#Local_News
Published 31 January 2024
ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ဖွင့်လှစ်မည့် (၅၉)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းထီဖွင့်ပွဲနှင့် အွန်လိုင်းအောင်ဘာလေသိန်းထီဖွင့်ပွဲမှစ၍ လူပုဂ္ဂိုလ်များအား အသုံးမပြုဘဲ Air Blow Digital Machine စက်များအသုံးပြု ဖွင့်လှစ်ပေးသွားမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်)မှ သိရသည်။
အဆိုပါ Air Blow Digital Machine စက်ကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် အသုံးပြုနေပြီး အက္ခရာနှင့်ဂဏန်းများကို အရွယ်အစား အလေးချိန်တူညီသော ပုံစံတူ RFID law ကိုရွေးချယ်အသုံးပြုထားခြင်းဖြစ်ကြောင်းသိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်အပြင် လက်ရှိကျင့်သုံးလျက်ရှိသော ထီလက်မှတ်များ ပုံနှိပ်ဖြန့်ဖြူးရောင်းချသည့် အောင်ဘာလေသိန်းဆုထီစနစ်ကိုကျင့်သုံးနေပြီး ထီဖွင့်ပွဲတွင်လည်း လူပုဂ္ဂိုလ်များအသုံးပြု၍ မဲနှိုက်ရွေးချယ်ခြင်းဖြစ်သည်။
#YMG/LW #Yangon Time
#World_Politics
Published 31 January 2024
ဟိုတယ်ပိုင်ရှင် ရောဘတ်ဘစ်ဂယ်လိုက ရီပတ်ဘလစ်ကန် သမ္မတကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်အတွက် တရားရေးကုန်ကျစရိတ် ဒေါ်လာ ၁ သန်းပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပြီး မဲဆွယ်စည်းရုံးရေးအတွက်လည်း ထရမ့်ထောက်ခံသော ပြင်ပအဖွဲ့အစည်းတစ်ခုကို နောက်ထပ်သန်း ၂၀ လှူဒါန်းရန် သဘောတူညီလိုက်ပါတယ်။
‘’လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က သူ့အတွက် တရားရေးကုန်ကျစရိတ် ဒေါ်လာ ၁ သန်းပေးခဲ့ပါတယ်။ မဲဆွယ်ရေးအဖွဲ့အတွက်လည်း နောက်ထပ်သန်း ၂၀ ပေးဖို့ ကတိပြုခဲ့ပါတယ်’’ လို့ Budget Suites of America ပိုင်ရှင်က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ဂျိုးဘိုင်ဒင်ကို ရင်ဆိုင်မယ့် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းတွေထဲမှာ ရှေ့ဆုံးကပြေးနေတဲ့ ထရမ့်အတွက်တော့ ငွေအင်အားအများအပြား ရှိနေပြီဖြစ်ပြီး ဒီကတိမျိုးက ယခင်က မဖော်ပြခဲ့ကြပါဘူး။
ရာဇဝတ်မှု ၄ ခုနဲ့ရင်ဆိုင်နေရတဲ့ ထရမ့်အတွက် လှူဒါန်းတာဟာ အချို့သော နိုင်ငံရေးအလှူရှင်တွေ လှုပ်ရှားနေတဲ့ ပုံစံမျိုးနဲ့ ကွဲပြားနေတာကြောင့် ဘစ်ဂယ်လိုရဲ့ ပေးဆပ်မှုက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
ဘစ်ဂယ်လိုအေရိုစပေ့စ်ကို တည်ထောင်ထားသလိုနဲ့ ဂြိုဟ်သားသက်ရှိများအကြောင်း စူးစမ်းလေ့လာရေးတွေမှာ ငွေကြေးပံ့ပိုးပေးနေတဲ့ ဘစ်ဂယ်လိုက ရာဇဝတ်မှုတွေကို မမျှမတရင်ဆိုင်နေရတဲ့ ထရမ့်ကို ဂရုဏာသက်မိကာ ပေးကမ်းချင်စိတ် ဖြစ်လာတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂသံအမတ်ဟောင်း နစ်ကီဟာလေကို တားဆီးလိုက်ကြကာ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပြိုင်ဘက်အားလုံးက ယှဥ်ပြိုင်မှုကနေ ထွက်ခွာသွားကြပြီဖြစ်ရာ ထရမ့်အနိုင်ရဖို့ သေချာနေပါတယ်။
ထရမ့်နဲ့အဖွဲ့က ဟာလေအနားထံကနေ အင်အားတောင့်တင်းသူတွေကို ဖယ်ရှားရန် ကြိုးပမ်းနေပြီ အလှူရှင်တွေကို ဘက်ပြောင်းလဲဖို့ ပြောဆိုနေကြပါတယ်။
ဘစ်ဂယ်လိုဟာ အစကတော့ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်ကို ထောက်ပံ့နေခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ကို နိုင်ငံရေးမှာ အောင်ပွဲရရှိရန် ကြိုးပမ်းနေပေမယ့် တရားရေးကုန်ကျစရိတ်တွေကတော့ မြင့်မားလာပါတယ်။
ထရမ့်အတွက် တရားရေးစရိတ် ထောက်ပံ့ပေးရတာဟာ သူ့ရဲ့ အမေရိကကယ်တင်ရေး PAC ကြောင့်ဖြစ်တယ်လို့ ဘစ်ဂယ်လိုက ပြောပြခဲ့ပါတယ်။

#World_Politics #ဟိုတယ်ပိုင်ရှင်ရောဘတ်ဘစ်ဂယ်လို #ဒေါ်နယ်ထရမ့်ကိုတရားရုံးစရိတ်ဒေါ်လာတစ်သန်းပေး #Source: Reuters
#Local_News
Published-31 January 2024
ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်းတွင်ယခုနှစ်ဇန်နဝါရီလ၌ ကောက်ယူခဲ့သည့်စာရင်းအရငှက်မျိုးစိတ်၁၂၂မျိုးမှ ငှက်ကောင်ရေနှစ်သောင်းကိုးထောင်ကျက်စားနေပြီဖြစ်ကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှသိရသည်။
အဆိုပါမိုးယွန်းကြီးအင်းတွင် အာရှရေပျော်ငှက်စာရင်းကို နှစ်စဉ်ဇန်နဝါရီလတိုင်းမှာကောက်ယူလေ့ရှိပြီး ယခုနှစ်မှာတော့ ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်များတွင် ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလကောက်ယူထားသည့် စာရင်းအရရေပျော် ဆောင်းခိုငှက်၃၃မျိုး၊ ဆောင်းခိုငှက်ကုန်းငှက်၁၈မျိုး၊ ဌာနေငှက် ၇၁ မျိုး စုစုပေါင်း ငှက်မျိုးစိတ် ၁၂၂ မျိုးရှိပြီးကောင်ရေ အနေဖြင့် ဆောင်းခိုငှက်(၁၂၀၀၀) ကောင်နှင့် ဌာနေငှက်(၁၇၀၀၀)စသည်ဖြင့် စုစုပေါင်းငှက်ကောင်ရေ ၂၉၀၀၀ ရှိကြောင်း သိရသည်။
ရွှေ့ပြောင်းငှက်များဖြစ်သည့် ဆော င်းခိုငှက်များသည် ကမ္ဘာ မြောက်ခြမ်းမှ ကမ္ဘာ့ တောင်ခြမ်းကိုလာပြီးဆောင်းခိုကြ ကြောင်းဆောင်း ခိုငှက်များသည် ရေဝပ်ဒေသဂေဟစနစ်ကြီးကောင်းမွန် သည့်အတွက်လာရောက်ကျက်စားကြခြင်းဖြစ်ကြောင်းသိရသည်။
မိုးယွန်းကြီးအင်းတွင်ဆောင်းခိုငှက်၊ ဌာနေငှက်နှင့်ကုန်းငှက်များအပြင် ငါးမျိုးစိတ် ၄၀ ကျော်ရှိကြောင်း သိရသည်။
အဆိုပါ မိုးယွန်းကြီးအင်းသို့ ငှက်ကြည်ဝါသနာရှင်များလာရောက်လည်ပတ်ကြောင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ဇန်နဝါရီလထက် ငှက်ကောင်ရေတစ်ထောင်ပိုကျကြောင်း သိရသည်။
#Local_News #ငှက်မျိုးစိတ် ၁၂၀ကျော် #ငှက်ကောင်ရေသုံးသောင်းနီးပါးကျက်စားနေ #YMG/NN #Yangon_Times
#Local_News
Published 31 January 2024
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းကျေးရွာတွင် ဇန်နဝါရီလ (၃၁) နံနက် (၆)နာရီ (၁၈)မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ကြည့်မြင်တိုင်မြို့နယ်၊ တစ်ဖက်ကမ်း၊ စက်ဆန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ စက်ဆန်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၆)နာရီ ၃၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၆)နာရီ (၃၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲ့ မှ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။


#Local_News #စက်ဆန်းကျေးရွာ # မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times
#World_Health
Published 31 January 2024
နေ့ခင်းနေ့လယ် ခဏတဖြုတ် တရေးအိပ်ခြင်းဟာ ဦးနှောက်အရွယ်အစား ကြီးလာတာနဲ့ ဆက်စပ်နေတယ်လို့ Sleep Health ဂျာနယ်မှာ ဖော်ပြထားပါတယ်။
လူတွေရဲ့ ဦးနှောက်က အသက် ၄၀ ကျော်လာတဲ့အခါ ဆယ်စုနှစ်တစ်ခုကြာတိုင်း အရွယ်အစားနဲ့ အလေးချိန် ၅ ရာခိုင်နှုန်းစီ လျော့နည်းလာပြီး အသက် ၇၀ ကျော်တဲ့အခါ ပိုမိုမြန်ဆန်စွာ ကျဆင်းလာကာ မှတ်ဉာဏ်ပိုင်းနဲ့ အသိဉာဏ်ပိုင်း လုပ်ဆောင်ချက်များ ပြောင်းလဲလာပါတယ်။
ရံဖန်ရံခါ တရေးအိပ်တတ်သူတွေဟာ တရေးမအိပ်သူတွေနဲ့ယှဥ်ရင် ၂ နှစ်ခွဲမှ ၆ နှစ်ခွဲလောက်အထိ သက်တမ်းကြီးရင့်မှုမှာ ကွာခြားတယ်လို့ တွေ့ရှိထားပါတယ်။
နေ့ပိုင်းမှာ တရေးအိပ်တတ်သူတွေက အသက်ကြီးလာတဲ့အခါ ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းပေးထားတဲ့ လျှို့ဝှက်ချက် ဖြစ်နေနိုင်ကြောင်း သုတေသနပြုစုသူ ဒေါက်တာ ဗစ်တိုးရီးယားဂါဖီးလ်က ဖော်ပြခဲ့ပါတယ်။
လန်ဒန်တက္ကသိုလ်ကောလိပ်နဲ့ ဥရုဂွေးပြည်သူ့တက္ကသိုလ်တို့မှ သုတေသီများက တရေးအိပ်တတ်သူတွေနဲ့ မအိပ်တတ်သူတို့ရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ဆန်းစစ်ခဲ့ကြပါတယ်။
လေ့လာချက်မှာ တရေးအိပ်ခြင်းက ဦးနှောက်ထုထည် ကြီးမားတာနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်။
စမ်းသပ်ပါဝင်သူအားလုံးက ဥရောပလူဖြူတွေ ဖြစ်နေတာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။
မိနစ် ၂၀ - ၃၀ လောက် တရေးအိပ်ခြင်းဖြင့် နိုးကြားမှု၊ စိတ်အခြေအနေ၊ မှတ်ဉာဏ်ပိုင်းတို့ မြင့်မားစေပြီး ဖိစီးမှုကို လျှော့ချပေးနိုင်တယ်လို့ ယခင်လေ့လာမှုတွေမှာလည်း တွေ့ရှိထားပါတယ်။
လူတွေက အိပ်စက်ခြင်းအကြောင်းအရာကို ပိုမိုစိတ်ဝင်စားလာပြီး ယမန်နှစ်က ဂူဂဲလ်အသုံးပြုရှာဖွေရာမှာ အိပ်စက်ခြင်းဆိုတဲ့ စကားလုံးက လူအများဆုံးရှာဖွေတဲ့ အရာဖြစ်နေပါတယ်။
#World_Health #ဦးနှောက်ထုထည်ကျုံ့လာခြင်း #နေ့ခင်းတရေးအိပ်စက်ခြင်း #Source: New York Post
#World_Health
Published 31 January 2024
ကိုယ်ဝန်ရဖို့ဆိုတာ လူတိုင်းအတွက် မလွယ်ကူဘဲ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ကိုယ်တွင်းနဲ့ ပြင်ပအရာများစွာက သက်ရောက်နေပါတယ်။
မျိုးပွားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ကမ္ဘာတဝှမ်းမှာ ပြဿနာအကြီးအသေးများစွာ ရှိနေပေမယ့် ကိုယ်ဝန်ရနိုင်ခြေများစေမယ့် နည်းလမ်းတွေလည်း ရှိပါတယ်။
(၁) ကိုယ်ဝန်ရနိုင်ခြေများသော ကာလနှင့်မလွဲပါစေနှင့်
နောက်ဆုံးဓမ္မတာလာချိန်ရဲ့ ပထမဆုံးနေ့ကနေ ၁၄ ရက်မြောက်တဲ့နေ့မှာ မျိုးဥကြွေတတ်ပြီး ထိုနေ့ဟာ သန္ဓေရဖို့ အကောင်းဆုံးအချိန်ဖြစ်တာကြောင့် မိမိရဲ့ဓမ္မတာစက်ဝန်းအချိန်ကို သိရှိထားရန် အရေးကြီးပါတယ်။
(၂) မျိုးပွားနိုင်စွမ်းမြှင့်တင်ပေးသော စားစရာများစားပါ
အစေ့အဆန်များ၊ လတ်ဆတ်သော သီးနှံများ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီများ၊ ပရိုတိန်းကြွယ်ဝတဲ့ အစားအစာများဟာ သန္ဓေရနိုင်ခြေကို သဘာဝအတိုင်း မြှင့်တင်ပေးပါတယ်။
(၃) နေထိုင်မှုပုံစံ ပြုပြင်ထိန်းသိမ်းပါ
ကိုယ်ဝန်ရဖို့ ကြံရွယ်ထားတယ်ဆိုရင် အလွန်အကျွံ လေ့ကျင့်ခန်းမျိုးမလုပ်ဘဲ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပြီး ကိုယ်အလေးချိန် ထိန်းသိမ်းထားပါက ကိုယ်ဝန်ရနိုင်ခြေ များလာပါတယ်။
(၄) ဆေးလိပ်ရှောင်ရှားပါ
ဆေးလိပ်သောက်ခြင်းဟာ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ကိုယ်ဝန်ရနိုင်ခြေကို ဆိုးရွားစွာ ထိခိုက်စေပြီး ဘေးကနေ ဆေးလိပ်ငွေ့ ရှူမိလျှင်ပင် ထိခိုက်စေပါတယ်။
(၅) ဖိစီးမှုလျှော့ချပါ
ဖိစီးမှုကို မထိန်းချုပ်နိုင်ဘဲ ဟော်မုန်းမညီမျှမှု ဖြစ်လာရင် ဓမ္မတာစက်ဝန်းနဲ့ မျိုးဥကြွေခြင်းကို ထိခိုက်လာပါတယ်။
#Source: DoctorNDTV #World_Health #ကိုယ်ဝန်ရချင်သူ #ရိုးရှင်းသောနည်းလမ်းကောင်းများ
Published_31 Jan 2024
မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့အဓိကခေါင်းဆောင် ၆ ဦး နှင့် သံသယရှိသူ ၄ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သိရသည်။
ဇန်နဝါရီလ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့အဓိကခေါင်းဆောင် ၆ ဦးဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင် ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၄ ဦး၊စုစုပေါင်း ၁၀ ဦးကို တရားဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်လှုပ်ရှားမှုသည် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်း ဆောင် ရွက် ရာတွင် နောက်ထပ်ရရှိသည့် အထင်ကရ အောင်မြင်မှုရလဒ်ပင်ဖြစ်ကြောင်းလည်း ယင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ယင်းသည် နှစ်နိုင်ငံက နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကို ပူးတွဲတိုက်ဖျက်ခြင်း၊ အတူလက်တွဲကာ လုံခြုံ ရေးနှင့်တည်ငြိမ်မှုကို ထိန်းသိမ်းသည့် ပြတ်သားသောသန္နိဋ္ဌာန်ချက်နှင့် ခိုင်မြဲသောစိတ်ဓာတ်ကို အပြည့် အဝ ထင်ဟပ်စေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ခြင်း “အဆိပ်အတောက်” ကို ပြတ်သားစွာ အမြတ်ပြတ်ချေမှုန်းရန်အတွက် တရုတ်-မြန်မာရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးမှု လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူပေါင်း ၄၄,၀၀၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးရာ ၎င်းတို့အနက် နောက်ကွယ်မှ “ငွေကြေး ထောက်ပံ့သူ” ၊ အဖွဲ့ခေါင်းဆောင်နှင့်အမာခံများ ၁၇၁ ဦး၊ တရားခံပြေး ၂၉၀၈ ဦးပါဝင်ကြောင်းလည်း သိရသည်။














Yangon_Times/PP




၃၀ ဇန်နဝါရီ ၂၀၂၄
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကို နစက ဥပဒေအမှတ်၁၅/၂၀၂၄ ဖြင့် ယနေ့ ၂၀၂၄ခုနှစ်ဇန်နဝါရီ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါ ဥပဒေအရ ၂၀၂၃ခုနှစ် ဇန်နဝါရီ (၂၆)ရက်တွင်ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပုဒ်မ(၂) ပုဒ်မခွဲ(ဆ)၊ပုဒ်မ ၅ ပုဒ်မခွဲ(စ)နှင့် ပုဒ်မခွဲ(ဇ)၊ပုဒ်မ ၁၇နှင့် ပုဒ်မ ၁၉ တို့ကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
ပြင်ဆင်ချက်အရ ကြားဖြတ်ရွေးကောက်ပွဲ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် “ ကြားဖြတ်ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်ပုံမှန်သက်တမ်းတစ်ရပ်အတွင်း မဲဆန္ဒနယ်တစ်ခုခု၌ ရွေးကောက်ပွဲရွှေ့ဆိုင်းထားရ
ခြင်းကြောင့်ဖြစ်စေ” ဟူသော မူလဥပဒေပုဒ်မ၂ ပုဒ်မခွဲ(ဆ)ပါ စကားရပ်ကို ချပ်လှပ်ထားခဲ့ကြောင်း တွေ့ ရပါတယ်။
ထို့အပြင် “ရက်ပေါင်း ၉၀” နှင့် “ရက်ပေါင်း ၁၈၀”ဆိုသည့် စကားရပ်များကိုလည်း အစားထိုးခဲ့ပြီး ပြည်ထောင်စုအဆင့်ပါတီများ အတွက် ပါတီဝင်လိုအပ်ချက်ကို ဦးရေ၁၀၀၀၀၀(တစ်သိန်း)မှ ၅၀၀၀၀ (ငါးသောင်း) သို့လျှော့ချ ပေးခဲ့ပါတယ်။ ပါတီရုံးခန်းဖွင့်ရန်လည်း မြို့နယ်အားလုံး၏အနည်းဆုံး ထက်ဝက်အစား အနည်းဆုံးသုံးပုံတစ်ပုံ သို့လျှော့ချပေခဲ့ပါတယ်။
ပုဒ်မများနှင့်ပုဒ်မခွဲအလိုက်ပြင်ဆင်ခြင်းများကို ရှင်းလင်းစွာသိစေနိုင်ရန်အတွက် ဇယားကားချပ်များဖြင့် YMG က ပူးတွဲတင်ပြပေးထားပါတယ်။
@ymg/knl
ဟားဗတ်ဒ်တက္ကသိုလ်မှ ဖော်ပြတဲ့ အချက်အလက်အသစ်များအရ အမေရိကန်လူမျိုး ၂၂ သန်းခန့်ဟာ နေရေးထိုင်ရေးအတွက် မတတ်နိုင်တော့ဘဲ အမေရိကန်မှာ အိမ်မဲ့ယာမဲ့လူဦးရေ မြင့်တက်လာတယ်လို သိရပါတယ်။
#World_RealEstate
Published_ 30 January 2024
#အိမ်ငှားရမ်းခများမြင့်တက် #အိမ်ရာမဲ့လူဦးရေတိုးများ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 30 January 2024
၁။ ကိုဗစ်ပိုးတွေ့သူ(၇၃)ဦးရှိ၊ ရန်ကုန်၌ ကူးစက်ခံရသူ (၅၀)ကျော်တွေ့ပြီး ကူးစက်မှုအများဆုံးဖြစ်နေ
၂။ Yangon ပြည်တွင်းဈေးကွက်သာ ၀ယ်လိုအားရှိသော်လည်း အုန်းသီးဈေးမြင့်နေ
၃။ တရုတ်နှစ်ကူးကြောင့် ပြည်ပအဝယ်တန့်ပြီး ကြက်သွန်နီဈေးဆက်ကျ
၄။ အမေရိကန်တွင် အိမ်ငှားရမ်းခများမြင့်တက်ကာ အိမ်ရာမဲ့လူဦးရေတိုးများလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ယမန်နှစ်ဆောင်းရာသီက ရေခဲတောင်တက်ရောက်ရန်လာရောက်တဲ့ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် များပေမယ့် သွားလာရေး အခက်အခဲများနဲ့ ကုန်ကျစရိတ်များလာခြင်းတွေကြောင့် ယခုနှစ်ဆောင်းရာသီမှာ လာရောက်သူ အလွန်နည်းတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 30 January 2024
#ရေခဲတောင်ခရီးစဉ် #လည်ပတ်သူအလွန်နည်း
#YMG/LW #Yangon_Times
ရန်ကုန်မိုးရွာပြီးစစ်ကိုင်း၊ တနင်္သာရီ၊ ကချင်စသည့် ဒေသ (၃)ခု၌မိုးထစ်ချုန်းမည်။ ဇန်နဝါရီလ(၃၁)ရက်မှာတော့ ကရင်နှင့်မွန်တို့မှာ နေရာစိပ်စိပ်၊ တနင်္သာရီမှာနေရာကျဲကျဲနှင့် စစ်ကိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာဦးမယ်။ ဇန်နဝါရီလ(၃၁)ရက်နဲ့ဖေဖော်ဝါရီ(၁)ရက်မှာတော့ စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကချင်စတဲ့ ဒေသ (၃)ခုမှာ မိုးထစ်ချုန်းရွာဖို့ရှိတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#Local_News
Published_ 30 January 2024
#စစ်ကိုင်း၊တနင်္သာရီ၊ကချင် #မိုးထစ်ချုန်းရွာမည်
#tthl #Yangon_Times
Page 728 of 1858