#Local_News
Published 20 September2024


▪️ အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ နယူးဒေလီ၏  ထုတ်ပြန်ထားချက်အရ သိရသည်။

 

▪️ မြန်မာနိုင်ငံသားများအနေဖြင့် ယခင်ကနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအတွက် အိန္ဒိယရူပီး၂၉၄၀ ပေးဆောင်နေရခြင်းဖြစ်သည်။

 

▪️ ထို့အပြင် ပျောက်ဆုံးဒဏ်ကြေးအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာ၊ သက်တမ်းလွန် ဒဏ်ကြေးအနေဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာစသည်ဖြင့်နှုန်းထားများသတ်မှတ်ကောက်ခံ၍ ဆောင်ရွက်ပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ ယခုအခါ စက်တင်ဘာလ ၁ ရက်မှစတင်ပြီးမြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် စပ်လျဉ်းပြီး စာအုပ်တစ်အုပ်လျှင် အိန္ဒိယရူပီး ၃၆၀၀ ကို ပြောင်းလဲတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး ပျောက်ဆုံး ဒဏ်ကြေးနှင့် သက်တမ်းလွန်ဒဏ်ကြေးမှာမူ ပြောင်းလဲခြင်းမရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times