#World_Health
Published 22 September 2024

▪️ စိတ်ကျဝေဒနာ ခံစားနေရသူတွေမှာ ဦးနှောက်ကွန်ရက်တစ်မျိုးက ၂ ဆလောက် ပိုမိုကြီးထွားနေတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။

 

▪️ ဖရန်တိုစထရိုက်တယ်ဆဲလီးယန့်လို့ခေါ်တဲ့ ကွန်ရက်ဖြစ်ပြီး ဒီအပိုင်းက ဦးနှောက်လုပ်ဆောင်ချက်တွေအကြောင်း ပြည့်ပြည့်စုံစုံ မသိရသေးပေမယ့် ဦးနှောက်ထဲမှ လှုံ့ဆော်မှုတွေနဲ့ တုန့်ပြန်ပုံတွေ ဆက်စပ်နေပုံကိုတော့ သိရှိထားပါတယ်။

 

▪️ ဒီပုံစံက နမူနာအများအပြားမှာ ပွားများနိုင်ပြီး ကွန်ရက်အစွန်ဘက် ပြောင်းလဲမှုတွေကြောင့် အဓိကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

▪️ ဖရန်တိုစထရိုက်တယ်ဆဲလီးယန့် ကွန်ရက်က အခြားလုပ်ဆောင်ချက် ကွန်ရက်တွေရှိရာကို ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

 

▪️ ဒီသုတေသနကနေ ဦးနှောက်တစ်ခုစီတိုင်းကို ဝင်ကြည့်နိုင်မယ့် အာရုံကြောချိတ်ဆက်လမ်းကြောင်းတွေအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


▪️ ပျမ်းမျှအသက် ၄၁ နှစ်အရွယ် လူ ၅၇ ယောက်ရဲ့ ဦးနှောက်တွေကို ဆန်းစစ်ပြီး ကျန်းမာတဲ့ လူ ၃၇ ဦးနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။

 

▪️ ကလေး ၁၁၄ ယောက်မှာ စိတ်ကျလက္ခဏာ မတွေ့ခင်နဲ့ တွေ့ပြီးနောက် ဦးနှောက်ပုံရိပ် အချက်အလက်များ ရယူပြီး လေ့လာခဲ့ကြပါသေးတယ်။

 

▪️ ဆဲလီးယန့်ကွန်ရက် ကြီးထွားခြင်းက အချိန်ကြာလာတဲ့အထိ ဆက်ဖြစ်နေပြီး စိတ်အခြေအနေနဲ့ မသက်ဆိုင်ကာ ကလေးတွေမှာ တွေ့ရှိနိုင်တယ်လို့ သုတေသီများ‌ ဖော်ပြကြပါတယ်။

 

▪️ ကလေးတွေမှာ ဖရန်တိုစထရိုက်တယ်ဆဲလီးယန့်ကွန်ရက် ချဲ့ထွင်လာခြင်းက စိတ်ဓာတ်ကျခြင်းနဲ့ ဘေးအန္တရာယ် ဖြစ်စေတဲ့ အကြောင်းအရင်းလို့ တွေ့ရှိလာပါတယ်။

 

▪️ စိတ်အခြေအနေအလိုက် ပြောင်းလဲခြင်းတွေက စိတ်ကျလက္ခဏာ ပြန်လည်ဖြစ်ပေါ်ခြင်းနဲ့လည်း သက်ဆိုင်နေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

 

#Source: WION