မလေးရှားအစိုးရမှ နိုင်ငံခြားသားလုပ်သားသစ်များ ခေါ်ယူခွင့်ကို လာမယ့်ဧပြီလလောက်မှာ ပြန်လည်ခွင့်ပြုပေးမယ့် အနေထား ရှိတဲ့အတွက် ပြည်တွင်းမှ မလေးရှားကို လုပ်သားပို့ပေးနေတဲ့ ဈေးကွက် ပြန်လည်ကောင်းလာမယ့်အနေထား ရှိတယ်လို့ မြန်မာပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA) မှ သိရပါတယ်။
#Local_News
Published_ 3 February 2024
#မလေးရှားလုပ်သား #ပြန်လည်ကောင်းနိုင်မည့်အနေထား
#YMG/LW #Yangon_Times
တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်၌ (၂)ရက်တိုင်တိုင်ကျင်းပမည် "ဖက်ထုပ်၊ တံတားကူးမြီးရှည် အစရှိတဲ့ တရုတ်ရိုးရာအစားအစာတွေကို မြည်းစမ်းသုံးဆောင်နိုင်သလို ဓာတ်ပုံရိုက်ဝါသနာပါသူများအနေနဲ့လည်း ရှေးခေတ်လူတွေအတိုင်းတရုတ်ရိုးရာဝတ်စုံတွေနဲ့ ကိုယ်တိုင်ဝတ်စားပြင်ဆင်ကြည့်နိုင်မှာဖြစ်တယ်။ တရုတ်ရိုးရာ ဆေးဆိုးပန်းရိုက်ပညာ၊ စက္ကူအလှညှပ်ပညာ အစရှိတဲ့ တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်း ကိုယ်တိုင်ပြုလုပ် လေ့လာနိုင်မယ်" ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ
#Local_News
Published_ 3 February 2024
#တရုတ်နှစ်သစ်ကူးပွဲတော် #တရုတ်ယဉ်ကျေးမှုစင်တာ
#tthl #Yangon_Times
#Local_News
Published 3 February 2024
ရန်ကုန်မြို့၊ ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မိပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံက သိရသည်။
ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီခွဲကျော်ခန့်တွင် ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မိမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ရှင်သန်ရေးကူညီမှုအသင်းမှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဟွန်ဒိုင်းပုဇဉ်းခေါင်းပစ်ကပ်နှင့် Toyota Taxi ယာဉ်တို့ တိုက်မိကာ ဟွန်ဒိုင်းပုဇဉ်းခေါင်းပစ်ကပ်မှ လမ်းထောင့်ရှိ သစ်ပင်နဲ့ မော်တော်ပီကယ်ရုံးကို ဝင်တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ဦး ရှိ ပြီး ၃ဦးမှာ အနီရောင်အဆင့် လူနာများ ဖြစ်ကာ စိုးရိမ်ရကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအားရှင်သန်ရေးလူမှုကူညီရေးအသင်း မှ Ambulanceယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ဗိုလ်မြတ်ထွန်းလမ်း #ယာဉ်နှစ်စီးတိုက်မိ #၇ဦးထိခိုက်ဒဏ်ရာရရှိ #YMG/LW #Yangon_Times
#Local_News
Published 3 February 2024
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့၏ အနောက်မြောက် (၁၉) မိုင်ခန့်အကွာအတွင် ယနေ့ နံနက်ပိုင်းက အင်အား၄ဒသမ ၂အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန သတင်းထုတ်ပြန်ချက်အရသိရသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၅၇)မိနစ်၊ (၅၁)စက္ကန့် အချိန်တွင်လှုပ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းတာချက်အရ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၂၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ အနောက်မြောက် (၁၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၄၂) ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် (၉၄.၅၆) ဒီဂရီ၊ အနက် (၆၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
#Local_News #စစ်ကိုင်းတိုင်းဖောင်းပြင်မြို့ # အင်အား၄ဒသမ၂ အဆင့် #မြေငလျင်တစ်ခုလှုပ်ခတ် #YMG/LW #Yangon_Times
#World_News
Published 03 February 2024
အမေရိကန်စစ်တပ်က အီရတ်နဲ့ ဆီးရီးယားတို့မှာရှိတဲ့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)နဲ့ ယင်းတို့ထောက်ပံ့နေတဲ့ တပ်ဖွဲ့များနဲ့ ဆက်စပ်နေတဲ့ ပစ်မှတ်ပေါင်း ၈၅ ခုကျော်ကို သောကြာနေ့က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဂျော်ဒန်မှာ အမေရိကန်တပ်သား ၃ ဦး ကျဆုံးစေခဲ့တဲ့ ဖြစ်ရပ်အတွက် လက်စားချေလိုက်တာ ဖြစ်ပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့က အီရန်နောက်ခံပြု စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို အဆင့်ဆင့် တုန့်ပြန်ဆောင်ရွက်နေရာမှာ ယခုလေကြောင်းတိုက်ခိုက်မှုတွေက ပထမဆုံးဖြစ်လာပြီး အမေရိကန်မှ တာဝေးပစ် B-1 ဗုံးကျဲလေယာဥ်များ အသုံးပြုခဲ့တာဖြစ်ပြီး လာမယ့်နေ့ရက်တွေမှာလည်း နောက်ထပ်စစ်ဆင်ရေးများ ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
အမေရိကန်တွေ တိုက်ခိုက်တာက အီရန်နိုင်ငံအတွင်းအထိ မရောက်ခဲ့ပေမယ့် အစ္စရေးလ် ပါလက်စ်တိုင်း စစ်ပွဲဂယက်ထနေတဲ့ အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခပိုမို တင်းမာလာဖွယ်ရှိနေပါတယ်။
တိုက်ခိုက်မှုတွေဟာ ဗဟိုထိန်းချုပ်ရေးဌာနများ၊ ဒုံးပျံများ၊ ဒုံးကျည်များ၊ ဒရုန်းသိုလှောင်ခန်းများအပြင် သယ်ယူပို့ဆောင်ရေးနဲ့ ချိတ်ဆက်ထောက်ပံ့ရေး အဆောက်အအုံတွေကို ထိမှန်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ဖော်ပြခဲ့ပါတယ်။
အမေရိကန်တပ်တွေက နေရာ ၇ နေရာမှ ပစ်မှတ်ပေါင်း ၈၅ ခုကျော်ထိမှန်ခဲ့ပြီး ဆီးရီးယားမှ ၄ နေရာနဲ့ အီရတ်မှ ၃ နေရာ ပါဝင်ခဲ့ပါတယ်။
ဒီပစ်မှတ်တွေဟာ အရှေ့အလယ်ပိုင်းအနှံ့ရှိ တပ်ဖွဲ့တွေကို များစွာလွှမ်းမိုးမှုရှိနေတဲ့ Quds တပ်ဖွဲ့တွေ ဖြစ်ပါတယ်။
တိုက်ခိုက်မှုတွေက အောင်မြင်ခဲ့ဟန်ရှိပြီး စစ်လက်နက်တွေကို ထိမှန်ခဲ့ကာ ထပ်ဆင့်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပေမယ့် စစ်သွေးကြွတွေ သေဆုံးခြင်းရှိမရှိတော့ မသေချာဘူးလို့ အမေရိကန် ဒုဗိုလ်ချုပ်ကြီး ဒေါက်ဂလပ်စ်ဆင်းစ်က ပြောကြားလိုက်ပါတယ်။
အဆောက်အအုံတွေမှာ ထိခိုက်ပျက်စီးမှုများ ရှိတာတော့သေချာပြီး စစ်ဆင်ရေးအချိန်ကိုက် ပြုလုပ်ရာမှာ ရာသီဥတုကလည်း အဓိကကျနေပါတယ်လို့ ဆိုပါတယ်။
ဆီးရီးယား အီရတ်နယ်စပ်နဲ့ ကန္တာရဒေသတွေမှာ အမေရိကန်ရဲ့ တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင် မီဒီယာက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။
အမေရိကန် တိုက်ခိုက်မှုတွေက ဒေသတွင်း မတည်မငြိမ် ဖြစ်စေတယ်လို့ အီရတ်စစ်တပ်က ပြောကြားလိုက်ပါတယ်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွေက အီရတ်အချုပ်အခြာအာဏာကို ချိုးဖောက်ရာကျကာ အီရတ်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထိခိုက်စေပြီး ဒေသတွင်းကို ခြိမ်းခြောက်နေတယ်လို့ အီရတ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ယာဟာရာဆူးလ်က ဆိုပါတယ်။
တုန့်ပြန်တိုက်ခိုက်မှုတွေက အခုမှစတင်တာဖြစ်ပြီး ကိုယ်တိုင်ရွေးချယ်တဲ့ အချိန်နဲ့နေရာတွေမှာ ဆက်လက်တိုက်ခိုက်သွားဦးမယ်လို့ ဂျိုးဘိုင်ဒင်က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
#World_News #အီရတ်နှင့်ဆီးရီးယား #အမေရိကန်တိုက်ခိုက် #Source: Reuters
#Local_News
Published 3 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ဘီအိုစီ မီးပွိုင့်အနီး ယာဉ်တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်းအမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အနီးဝန်းကျင်ရှိသူများထံမှ သိရသည်။
ဖေဖော်ဝါရီ (၂) ရက်၊ ည (၁၀)နာရီ၊ မိနစ် (၂၀) အချိန်ခန့်က လှိုင်သာယာမြို့နယ် ရန်ကုန် - ပုသိမ် လမ်းမကြီး ဘီအိုစီ မီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုတွင်ကုန်တင်ယာဉ် (၂)စီး မှာ အရှိန်မထိန်းနိုင်ဘဲတိုက်မိပြီး လမ်းပေါ်ကို တိမ်းမှောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းအမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
#Local_News # ဘီအိုစီမီးပွိုင့်အနီး #အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times
#Local_News
Published_3 Feb 2024
မနက်ဖြန် ဖေဖော်ဝါရီလ ၄ ရက် ပြုလုပ်မည့် Thai Fight မွေထိုင်းပြိုင်ပွဲ၌ (၁၆) ပွဲဆက်တိုက်အနိုင်ရထားသော ကယန်းလက်ဝှေ့မယ်ဘရော်နီကာနှင့်ထိုင်း မွေထိုင်းဖိုက် တာတို ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
ကယန်း လက်ဝှေ့ မယ် ဘရော်နီကာ မှာ (၁၆)ပွဲဆက်နိုင်ပွဲရယူထားသူ ဖြစ်သကဲ့ သို အခြားထိုင်းလက်ဝှေ့ပြိုင် ပွဲ ၂ ခုတွင် ခါးပတ်ရရှိထားသူဖြစ်ကြောင်း သိရသည်။
ယှဉ်ပြိုင်မည့်သူနှစ်ဦးလုံးမှာ အများစိတ်ဝင်စားသူများ ဖြစ်သောကြောင့် အဆိုပါ ပွဲစဉ်ကို ကြည့်ရှူသူများပြား မည် ဖြစ်ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြကြသည်။
ကယန်းလက်ဝှေ့မယ်ဘရော်နီကာ အနေဖြင့် (၂)နှစ်ဆက် အမျိုးသမီးချန်ပီယံ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
#Local_News #ကယန်းလက်ဝှေ့မယ် #မွေထိုင်းဖိုက်တာ #ယှဉ်ပြိုင်ထိုးသတ်ကြ #Yangon_Times/PP
#World_Health
Published 03 February 2024
ဂီတတူရိယာ တီးခတ်ခြင်း၊ သီချင်းသီဆိုခြင်းတို့ဖြင့် ဦးနှောက်ကို အချိန်အတော်ကြာ ကျန်းမာအောင် ထိန်းသိမ်းပေးနိုင်ကြောင်း လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
လူပေါင်း ၂ သောင်းခွဲကျော်ကို ဆယ်စုနှစ်တစ်ခု ကြာတဲ့အထိ လေ့လာရာမှာ ဂီတတီးခတ်သီဆိုခြင်းဖြင့် ဦးနှောက်ကျန်းမာရေးအပေါ် အကျိုးဖြစ်စေတာကို တွေ့ရှိလာပြီး အထူးသဖြင့် အသက် ၄၀ နဲ့အထက်တွေမှာ တွေ့ရပါတယ်။
အိတ်စ်တာတက္ကသိုလ်မှ သုတေသီများက ဂီတတူရိယာ တီးခတ်ခြင်းနဲ့ သီချင်းသီဆိုခြင်းတို့ဟာ ဦးနှောက်လုပ်ဆောင်ချက်အပေါ် သက်ရောက်မှု ဘယ်လိုရှိလဲဆိုတာကို လေ့လာဖော်ပြခဲ့ကြပါတယ်။
ဦးနှောက်ကျန်းမာရေးနဲ့ ပတ်သက်လို့ အစီအစဥ်ချမှတ်ခြင်း၊ အာရုံစူးစိုက်ခြင်း၊ သတိမှတ်ခြင်း၊ အလုပ်များစွာ လုပ်ဆောင်ခြင်း စတာတွေနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
ထိုထဲမှာမှ စန္ဒရားတီးသူတွေဟာ ဦးနှောက်ကျန်းမာရေး သိသိသာသာ တိုးတက်လာတယ်လို့ တွေ့ရှိရပါတယ်။
ဂီတရဲ့ သက်ရောက်မှုက မှတ်ဉာဏ်ပိုင်းမှာတင် မဟုတ်ဘဲ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ပြဿနာဖြေရှင်းခြင်းတို့မှာလည်း အရေးပါနေပါတယ်။
သီချင်းဆိုခြင်းကလည်း ဦးနှောက်ကျန်းမာရေးကို တိုးတက်စေပြီး အဖွဲ့လိုက်ပါဝင်သီဆိုခြင်းကလည်း အခန်းကဏ္ဍမှာ အရေးကြီးပါတယ်။
ခြုံပြောရမယ်ဆိုရင် တေးဂီတက ဦးနှောက် သွက်လက်အားကောင်းမှုကို အသုံးချခြင်းတစ်မျိုး ဖြစ်တယ်လို့ ပရော်ဖက်ဆာ ကိုဘက်ခ်က ပြောပြပါတယ်။
ဒီပတ်သက်မှုကို နောက်ထပ်လေ့လာရန် လိုအပ်တယ်ဆိုပေမယ့် တေးဂီတက ဦးနှောက်ကျန်းမာရေးကို ကာကွယ်ပေးတယ်ဆိုတဲ့ အသိကိုဖြန့်ဝေဖို့နဲ့ အသက်ကြီးသူတွေ ဂီတဘက်ကို စိတ်ဝင်စားစေရန် အားပေးသင့်တယ်လို့ ဆိုပါတယ်။
#World_Health #ဂီတတူရိယာတီးခတ်ခြင်း #ဦးနှောက်ကျန်းမာရေးကိုထိန်းသိမ်းပေး #Source: India Today
#World_Health
Published 03 February 2024
ငရုတ်ပွသီးတွေဟာ ဟင်းသီးဟင်းရွက်မျိုး မဟုတ်ဘဲ အသီးအနှံတွေဖြစ်ပြီး ဗိုက်တာမင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပါတယ်။
ငရုတ်ပွသီးတွေထဲမှာ အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်ဆိုပြီး ရှိတဲ့အထဲမှာ ငရုတ်ပွအနီက ရင့်မှည့်ခြင်းဖြစ်စဥ် ကြာရှည်တာကြောင့် အာဟာရဓာတ် အများဆုံးဖြစ်ပါတယ်။
ဘီတာကယ်ရိုတင်းနဲ့ လိုင်ကိုပင်းတို့ပါဝင်တာကြောင့် အနီရောင်ဖြစ်လာကြပြီး ဗိုက်တာမင်စီနဲ့ ဗိုက်တာမင်အေ မြင့်မားစွာ ပါဝင်ပါတယ်။
ငရုတ်ပွသီးရဲ့ ရင့်မှည့်ခြင်းကပဲ အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်တို့ကြား အဓိကကွာခြားသွားစေတာ ဖြစ်ပါတယ်။
ငရုတ်ပွအစိမ်းက အနီနဲ့ယှဥ်ရင် သိပ်မမှည့်ဘဲ ပိုမိုခါးသက်ပါတယ်။
ယေဘုယျအားဖြင့် ငရုတ်ပွသီးအရောင်ရင့်လေ အာဟာရဓာတ် ပိုများလေပဲ ဖြစ်ပါတယ်။
ငရုတ်ပွစိမ်းက သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ် ပိုမိုနည်းပါးပြီး ငရုတ်ပွအဝါကလည်း ဗိုက်တာမင် အေနဲ့စီ၊ လူတိန်းနဲ့ ဇီဇန်သင်းတို့ ပါဝင်ကာ မျက်လုံးကျန်းမာရေးကို အားကောင်းစေပါတယ်။
ငရုတ်ပွသီး ဘယ်အရောင်ပဲဖြစ်ဖြစ် ဗိုက်တာမင်စီ၊ အေ၊ B6၊ B9၊ အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး ငရုတ်ပွသီးအရောင်အားလုံး စားသုံးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
ငရုတ်ပွအနီမှာ ပါဝင်တဲ့ဓာတ်တွေက နှလုံးသွေးကြောရောဂါများကို တိုက်ဖျက်ပြီး ဟော်မုန်းညီမျှစေပါတယ်။
ငရုတ်ပွသီးတွေကို ချက်တဲ့အခါ ကယ်ရိုတင်းစုပ်ယူမှုကို အားကောင်းစေပေမယ့် ကြော်လှော်တဲ့အခါ အာဟာရဓာတ်ပါဝင်မှုကို လျော့နည်းစေပါတယ်။
အပူရှိန်နဲ့ ရေထဲမှာ ကြာမြင့်စွာ ချက်ပြုတ်ရင် ဗိုက်တာမင်ရရှိမှု နည်းပါးသွားပါတယ်။
ငရုတ်ပွသီး အရောင်အမျိုးမျိုးမှာ အာဟာရဓာတ် ပါဝင်မှုမတူညီတာကြောင့် အားလုံးကိုစားခြင်းက အကျိုးရှိစေပါတယ်။
ငရုတ်ပွသီးကို အစိမ်းလိုက်ရော ချက်ပြီးသားပါ စားသောက်ပေးပါက အလုံးစုံကျန်းမာရေးအတွက် သင့်လျော်စေပါတယ်။
#World_Health #ငရုတ်ပွသီး #ကျန်းမာရေးအတွက်အကောင်းဆုံး #Source: The Jerusalem Post
တရုတ်တောင်ပိုင်း ဓာတ်အားလိုင်း(CSG)နဲ့ လာအိုနိုင်ငံပိုင် အီလက်ထရီဆိုက်ဂျူလာအို (EDL)တို့ ပူးပေါင်းဆောင်ရွက်တဲ့ အီလက်ထရီဆိုက်ဂျူလာအို ထရန်စ်မစ်ရှင်ကုမ္ပဏီလိမိတက်ဟာ တနင်္လာနေ့မှာ တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး နှစ်နိုင်ငံကြား စွမ်းအင်ကဏ္ဍ အပြန်အလှန် အကျိုးသက်ရောက်မှုမှာ ကဏ္ဍသစ်ဖြစ်လာပါတယ်။
#Asia_Corporation
Published 2 February 2024
#တရုတ်နှင့်လာအို #ဓာတ်အားလိုင်းကုမ္ပဏီစတင်ဖွင့်လှစ်
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 2 February 2024
၁။ ပြည်တွင်းစက်သုံးဆီ ဈေးဆက်လက်မြင့်တက်လာပြီး တစ်လီတာလျှင် ကျပ် ၅၀ မှ ၁၀၀ ကျော်အထိဈေးမြင့်
၂။ အကယ်ဒမီပေးပွဲကို နိုင်ငံတကာဆုပေးပွဲများနည်းတူ ကင်မရာ(၂၂)လုံးဖြင့် တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်မည်
၃။ ဓနုအမျိုးသမီးများထုတ်လုပ်သည့် ချဉ်ပေါင်လျှော်အိတ်ထုတ်ကုန်များ ကိုရီးယားသို့တင်ပို့သွားမည်
၄။ တရုတ်နှင့်လာအိုတို့ပူးပေါင်းဆောင်ရွက်သည့် ဓာတ်အားလိုင်းကုမ္ပဏီစတင်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လမ်းပန်းဆက်သွယ်ရေး သွားလာမှု အခက်ခဲဖြစ်တဲ့ ဒေသတွေမှာ သယ်ယူပို့ဆောင်ရေးစရိတ် ကုန်ကျမှုတွေ အလွန်များတဲ့အတွက် ပြောင်းစိုက်သူတွေအနေနဲ့ ပြောင်းဈေးရရှိမှု အလွန်နည်းတယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းထံက သိရပါတယ်။
#Lcoal_ News
Published_ 2 February 2024
#ပြောင်းဈေးပြန်မြင့်လာ #လမ်းပန်းဆက်သွယ်ရေးအခက်ခဲ
#YMG/LW #Yangon_Times
Page 724 of 1858