#Local_News
Published 20 September 2024


▪️ မြန်မာ့နိုင်ငံဓာတ်ပုံအသင်းမှကြီးမှူး၍ ဆရာကျော်ကျော်ဝင်း ( X-Photographer ) ၏ Mobile Phone Photography Class ကို ပထမဆုံးအကြိမ်အ​ဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ သင်တန်းသည် မိုဘိုင်းဖုန်းကင်မရာများကို အသုံးပြု၍ စနစ်တကျ အခြေခံကျကျဓာတ်ပုံရိုက်ကူးခြင်းကိုစိတ်ဝင်စားသူများ ၊ ခရီးသွားဓာတ်ပုံများကို မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးလိုသူများ၊ မိုဘိုင်းဖုန်းဓာတ်ပုံပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်လိုသူများအတွက် ရည်ရွယ်ပြီးဖွင့်လှစ်ခြင်းဖြစ်သည်။

 

▪️ သင်တန်းတွင် သင်ကြားတွင်  မိုဘိုင်းဖုန်း၏ ကင်မရာကို မှန်ကန်စွာရွေးချယ်ပြီး ထိထိရောက်ရောက်အသုံးပြုနည်းများ၊ မိုဘိုင်းဖုန်း၏ အခြေခံဆက်တင်များကို နားလည်ပြီး ထိန်းချုပ်ရိုက်ကူးခြင်းများ၊ ရိုးရှင်းလှပသော Composition ရယူနည်းများ၊ ဖုန်းဖြင့် ဓာတ်ပုံများကို ထူးခြားဆန်းသစ်သော စိတ်ကူးဖြင့် ရိုက်ကူးနည်းများ၊လက်တွေ့ ဓာတ်ပုံ ရိုက်ကူးခြင်းနှင့် Post-Processing  ပြုလုပ်ပြီးဓာတ်ပုံများ၏အရည်အသွေးကိုမြှင့်တင်ခြင်းအကြောင်းများ၊ နိုင်ငံတကာ မိုဘိုင်းဖုန်းဓာတ်ပုံပြိုင်ပွဲများနှင့်ဝင်ရောက်ယှဥ်ပြိုင်ခြင်း အကြောင်းများကို သင်ကြား‌ပေးသွားမည်ဖြစ်ပြီး သင်တန်းသားများအတွက် လက်တွေ့ပြိုင်ပွဲတခု ဝင်ရောက်ယှဥ်ပြိုင်ခြင်း များလည်းပါဝင်ကြောင်း သိရသည်။

 

▪️ ယင်းသင်တန်းကြေးမှာ တစ်သိန်းကျပ်ဖြစ်ပြီး မြန်မာ့နိုင်ငံဓာတ်ပုံအသင်းရုံးခန်း၌   ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၁ ရက်တွင် ညနေ ( ၄:၀၀ ) နာရီမှ ( ၅:၃၀ )အထိ သင်ကြားပေးသွားမည်ဖြစ်ကာသင်တန်းပြီးဆုံးပါက မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်​ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times