Published 20 March 2024
လူတွေရဲ့ ဘဝသက်တမ်းမှာ အသက်ရှည်ကျန်းမာဖို့အတွက် အချို့အရာတွေက လက်လှမ်းမမီသလို လုပ်လို့ရနိုင်တဲ့အရာတွေလည်း ရှိပါတယ်။
မျိုးရိုးဗီဇအရ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေများတဲ့ သူတွေတောင် ကျန်းမာရေးနဲ့ ညီညွတ်စွာ ပြုမူနေထိုင်ပါက နှစ်ပေါင်းများစွာတိုင်အောင် ရောဂါလက္ခဏာ ကင်းဝေးစေနိုင်တယ်လို့ နယူးဂျာစီ ဟက်ကင်ဆက်မယ်ရီဒီယန်ကျန်းမာရေးမှ ဒေါက်တာ ဂယ်ရီစမောလ်က ပြောပြပါတယ်။
ကျန်းမာအသက်ရှည်ရန်အတွက် အရေးအကြီးဆုံး ပြုမူနေထိုင်ပုံ ၅ မျိုးကို စမောလ်က မျှဝေသွားပါတယ်။
(၁) အကောင်းမြင်တတ်ပါ
အကောင်းမြင်တတ်သူတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ နည်းပါးခြင်း၊ နာကျင်ခံစားရမှု နည်းပါးခြင်း၊ ခွန်အားပိုရှိပြီး ပျော်ရွှင်အေးချမ်းကြရပါတယ်။
ပိုပြီး အကောင်းရှုမြင်တတ်ရန် ကြိုးပမ်းခြင်းဖြင့် စိတ်နေစိတ်ထားလည်း ပြောင်းလဲလာနိုင်ပါတယ်။
(၂) တက်ကြွလှုပ်ရှားစွာနေထိုင်ပါ
ပုံမှန်လှုပ်ရှားလေ့ကျင့်တာဟာ ပျမ်းမျှနေထိုင်သက်တမ်း ကြာရှည်လာတာနဲ့ ဆက်စပ်နေပါတယ်။
အစပိုင်းမှာ ခက်ခဲတတ်ပေမယ့် လုပ်ပြီးတဲ့အခါမှာတော့ အားပိုရှိခြင်း၊ အိပ်ကောင်းစားကောင်းခြင်း၊ နောက်ထပ်ပြုလုပ်ရန် စိတ်ပါခြင်းတို့ ရလာပြီး သွေးလှည့်ပတ်မှု ကောင်းမွန်ခြင်း၊ ပျော်ရွှင်မှုဟော်မုန်း ထွက်စေခြင်း၊ ဦးနှောက်ဆဲလ် ချိတ်ဆက်မှုအားကောင်းခြင်း၊ နှလုံးကျန်းမာရေး မြှင့်တင်ခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
(၃) ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးပါ
ကျန်းမာစွာ စားသောက်ခြင်းဖြင့် နှလုံးရောဂါ၊ ကင်ဆာ၊ အသက်အရွယ်နဲ့ဆိုင်တဲ့ အခြားရောဂါများမှ ဖြစ်နိုင်ခြေနည်းစေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တဲ့ အသီးအရွက်တွေက အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့ ဓာတ်တိုးခြင်းကို လျှော့ချပေးပါတယ်။
အဆင့်ဆင့်ထုပ်ပိုးထားတဲ့ စားစရာတွေနဲ့ သန့်စင်ပြီး သကြားတွေကိုလျှော့ချပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။
(၄) ဖိစီးမှုလျှော့ချပါ
ကာလကြာရှည်စွာ စိတ်ဖိစီးခြင်းက ဒီမန်ရှာရောဂါနဲ့ နှလုံးပြဿနာများ ဖြစ်စေနိုင်ပါတယ်။
တရားထိုင်ခြင်းနဲ့ အကြောလျှော့ လေ့ကျင့်ခန်းများက စိတ်ခံစားမှုကို တိုးတက်စေပြီး မှတ်ဉာဏ်စွမ်းရည် မြှင့်တင်ပေးပါတယ်။
(၅) မိမိကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပါ
တရားထိုင်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်ခြင်းတို့ဖြင့် နာတာရှည်ရောဂါများ ကာကွယ်နိုင်မှာဖြစ်ပြီး ရောဂါရှာဖွေစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်သင့်ပါတယ်။
Source: New York Post.
#World_Health
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြောက်ဗီယက်နမ်စစ်သားဟောင်း ဒိုဒုဒယူဟာ နှစ် ၂၀ ကျော်ကြာမြင့်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲမှာ အသက်ရှင်ကျန်သူ ဖြစ်ပေမယ့် အမေရိကန်စစ်တပ်မှ အသုံးပြုခဲ့တဲ့ အဆိပ်အတောက်မြင့်မားတဲ့ ပေါင်းသတ်ဆေး အေးဂျင့်အောရင့်ချ်ရဲ့ နောက်ဆက်တွဲဒဏ်တွေကို ခံစားနေရဆဲဖြစ်ပြီး သူ့ရဲ့ကလေး ၁၂ ဦး သေဆုံးထားရပါတယ်။
#World_History
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 19 March 2024
၁။ ထိုင်းနိုင်ငံမှချီးမြှင့်သည့် Asia Top Awards ဆုကို သရုပ်ဆောင်အလင်းရောင်၊ ရှမ်းအဆိုတော် The Sai နှင့်ဒါရိုက်တာကျော်ကျော်ဝင်းတို့ ရရှိ
၂။ ကြက်သွန်ဖြူဈေး ဆက်တိုက်ကျလာပြီး တစ်ပိသာ ကျပ် ၅၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာဟုဆို
၃။ တာကောတံတား ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေပြီး တာလေတံတား ဝိတ်လျော့တင်နေရ၍ ထိုင်းသို့ ပြောင်းတင်ပို့ရာ၌ အခက်အခဲရှိနေ
၄။ ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်စစ်တပ်မှ ကျဲချခဲ့သည့် ပေါင်းသတ်ဆေးအဆိပ်သည် ယနေ့ထက်တိုင် ဗီယက်နမ်မျိုးဆက်သစ်များကို ဘေးသင့်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၀ မတ် ၂၀၂၄
လယ်သမားတွေ ရိုးပြတ်မီးရှို့သော နေရာတွေမှ ထွက်ရှိတဲ့ ပြောင်းသီးနှံတွေ တင်သွင်းခြင်းကို ယခုနှစ်မှစတင်ကာပိတ်ပင်ဖို့ အတွက် ထိုင်းအစိုးရအဖွဲ့က အင်္ဂါနေ့ (မတ် ၁၉)ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
အဲသလို ပိတ်ပင်ခြင်းဟာ ထိုင်းနိုင်ငံအနေနှင့် အိမ်နီးချင်းနိုင်ငံတွေဆီကနေ နှစ်စဉ် ထွက်ရှိရောက်ရှိတဲ့ မီးခိုးငွေ့ကို လျှော့ချ ပစ်နိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။
အစိုးရအဖွဲ့ဟာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ယင်းနှင့်ပတ်သက်လို့ ပြင်ဆင်ဆောင်ရွက်ဖို့ ညွှန်ကြားလိုက်တယ်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရသူ ချိုင်း ဝါချာအွန်ကေက ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေက လယ်ကွင်းတွေမီးရှို့တဲ့အတွက် ဖြစ်ပေါ်ရတဲ့ လေထုညစ်ညမ်းမှုအပေါ် အစိုးရရဲ့ စိုးရိမ်ပူပန်မှုကို ယခု အရေးယူဆောင်ရွက်မှုက ဖော်ပြနေတာဖြစ်တယ်လို့ သူကပြောပါတယ်။ တာဝန်ရှိ အရာရှိကြီးတွေအနေနှင့် ဂြိုဟ်တုဓာတ်ပုံ တွေကိုအသုံးပြုကာ ပြောင်းစိုက်တဲ့ ဒေသတွေကို ကြည့်ရှသွားမယ်လို့ မစ္စတာချိုင်းက ပြောပါတယ်။
မည်သည့် သွင်းကုန်ပိတ်ပင်မှုမျိုးမဆို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းတွေနှင့် ကိုက်ညီရလိမ့်မှာဖြစ်ပြီး ယခုနှစ် ထွက်ပေါ် လာမယ်လို့မျှော်လင့်ထားတဲ့ သန့်ရှင်းလေဥပဒေကို စောင့်ဆိုင်းနေတယ်လို့လည်းသူကပြောပါတယ်။
ထိုင်းနိုင်ငံဟာ နှစ်စဉ် ပြောင်း တန်ချိန် ၈.၉ သန်း လိုအပ်မှုရှိပါတယ်။ ပြည်တွင်းထုတ်လုပ်မှုက တစ်နှစ်ကို တန်ချိန် ၄.၉ သန်း ရှိပါတယ်။
ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေကနေ နှစ်စဉ် ပြောင်းတန်ချိန် ၁.၆သန်းတင်သွင်းနေရပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံ ကနေ တန်ချိန် ခြောက်သိန်းမှ ခုနှစ်သိန်းအထိ လာအိုမှ တန်ချိန် သုံးသိန်းမှလေးသိန်းအထိနှင့် ကမ္ဘောဒီးယားမှ တန်ချိန် တစ်သိန်းခန့် တင်သွင်းနေရတာဖြစ်ပါတယ်။
ကျန်တန်ချိန်နှစ်သန်းကိုတော့ အခြားနိုင်ငံများမှတင်သွင်းနေပြီး အများစုမှ ဘရာဇီးမှဖြစ်ကြောင်းသိရှိရပါတယ်။
Source Bangkok Post
#ymg/knl
#world_News
#Thailand
#Business
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးစေတီတော်မှာ ဘုရားဖူးတွေ တစ်ရက်ကို ပျှမ်းမျှသုံးထောင်ကနေ ခုနှစ်ထောင်အကြားဖူးမျှော်နေပြီး ထိုင်းဘုရားဖူးတွေကတော့ အုပ်စုလိုက်လာရောက်နေကြတယ်လိုh ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
သင်္ကြန်ကာလမှာ ရေပြတ်လတ်သွားတဲ့ ဘုန်းကြီးကျောင်း၊ တရားရိပ်သာ၊ ဘိုးဘွားရိပ်သာ၊ နေအိမ်တွေအနေနဲ့ ရှင်သန်ရေးကူညီမှုအသင်းအပါအဝင် ရန်ကုန်ရှိ လူမှုကူညီရေးအဖွဲ့တွေကို ဆက်သွယ်အကူအညီ တောင်းခံနိုင်မှာဖြစ်တယ်။ ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဌ ဦးထွန်းထွန်းဦး
Yangon Times/tthl
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 19 March 2024
ယခုရက်ပိုင်းတွင် ဒေသ(၁၅)ခု၌မိုးထစ်ချုန်းရွာ သွန်းမည်ဖြစ်ပြီး နေ့အပူချိန်(၄၀) ဒီဂရီစင်တီဂရိတ်ကျော်သော မြို့(၁၅)မြို့ရှိလာကြောင်း မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မတ်လ(၂၀)ရက်မနက်ပိုင်းအထိခန့်မှန်းချက်မှာစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်သည်ဟုဆိုသည်။
မတ်လ(၂၀)ရက်(၂၁)ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်းဖော်ပြထားသည်။
ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၁)ဒီဂရီဆဲလ်စီးယပ်နှင့် ရွှေဘိုမြို့၊ မြင်းမူမြို့၊ မြင်းခြံမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့၊ အမ်းမြို့၊ ပြည်မြို့၊ တောင်ငူမြို့၊ ရွှေကျင်မြို့၊ သာယာဝတီမြို့၊ ဖြူးမြို့၊ လေးထပ်ပြင်မြို့နှင့် မြဝတီမြို့တို့တွင် (၄၀)ဒီဂရီ ဆဲလ်စီးယပ်စီရှိခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 19 March 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိကိုယ်ပိုင်ကျောင်း (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ စိစစ်ခြင်းလုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ကိုယ်ပိုင်ကျောင်း (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
အဆိုပါ ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေးကျောင်း၊ နိုင်ငံတကာသင်ရိုး ညွှန်းတမ်းနှင့် သင်ကြားသောကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံခြားသား ပုဂ္ဂလိကျောင်းဆရာပါဝင်သော ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ စိစစ်ခြင်းလုပ်ငန်းများကို လိုက်လံဆောင်ရွက်လျက် ရှိခြင်း ဖြစ်သည်။
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင်ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပုဂ္ဂလိက အဆင့်မြင့် ပညာကျောင်း (တက္ကသိုလ်၊ ကောလိပ်၊ စင်တာ) နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသည့် ပုဂ္ဂလိကကျောင်း ၈၄၂ ကျောင်းရှိရာ ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းဆိုင်ရာ စစ်ဆေးခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်က စိုက်ပျိုးထွက်ရှိတဲ့ ရှမ်းကြက်သွန်ဖြူဈေးကွက်ဟာ ယခုမတ်လ လဆန်းပိုင်းကတည်းက ဈေးတဖြည်းဖြည်း ကျဆင်းလာရာ လက်ရှိမှာ တစ်ပိသာကို ကျပ် ၅၀၀၀ဝန်းကျင်သာ ရှိတော့တယ်လို့ အောင်ပန်းရှိ ကုန်သည်တွေထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
သရုပ်ဆောင်အလင်းရောင်မှာ အခုနှစ် Asia Top Awards (2024)မှာ အကောင်းဆုံး သရုပ်ဆောင်ဆု Best Actor ဆုကို ရရှိခဲ့တာဖြစ်ပြီး ရှမ်းတိုင်းရင်းသားအဆိုတော် The Sai ကတော့ ပထမဦးဆုံးအကြိမ်အနေဖြင့် Asia Top Award (Culture Integration) ဆု၊ တိုင်းရင်းသားရုပ်ရှင်၊မှတ်တမ်းရုပ်ရှင်တွေရိုက်ကူးထုတ်လုပ်တဲ့ မြန်မာနိုင်ငံသား Director & Producer ကျော်ကျော်ဝင်းကလည်း အခုနှစ်မှာ ASIA TOP AWARDS 2024 Director & Producer ဆုကို ဆွတ်ခူးခဲ့သည်။
Yangon Times/tthl
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကို ပြောင်းအဓိက တင်ပို့ရာလမ်းကြောင်းဖြစ်တဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေး
လမ်းကြောင်းထဲမှာပါဝင်တဲ့ တာကောတံတား ယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်နေပြီး တာလေတံတားမှာလည်း ပြောင်းတန်ချိန်တွေကို ဝိတ်လျော့တင်နေရတဲ့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းကသိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 19 March 2024
သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း၌ လိပ်ကျင်းပေါင်း ၁၃၀ကျော်တွေ့ရှိပြီး ငါးနှစ်တာအတွင်းအများဆုံးတွေ့ရှိရကြောင်း သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း မှသိရသည်။
ယခု၂၀၂၃-၂၄ ဘဏ္ဍာနှစ်၌ လိပ်ဥကျင်း ၁၃၇ကျင်း တွေ့ရှိထားခြင်းဖြစ်သည်။
' ဒီပမာဏကဒီဘဏ္ဍာနှစ်လက်ရှိအချိန်ထိ တွေ့တာပါ ၊အရင်နှစ် တွေက၆၀၊၇၀လောက် ပဲတက်တယ်၊ အရင်လွန်ခဲ့တဲ့ ၅နှစ်နဲ့ယှဉ်ရင်ဒီ နှစ်ကပိုများတယ် ' ဟု သမီးလှကျွန်း ပင်လယ်လိပ်မျိုးထိန်းသိမ်းရေးစခန်း မှ တာာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ပင်လယ်လိပ်ထိမ်းသိမ်းရေးစခန်းသည် မြန်မာနိုင်ငံကမ်းရိုးတန်းတလျောက် ငါးလုပ်ငန်းဦိးဌာနမှ ပင်လယ်လိပ်မျိုးထိန်း သိမ်းဆောင်ရွက်နေသော ဒေသများအနက် ပင်လယ်လိပ် အများဆုံးတက်ရောက်ဥချသည့် နေရာဒေသဖြစ်သည်။
ထိုသို့ဥချသည့် လိပ်များတွင် ပြင်သာလိပ်အများဆုံးတက်ရောက် ၍ဥလေ့ရှိကာပင်လယ်လိပ်များ တက်ရောက်ဥချမျိုးပွားသည့်နှုန်းကျဆင်းမသွားစေရန် ပင်လယ်လိပ်များ၊ နေထိုင်ရာစားကျက်နှင့်ဥချရာ ကမ်းခြေများ ပျက်ဆီးပျောက်ဆုံးခြင်းဖြစ်ပေါ်လာမှု့ တားဆီးရန်နှင့် ရေရှည်ဆက်လက်တည်တံခိုင်မြဲရန်ရည်ရွယ်၍ ဒေသတွင်း၌ ဟောပြောမှုများ ပြုလုပ်လေ့ရှိကြောင်းသိရသည်။
ထို့အပြင် မျိုးတုန်းလုနီးပါးလိပ်များကိုထိန်းသိမ်းလျက်ရှိရာ ပတ်ဝန်းကျင်ဒေသခံများ၏ပူးပေါင်းမှု့များလည်းလိုအပ်သည့်အတွက် ကမ်းခြေရှိ ကျေးရွာများတွင် ဟောပြောပွဲများ ပြုလုပ်လေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group


Page 727 of 1925