်တာ၊ သစ်ပင်စိုက်တာ၊ သစ်ပင်ရေလောင်းတာတွေ ဆောင်ရွက်နေတယ်"ရေနံ့သာဒင်းဂါးညီနောင်များအဖွဲ့မှတာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published_6 Feb 2024
NCA ထိုးထားသည့် မွန်ပြည်သစ်ပါတီထံ PDF အဖွဲ့ဝင်များနှင့်ပူးပေါင်းနေသည့် ရာမညတပ်ဖွဲခေါင်းဆောင် အပါအဝင် (၁၀) ဦး လာရောက်ပူးပေါင်းကြကြောင်း မွန်ပြည်သစ်ပါတီက မွန်ဘာသာဖြင့် သတင်းထုတ်ပြန် ထားသည်။
ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ဗညားက မွန်ပြည်သစ်ပါတီ အမှတ်(၂) တပ်ရင်း ထားဝယ်ခရိုင် ထံ ပူးပေါင်း လိုကြောင်း လာရောက်ဆက်သွယ်ခဲ့သဖြင့် မွန်ပြည်သစ်ပါတီက လက်ခံခဲ့သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြ ထားကြောင်း သိရသည်။
အဆိုပါ PDF အဖွဲ့ဝင်များနှင့်ပူးပေါင်းနေသည့် ရာမညတပ်ဖွဲခေါင်းဆောင် အပါအဝင် (၁၀) ဦး တို့အနေဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းတွင်လှုပ်ရှားခဲ့သူများ ဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီထံ လာရောက် ပူး ပေါင်းသူများမှာ ရာမညတပ်ဖွဲ ခေါင်းဆောင် နိုင်ဗညား အပါအဝင် (၁၀)ဦးဖြစ်ပြီး ယင်းတို့နှင့်အတူ လက်နက် အစုံ (၇)လက်နှင့် ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ (၅)ရက်က ရေးမြို့နယ်တောင်ပိုင်းတွင် ရာမညတပ်ဖွဲဝင်များနှင့် အမည်မသိ လက်နက် ကိုင် အဖွဲများ တိုက်ပွဲဖြစ်ပွါးခဲ့ရာ တိုက်ပွဲအတွင်း ရာမညတပ်ဖွဲ့မှ အဖွဲ့ဝင် (၂)ဦး သေဆုံးသွားကာ လက်နက်ခဲ ယမ်းအချို့လည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
Photo- မွန်ပြည်သစ်ပါတီ (NMSP)
Yangon Times/PP
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group

တံခွန်စိုက် မြင်းစီးပြိုင်ပွဲမှာ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီတိုင်းက မြင်းစီးအားကစားသမား ၁၀၀ကျော် လာရောက်ယှဉ်ပြိုင်နေပါတယ်၊ ဒီနှစ်ပြိုင်ပွဲက ထူးထူးခြားခြား တံခွန်စိုက်ဖလားဖြစ်တာကြောင့် သုံးနှစ်ဆက်တိုက်ရရင် ဒီဖလားကြီးကို အပိုင်ရသွားမှာပါ၊ ပြည်ထောင်စုဖလားပြိုင်ပွဲကို နောက်နှစ်တွေလည်း ကျင်းပသွားမယ်၊ တစ်နှစ်ထက်တစ်နှစ်လည်း မြင်းစီးအားကစားသမားကောင်းတွေ ပေါ်ထွက်လာမယ်လို့မျှော်လင့်ပါတယ်
Yangon Times/NN
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
သကြားစက်တွေမှ ကြံစိုက်ပျိုးမယ့်သူတွေအတွက် ကြံမျိုးဆစ်တွေ စိုက်စရိတ်တွေနဲ့ လိုအပ်တဲ့စက်ပစ္စည်းတွေကိုပါ အရစ်ကျနဲ့ ရောင်းချပေးတာတွေ ရှိတဲ့အတွက် ပြောင်းစိုက်တောင်သူတွေအနေနဲ့ ကြံစိုက်ပျိုးမှု ကို ပြောင်းလာရာ ပြောင်းစိုက်တောင်သူ ၂၀ရာခိုင်နှုန်းကျော် ကြံစိုက်ပျိုးမှုကို ပြောင်းစိုက်လာတယ်လို့ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
ပင်လယ်ဓားပြဖမ်းသွားသည့် စားအုန်းဆီသင်္ဘောပေါ်က မြန်မာသင်္ဘောသား (၈)ဦးပြန်လွတ်လာ
"ဇန်နဝါရီလမှာ အာဖရိကတိုက် အနောက်ဘက်ကမ်းရိုးတန်းမှာ သွားလာနေတဲ့ စားအုန်းဆီတင်ကုန်တင်သင်္ဘောပေါ်က သင်္ဘောသားတွေအနက် မြန်မာသင်္ဘောသား(၈)ဦး ကပ္ပတိန်၊ ကုန်းဘတ်အရာရှိနဲ့ အခြားအဆင့်သင်္ဘောသားတွေ၊စက်ခန်းအရာရှိနဲ့ အခြားအဆင့်သင်္ဘောသားတွေကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားတာဖြစ်ပြီး အခုလမှာ ပြန်လွတ်လာတယ်" မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)ဥက္ကဌဦးစိုးမင်းအောင်
Yangon Times/tthl
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published_6February 2024
အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့တွင်အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအသင်း မိတ်ဆုံစားပွဲနှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် အောင်မြင်ထူးချွန်သည့် အမျိုးသမီးများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားကို ၄-၂-၂၀၂၄ ရက်နေ့၊ ၁၁:၀၀ နာရီမှ ၁၆:၀၀ နာရီအထိ မြန်မာသံရုံး၊ နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို မြန်မာသံအမတ်ကြီးက အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့ရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ နားလည်ယုံကြည်မှု၊ ကူးလူးဆက်သွယ်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအသင်းအား မြန်မာသံရုံးမှ ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အိန္ဒိယ- မြန်မာ ချစ်ကြည်ရေးအသင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ချစ်ကြည်ရေးအသင်းအဖွဲ့ဝင်များနှင့် မြန်မာသံရုံးမှ အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာသံရုံးမှ စီစဉ်သည့် လူမှုရေးပွဲများတွင် ဧည့်သည်တော်များအနေဖြင့် ယခုကဲ့သို့ စည်းစည်းလုံးလုံးဖြင့် စုရုံးရောက်ရှိလာကြသည့်အတွက် များစွာကျေနပ်အားရမိပြီး နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုအား ဖော်ကျူးပြသနေခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းတွင် လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်သည့် အမျိုးသမီးများ၊ စွမ်းဆောင်ရည်ပြည့် အမျိုးသမီးများအား Women Prestige Awards 2024 ဆုများ ချီးမြှင့်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မိတ်ဖက်နိုင်ငံများမှ သံတမန်များ၊ အိန္ဒိယ-မြန်မာချစ်ကြည်ရေး အသင်းအဖွဲ့ဝင်များ၊ အိန္ဒိယစီးပွားရေး အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ မိတ်ဆွေများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း၊
ဧည့်သည်တော်များကို အိန္ဒိယ အကအလှများ၊ တေးသံသာများ၊ အိန္ဒိယတူရိယာများဖြင့် တီးမှုတ်ဖျော်ဖြေကြခဲ့ကြပြီး နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group



Published_ 6 February 2024
ရှမ်းပြည်နယ်တွင် 'သက်မွေးပညာသင်တန်းစင်တာ' ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး တိုင်းရင်းသားလူငယ်များ ကွန်ပျူတာသင်တန်းနှင့်ဆိုင်ကယ်စက်ပြင်သင်တန်းစသည့် သက်မွေးပညာသင်တန်းများတက်ရောက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ'ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ'ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေနှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည်ဟုဆိုသည်။
(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အဆောက်အအုံဖွင့်ပွဲအခမ်းအနားကို တောင်ကြီးမြို့၌ကျင်းပခဲ့ပြီး နစကအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ခွန်စံလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူးကြီး ဒေါက်တာကျန်းကျိဟုန်တို့က ကမ္ပည်းမော်ကွန်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြ၍ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် နစကအဖွဲ့ဝင် ဒေါက်တာဘရွှေက"သင်တန်းစင်တာတွင် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုများဆွေးနွေးဖလှယ်ခြင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားများ၏ အသိပညာများမြှင့်တင်ပေးခြင်း၊ မျှဝေခြင်းစသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဆောင်ရွက်နိုင်ရန်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအားလုံး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုဖြစ်စေမည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများ၊ တိုင်းရင်းသားရိုးရာလက်မှုပညာ သင်တန်းများ စသည်တို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း"ထည့်သွင်းပြောခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားဒေသများတွင် လိုအပ်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ယခု ရှမ်းပြည်နယ်တွင် စင်တာအဆောက်အအုံကို တရားဝင်ဖွင့်လှစ်နိုင်ပြီဖြစ်သည့်အတွက် တိုင်းရင်းသားလူငယ်များအတွက် ကွန်ပျူတာသင်တန်း၊ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းနှင့် ဒေသနှင့် ကိုက်ညီသင့်မြတ်လျော်ကန်မည့် သက်မွေးပညာ ကာလတိုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group


Published 6 February 2024
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်ကစပြီး ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ် ဆီဆိုင် မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသူ လေးသောင်းကျော် ထိရှိလာတယ်လို့ စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံက သိရသည်။
အဆိုပါ ဆီဆိုင်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ရသူများတွင် ကယား(ကရင်နီ)ပြည်နယ်မှ တိမ်းရှောင်လာသည့် ဒေသခံပြည်သူများ ပါဝင်ပြီး ယင်းပြည်သူများက ထပ်ဆင့်တိမ်းရှောင်ရခြင်းဖြစ်ကာ ဒေသခံပြည်သူများ အပါဝင် စစ်ဘေးရှောင် စုစုပေါင်း ၄,၃၇၃၀ အထက်ရှိကြောင်း သိရသည်။
""အရင် ကယားပြည်နယ်မှာ တိုက်ပွဲတွေဖြစ်လို့ ဆီဆိုင်မှာလာပြီး စစ်ဘေးရှောင်နေကျတာသောင်းနဲ့ချီရှိတယ် အခု ဆီဆိုင် မှာလည်း တိုက်ပွဲတွေဖြစ်တော့ ထပ်ဆင့်ရှောင်ရသလို ဖြစ်တာပေါ့ ဒေသခံတွေလည်းရှောင်ရတယ် အဲ့တော့ စစ်ဘေးရှောင်ပြည်သူ ပိုများသွားတာ""ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ စစ်ဘေးရှောင် ပြည်သူများသည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီး ညောင်ရွှေ နှင့် ဟိုပုံး တို့တွင် သွားရောက်နေထိုင်လျက်ရှိကာ နေရာထိုင်ခင်း အခက်ခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
စစ်ဘေးရှောင်သူများထဲတွင် အမျိုးသမီးများ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်များလည်း ပါရှိတာကြောင့် နေထိုင် စားနပ်ရိက္ခာအပြင် ဆေးဝါးနှင့်စောင်များလည်း လိုအပ်နေကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group


Published-6 February 2024
ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင် ခရီးသည်များ စိတ်အေးချမ်းသာစွာ စီးနင်းနိုင်ရေးအတွက်စပိန်နိုင်ငံမှ ဝယ်ယူထားသည့်DEMU တွဲဆိုင်းသစ်များဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါ တွဲဆိုင်းသစ်များကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ပြေးဆွဲအသုံးပြုရန်အတွက် စပိန်နိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်ကြောင်း
သိရသည်။
ထို့အပြင် ခေတ်မီ DEMU ဒီဇယ်လျှပ်စစ် ရထားတွဲဆိုင်းသစ်များအနက် ပထမအသုတ်အဖြစ် (၆)တွဲပါ တွဲဆိုင်းသည်ဖေဖော်ဝါရီ ၄ ရက်က BBC ONYX သင်္ဘောဖြင့် ရန်ကုန် သီလဝါဆိပ်ကမ်းသို့ စတင်ရောက်ရှိခဲ့ပြီး တွဲဆိုင်းသစ်များကို ဆိပ်ကမ်းမှ ချယူဆောင်ရွက်လျက်ရှိကာ မကြာမီ စမ်းသပ်ပြေးဆွဲမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ပြေးဆွဲအသုံးပြုမည့် ယင်းတွဲဆိုင်းများသည် Spain နိုင်ငံအခြေစိုက်ရထားထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်သည့် Construcciones y Auxiliar de Ferrocarriles (CAF) ထံမှ ၀ယ်ယူထားသည့် DEMU တွဲများဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group


၆ ဖေဖော်ဝါရီ ၂၀၂၄
ထိုင်းနိုင်ငံက မြန်မာနစကအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေနှင့် NUG တို့ပါဝင်ကြမယ့် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခုကို ကမကထပြုလုပ်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံကဦးဆောင်မယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဦးစီးဦးရွက်ပြုမှုအစီအစဉ်ဟာ မြန်မာနစက အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဦးတည်သွားနိုင်လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆီဟာဆတ်ပေါင်ကက်ကော Sihasak Phuangketkeow ကပြောကြားခဲ့တာဖြစ်ပြီး အဆိုပါပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သတင်းဖော်ပြခဲ့တာပါ။
“ အနည်းဆုံးတော့ ဒီနှစ်နှစ်လယ်ပိုင်း နောက်ဆုံးထားပြီး ဆွေးနွေးပွဲတစ်ခုခု စတင်သင့်ပါတယ်” လို့ ဆီဟာဆတ်က ရိုက်တာ ကိုပြောပါတယ်။ ဒါပေမယ့် သူက အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။
ထိုင်းနိုင်ငံဟာ နိုင်ငံတကာ မိတ်ဖက်တွေဖြစ်တဲ့ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့နှင့်လည်း အဆိုပါကိစ္စ အကြံဉာဏ်ရယူတိုင်ပင်နေတယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
“ မြန်မာအတွက် နိုင်ငံတကာ အသိုက်အဝန်းနှင့် ပြန်လည်ထိတွေ့ကာ အပြုသဘောဆက်ဆံမှု ပြန်စတင်နိုင်ဖို့ ဒါဟာ လမ်းဖွင့်ပေးတာဖြစ်တယ်” လို့ သူကပြောပါတယ်။
“ ဆွေးနွေးပမှုအချို့၊ အပြုသဘောဆောင်ဆွေးနွေးမှုအချို့ စတင်နိုင်ဖို့ အခွင့်အလမ်းဖြစ်တယ်” လို့ သူပြောတဲ့အကြောင်း ရိုက်တာက ဆက်လက်ရေးသားပါတယ်။
ထိုင်းနိုင်ငံဟာ ယင်းဦးဆောင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဦးစီးဦးရွက်ပြုမှုတစ်ခုကို စီစဉ်နေပါတယ်။ အဆိုပါ အစီအစဉ်အရ ယခုဖေဖော်ဝါရီလ နှောင်းပိုင်းခန့်မှာ မဲဆောက်-မြဝတီနယ်စပ်အနိးမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုံခြုံဇုန် Safe Zone တစ်ခုလုပ်ဆောင်သွာဖို့ရှိနေပါတယ်။ အဲဒီလုံခြုံဇုန်ကနေတစ်ဆင့် အစားအသောက်နှင့် ဆေးဝါးတွေကို ဒေသခံတွေနှင့် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူ လူနှစ်သောင်းခန့်ကို အကူအညီပေးမှာဖြစ်ပါတယ်လို့ ထိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောပါတယ်။
ဒီအစီအစဉ်ဟာ အာဆီယံ (၁၀)နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေဖြစ်ပါတယ်လို့ သူကဆိုပါတယ်။ အဆုံးစွန်ရည်မှန်းတာက ပဋိပက္ခတွေကို ထိန်းချုပ်နိုင်တဲ့အဆင့်ရောက်လာစေပြီး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းတွေ ဖွင့်ပေးဖို့ပဲဖြစ်တယ်လို့ သူက ပြောပါတယ်။
“ မြန်မာနိုင်ငံကို ဒီထက်ပိုပြီး မတည်မငြိမ်ဖြစ်မှာ ကျွန်တော်တို့မမြင်လိုဘူး” လို့ သူကပြောပါတယ်။ အဲဒါကြောင့် ဒီ လုပ်ငန်းစဉ်ဟာ ထိရောက်မှုရှိရမယ်။ ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာရမယ်” လို့လည်း သူကဆက်ပြောပါတယ်။
ယခုဦးစီးဦးရွက်ပြုမှုအစီအစဉ်ကို မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားမပြုသူကိုယ်စားလှယ်တစ်ဦးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တအမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်ကို ပထမဆုံးတက်ရောက်စေခဲ့တဲ့ လာအိုမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ထောက်ခံအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အာဆီယံ လူသာချင်းစာနာထောက်ထားမှဒ ဆိုင်ရာအကူအညီပေးရေးအဖွဲ့ရဲ့ကြီးကြပ်မှုနှင့် မြန်မာနှင့်ထိုင်းနှစ်နိုင်ငံရဲ့ ကြက်ခြေနီတွေက အကူအညီတွေကို မြေပြင်မှာ ပေး အပ်နေတာတွေ မြင်လာရတော့မှာဖြစ်တယ်လို့လည်း ရိုက်တာသတင်းကရေးပါတယ်။
@ymg/knl
Published_ 6 February 2024
မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား လူသားချင်းစာနာမှု အကူအညီ ပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid အား ဖေဖော်ဝါရီ ၅ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့စဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံစဉ် သွားရောက်ရန်ခက်ခဲတဲ့ နေရာဒေသများရှိ အကူအညီ လိုအပ်သည့် ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရေး ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆူဲဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် UNOCHA ရုံး၏ ဒုတိယအကြီးအကဲများဖြစ်တဲ့ Ms. Danielle Parry နှင့် Ms. Kyoko Ono တို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
Ymg_mnn
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
Page 720 of 1858