#Local_News
Published 20 September 2024


▪️ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာ နောက်ဘက်ရှိ စံပါယ်လမ်း၌  ယနေ့မနက်အစောပိုင်း၌ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ စက်တင်ဘာ၂၀ ရက်နေ့၊ ၁ နာရီ ၁၂ မိနစ်အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ စံပယ်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

 

▪️ "ပလာဇာရဲ့နောက်ဘက်ကလမ်းမှာမီး‌ လောင်မှုဖြစ်ပွားတာပါ၊ မီးပျက်ပြီးပြန်လာတဲ့အချိန်မှာလောင်တာ၊ သိပ်မကြာဘူးငြိမ်းသွားပါတယ်"ဟု နှင်းဆီလမ်းတွင်နေထိုင်သူတစ်ဦးက ပြောသည်။

 

▪️ အဆိုပါ  သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁ နာရီ ၃၀မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

▪️ ယင်းမီးလောင်မှု‌ ကြောင့်ဆုံးရှုံးမှုတန်ဖိုးအပါအဝင် မီးလောင်မှု ဖြစ်စဥ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ အသေးစိတ်စုံစမ်းလျှက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times