#Local_News
Published_24 Sept 2024


▪️ MNDAA သိမ်းယူထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်လားရှိုးမြို့ကို ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက်တစ်နာရီခွဲခန့်အချိန်က ဗုံးကြဲရာတွင် ၉ ဦး၊ နံနက် ၄ နာရီခန့်အချိန် ဗုံးကြဲခံရမှုတွင် ၆ ဦး ပြင်း ထန်ဒဏ်ရာများ ရရှိခဲ့ကာ တစ်ဦးသေးဆုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

 

▪️ နံနက် ၁ နာရီခွဲအချိန်တွင် လေကြောင်းမှ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချခဲ့ကာ နံနက် ၄ နာရီခန့်တွင်လည်း ပေါင်း ၅၀၀ ဗုံး နှစ်လုံးကြဲချခဲ့ခြင်း ဖြစ်ကြောင်း ယင်းတွင် ဖော်ပြထားသည်။

 

▪️ အချို့သောတယ်လီဂရမ်သတင်းများတွင်မူ ဗုံးကြဲခံရမှုကြောင့် MNDAA စစ်သား အယောက် ၂၀ကျော်သေဆုံးသည်ဟု ရေးသားဖော်ပြနေကြသည်။

 

▪️ အဆိုပါ ဗုံးကြဲခံရမှုကြောင့် လားရှိုးမြို့ ရပ်ကွက် (၂)ရှိ ရထိုက်ဟိုတယ်နှင့် Golden Sunflower ဟိုတယ်၊ Family Cafe အနီးတစ်ဝိုက်ရှိ နေအိမ် ၊အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

▪️ MNDAA က လားရှိုးမြို့တွင် စစ်ပြီးပြီဟုဆိုကာ ပြန်လည်ထူထောင်ရေး ကာလအဖြစ်သတ်မှတ်ထားစဉ် လေကြောင်းတိုက်ခိုက်မှုကို ရက်ဆက်ခံနေရခြင်လည်း ဖြစ်သည်။

 

▪️ ပြီးခဲ့သည့် ဩဂုတ်လ (၃၀)ရက် ၊ စက်တင်ဘာလ ( ၉)ရက် ၊ ( ၁၀ ) ရက် နှင့် (၂၁) ရက် တို့တွင်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။

 

▪️ နစက အနေဖြင့် MNDAA၊ TNLA နှင့် AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ပြီးခဲ့သည့်စက်တင်ဘာလ ၂ ရက်တွင် ကြေညာထားခဲ့သည်။

 

#Yangon_Times/PP