#World_Health
Published 24 September 2024


▪️ တဲလ်အေဗစ်တက္ကသိုလ်နဲ့ ဥရောပကင်ဆာတက္ကသိုလ်တို့က အန်နျူပလွိုက်လို့ခေါ်တဲ့ ခရိုမိုဆုန်း အရေအတွက်မမှန်တဲ့ ကင်ဆာဆဲလ်တွေကို အသေအချာ လေ့လာခဲ့ကြကာ ကင်ဆာကုသနည်းမှာ တိုးတက်စေနိုင်မယ့် တွေ့ရှိချက်များ ထုတ်ဖော်ခဲ့ကြပါတယ်။

 

▪️ ကင်ဆာဆဲလ် အများအပြားက အန်နျူပလွိုက်များဖြစ်ကာ ကင်ဆာကုသဆေးအချို့ဖြင့် ကင်ဆာဆဲလ်များအပေါ် ပိုမိုထိရောက်စေတာကြောင့် ကင်ဆာအကျိတ်များ ဖယ်ရှားဖို့ နည်းလမ်းအသစ်များ ဖြစ်လာနိုင်ပါတယ်။

 

▪️ လူသားတွေမှာ ကြံ့ခိုင်တဲ့ဆဲလ်တွေက ခရိုမိုဆုန်း ၄၆ ခုရှိကြပေမယ့် ကင်ဆာဆဲလ်တွေမှာတော့ အရေအတွက် မမှန်ကြပါဘူး။

 

▪️ အန်နျူပလွိုက်ဆဲလ်တွေထဲက ပစ်မှတ်လို့ရနိုင်မယ့် အရာတွေကို တွေ့ရှိရင် ကျန်းမာတဲ့ဆဲလ်တွေကို မထိခိုက်ဘဲ ကင်ဆာကုသနိုင်လိမ့်မယ်လို့ ပရော်ဖက်ဆာ ဘင်ဒေးဗစ်က ရှင်းပြပါတယ်။

 

▪️ ယခုလေ့လာချက်မှာ မျိုးဗီဇအရ ထပ်တူညီတဲ့ လူသားဆဲလ်နမူနာတွေကို အသုံးပြုခဲ့ပြီး ခရိုမိုဆုန်း မတူညီကြပါဘူး။

 

▪️ ဒီနောက် အန်နျူပလွိုက်ဆဲလ် လက္ခဏာများကို အချက်အလက်များ မှတ်သားကာ အနာဂတ်မှာ ကင်ဆာလူနာတွေကို ထိရောက်စွာ ဘယ်လိုကုသမလဲဆိုတာကို သိရှိလာစေမှာ ဖြစ်ပါတယ်။

 

▪️ ဒီအင်န်အေ ပျက်စီးခြင်းတွေကိုလည်း အန်နျူပလွိုက်ဆဲလ်တွေက ပြုပြင်ပေးတယ်လို့ တွေ့ရှိထားပါတယ်။

 

▪️ ဒါကို စမ်းသပ်ရာမှာ ဓာတုကုထုံးဖြင့် ဆဲလ်အပျက်အစီးတွေကို သိရှိစေတာ တွေ့ရှိခဲ့ကြပါတယ်။
ဒါ့အပြင် ခရိုမိုဆုန်း များလာတဲ့အခါ ဒီအင်န်အေ၊ အာရ်အင်န်အေ၊ ပရိုတိန်းထုတ်လုပ်မှုများ ပိုများလာပါတယ်။

 

▪️ အန်နျူပလွိုက်ဆဲလ်တွေက ပိုလျှံနေတဲ့ အာရ်အင်န်အေနဲ့ ပရိုတိန်းတွေကို လျှော့ချကာ လက်ရှိဆေးတွေကို သိရှိစေတယ်လို့ တဲလ်အေဗစ်မှ ပရော်ဖက်ဆာ ယိုဟာနာဇာဘစ်က ပြောပါတယ်။

 

▪️ အန်နျူပလွိုက်ဆဲလ် ဝိသေသ အချက်အလက်များကို စုစည်းကာ ကင်ဆာလူနာတွေ ဘယ်ကုသနည်းနဲ့ ထိရောက်စေလဲဆိုတာ သိရှိနိုင်ပြီး အနာဂတ်မှာ သုတေသီများ၊ ကင်ဆာပညာရှင်များ၊ လူနာများ အကျိုးရှိစေနိုင်မှာ ဖြစ်ပါတယ်။

 

#Source: The Jerusalem Post