#Local_News
Published_24 Sept 2024


▪️ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၂၀လမ်း၊ ၈၆-၈၇လမ်းကြားတွင် အဆောက်အဦပြိုကျမှုဖြစ်ပွားခဲ့သောကြောင့် လူ ၅ ဦးဒဏ်ရာ ရခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

 

▪️ ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၂ နာရီ ၅ မိနစ်ခန့်က အဆောက်အဦးပြိုကျကြောင်း သတင်းအရ အောင်‌မြေသာစံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

 

▪️ အဆိုပါဖြစ်စဉ်ကြောင့် ကျား(၂)ဦး၊ မ(၃)ဦး စုစုပေါင်း(၅)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ကျား (၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) နှင့် မ(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) တို့အား စေတနာ မေတ္တာ ဂရုဏာအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ ချမ်းသာသုခအသင်းမှ သူနာတင်ယာဉ်(၁) စီးတို့ ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Yangon_Times/PP