#Local_News
Published 10 July 2024
▪️ ရန်ကုန်မြစ်၊ လှိုင်မြစ်အတွင်း သဗ္ဗာန်တိမ်းမှောက်ခဲ့ပြီး ရေယာဉ်ပေါ်ပါရှိသူ (၁၇)ဦးအနက် (၈)ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး (၉)ဦးကိုဆက်ရှာနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
▪️ ထုတ်ပြန်ချက်တွင် ၁၀.၇.၂၀၂၄ ရက်နေ့၊ ၀၈ ၁၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း၊ ဗားကရားဆိပ်ကမ်းမှ ရေမိုင်(၅)ဖာလုံခန့်အကွာတွင် သမ္ဗာန်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်း၊
▪️ အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ 191 ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ သူနာတင်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
▪️ လတ်တလောတွင် ရေယာဉ်ပေါ်ပါရှိသူ (၁၇)ဦးအနက် (၈)ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ရန်ကုန်မြစ်အတွင်း အဆိုပါရေယာဉ်ပေါ်၌ကြည့်မြင့်တိုင်တဖက်ကမ်းမှ ကျောင်းသား /သူ နှင့်လူအချို့လိုက်ပါစီးနင်းလာကြောင်း သိရသည်။


#tthl #Yangon_Times
#World_Health
Published 10 July 2024
▪️ ဆေးလိပ်သောက်ခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးတွေကို သိရှိထားပြီးဖြစ်ကြပြီး ကင်ဆာ၊ လေဖြတ်ခြင်း၊ အဆုတ်ရောဂါများ၊ ဆီးချို၊ အသားအရေ အိုမင်းမြန်ခြင်းတို့ ပါဝင်ပါတယ်။
▪️ ယခုအခါမှာ ဩစတြီးယား အမျိုးသားတစ်ဦးကတော့ စီးကရက်စွဲလမ်းစွာ သောက်သုံးရင်း လည်ချောင်းမှာ အမျှင်ပေါက်လာတာ ဖြစ်ပါတယ်။
▪️ အသက် ၅၂ နှစ်အရွယ် အမျိုးသားဟာ ဆေးလိပ်စသောက်ပြီး ၁၇ နှစ်အကြာ ၂၀၀၇ ခုနှစ်မှာ ဆရာဝန်တွေထံ ပြသခဲ့ပါတယ်။
▪️ လည်ချောင်းကို ပြွန်ချောင်းကြည့်ရာမှာ ယခင်ခွဲစိတ်ဖူးတဲ့ လည်ချောင်းနေရာတဝိုက် ရောင်ရမ်းပြီး အမွှေးအမျှင်များစွာ ထွက်နေခဲ့ပါတယ်။
▪️ အသက် ၁၀ နှစ်အရွယ်မှာ ရေနစ်လုနီးပါး ဖြစ်ခဲ့ပြီး အသက်ပုံမှန်ရှူနိုင်ဖို့အတွက် လေပြွန်ဖောက်ခဲ့ရပါတယ်။
ဒီနောက် နားရွက်မှ အရေပြားနဲ့ အရိုးနုများယူပြီး ဒဏ်ရာကို ပိတ်ခဲ့ရပါတယ်။
▪️ နောက်ပိုငးမှာ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ ဒဏ်ရာနေရာကနေ အမွှေးထွက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။
ဆရာဝန်တွေက အမျှင်တွေကို ဆွဲနုတ်ခဲ့ကြပေမယ့် အပြီးတိုင် ပျောက်ကင်းမသွားပါဘူး။
▪️ အမွှေးတွေက ဆက်လက်ရှည်ထွက်နေပြီး ၁၄ နှစ်တိုင်အောင် နှစ်စဉ်ဆေးရုံပြသနေရပါတယ်။
▪️ ၂ လက်မလောက်ရှည်တဲ့ အမွှေး ၆ ချောင်းကနေ ၉ ချောင်းလောက်က အသံအိုးကိုဖောက်ကာ ပါးစပ်ထဲထိ ရှည်ထွက်နေပြီး ဖယ်ထုတ်တဲ့အခါမှာ ပိုးသတ်ဆေးတွေ ပေးခဲ့ရပါတယ်။
▪️ ၂၀၂၂ မှာတော့ ဆေးလိပ်သောက်တာ ရပ်လိုက်ပြီး အမျှင်ထွက်တဲ့ ပြဿနာသက်သာသွားကာ အမျှင်ထွက်တဲ့ အမြစ်ကိုပါ ကုသလိုက်ပါတယ်။
▪️ နောက်ထပ်တစ်ကြိမ် ကုသရာမှာတော့ အမျှင်တွေ ပြန်ထွက်မနိုင်အောင်ပါ ဖယ်ရှားနိုင်ခဲ့ပါတယ်။
▪️ အချို့ကတော့ ဒီလိုပြဿနာဟာ ဆေးလိပ်သောက်တာကြောင့်လို့ ဆိုကြပြီး လည်ချောင်းတစ်ရှူးရောင်ရမ်းကာ ပင်မစတမ်ဆဲလ်တွေကနေ မွှေးညင်းပေါက်များအဖြစ် ပြောင်းလဲသွားကာ အမွှေးအမျှင် ထွက်လာရတယ်လို့ ဆိုပါတယ်။

#Source: New York Post
၉ ဇူလိုင် ၂၀၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ရှင်းလင်းပြောကြားမှုများကို မီဒီယာများသို့ ပေးပို့ခဲ့ရာ အပြည့်အစုံပြန်လည်ဖော်ပြ ပေးအပ်ပါတယ်။
-ymg/knl
ဒုတိယကမ္ဘာစစ်အတွင်းဂျပန်ဇီဝလက်နက်အဖွဲ့မှကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအကြောင်း တိုကျို၌မှတ်တမ်းရုပ်ရှင်ပြသ
ဂျပန်တို့ ယခင်က ရန်လိုတိုက်ခိုက်ခဲ့တဲ့ သမိုင်းကြောင်းတွေကို ဂျပန်အစိုးရအား သတိပေးချင်တဲ့အနေဖြင့် ဒုတိယကမ္ဘာစစ်အတွင်း ရောဂါပိုးမွှားဖြင့် တိုက်ခိုက်တဲ့ Unit 731 အဖွဲ့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများအကြောင်း မှတ်တမ်းရုပ်ရှင်များကို ဂျပန်အရပ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းပြီး စနေနေ့က တိုကျိုမှာ ပြသခဲ့ကြပါတယ်။
#World_History
Published 09 July 2024
#ဂျပန်ဇီဝလက်နက်အဖွဲ့ #စစ်ရာဇဝတ်မှု
#YMG #Yangon_Times #Yangon_Media_Group
ဇူလိုင်၈- ၂၀၂၄
နေတိုးအဖွဲ့ကြီးအနေနှင့် အာရှပစိဖိတ်ဒေသမှာ တင်းမာမှုတွေလုပ်နေတာကို ရပ်တန့်ဖို့ တရုတ် နိုင်ငံကတောင်းဆိုလိုက်ပါတယ်။ အဲဒီအပြင် စစ်အေးကာလစိတ်သဘောထားတွေကို လျှောက်ဖြန့်နေတာ နှင့် အဖွဲ့ရဲ့ ထိပ်တိုက်ရင်ဆိုင်ရေးတွေကိုပါရပ်တန်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ လင် ကျန်းက ဇူလိုင် ၈ရက်ကပြောဆိုလိုက်ပါတယ်။
Source CCTV+
မြို့နယ်အသီးသီးမှာ ရောင်းချနေတဲ့ လက်လီဆန်ဆိုင်တွေမှာ သိုလှောင်ထားတဲ့ဆန်တွေကို ရည်ညွှန်းစျေးတွေနဲ့ စားသုံးသူတွေကို ရောင်းချပေးဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFက တိုက်တွန်းလိုက်ပါတယ်။
#Local_News
Published 09 July 2024
#သိုလှောင်ထားသည့်ဆန် #ရည်ညွှန်းစျေးဖြင့်ရောင်းချ
#NN #Yangon_Times
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နဲ့ဒုဌဝတီမြစ်ရေတွေဟာ ဆက်တက်နေပြီး မြစ်ရေကြီးနိုင်တဲ့ မြို့(၁၁)မြို့ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 09 July 2024
#မြစ်ရေဆက်တက် #မြို့(၁၁)မြို့ရှိနေ
#tthl #Yangon_Times
တောင်သူတွေထုတ်ရောင်းတာများပြားလို့ ကြက်သွန်နီအဝင်များချိန်မှာ ဈေးကွက်အေးနေတဲ့အတွက် ဈေးနှုန်းတွေ ကျဆင်းနေတယ်လို့ ကြက်သွန်နီဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 09 July 2024
#ကြက်သွန်နီအဝင်များ #ကြက်သွန်နီဈေးကျဆင်း
#NN #Yangon_Times
ကျောင်းလခအနည်းငယ်သာပေးရမယ့် အမြတ်မယူတဲ့ ပုဂ္ဂလိကကျောင်းတွေဖော်ဆောင်နိုင်ခြေရှိတယ်လို့ မြန်မာနိုင်ငံပုဂ္ဂလိကကျောင်းများအသင်းမှ သိရပါတယ်။
#Local_News
Published 09 July 2024
#ပုဂ္ဂလိကကျောင်းများ #ကျောင်းလခနည်း
#tthl #Yangon_Times
ဝမ်းပျက်ဝမ်းလျှောဖြစ်လို့(၃)ရက်အတွင်း ဆေးရုံတက်ကုသရတဲ့(၁၆၇)ဦးအထိရှိလာပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်သူ(၁၃)ဦးတွေ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 09 July 2024
#ဝမ်းပျက်ဝမ်းလျှောဖြစ် #ဆေးရုံတက်ရသည့်လူနာ(၁၆၇)ဦး
#tthl #Yangon_Times
#Local_News
Published 9 July 2024
▪️ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်သုံးလတာအတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၈ ခုကိုခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
ဧပြီလမှ ဇွန်လအထိ သုံးလတာအတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုကို ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် အမေရိကန်ဒေါ်လာ ၁၄၇ ဒသမ ၉၉၉ သန်း လုပ်ငန်းဆောင်ရွက်ခွင့် စိစစ်ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၉ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၂၁၅ ဒသမ ၀၆၀ ဘီလီယံ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
▪️ ပြည်ပရင်းနှီးမြှုပ်နှံမှုအများဆုံး ဝင်ရောက်ရာတွင် စင်္ကာပူနိုင်ငံကရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၀၁၉ သန်းဖြင့်အများဆုံး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရင်းနှီးမြှုပ်နှံ မှု အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၆၅၉ သန်းဖြင့်ဒုတိယအများဆုံး၊ အင်ဒိုနီးရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၈၉၂ သန်းဖြင့်တတိယအများဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
▪️ ထို့အပြင် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၆၆ သန်း ဖြင့် အများဆုံး၊ စက်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၁၂၆ သန်းဖြင့် ဒုတိယအများဆုံး၊ မွေးမြူရေးနှင့်ပတ်သက်သည့် လုပ်ငန်းများမှာတတိယအများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၈၈ ဒေါ်လာ သန်းဖြစ်ကြောင်း ၊၂၀၂၃-၂၄ ဘဏ္ဍာနှစ်၏ ကာလတူနှင့် နှိင်းယှဉ်ပါက ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ပိုမိုတိုးတက်လာကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Daily_News
Published 09 July 2024
၁။ ကျောင်းလခနည်းမည့် အမြတ်မယူသည့် ပုဂ္ဂလိကကျောင်းများဖော်ဆောင်လာနိုင်ခြေရှိဟုဆို
၂။ ကြက်သွန်နီအဝင်များချိန် ဈေးကွက်အေး၍ဈေးနှုန်းကျဆင်း
၃။ မြစ်ရေဆက်တက်ပြီး မြစ်ရေကြီးနိုင်သော မြို့(၁၁)မြို့ရှိနေ
၄။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဇီဝလက်နက်အဖွဲ့မှ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအကြောင်း တိုကျို၌မှတ်တမ်းရုပ်ရှင်ပြသ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 721 of 2058