#World_Health
Published 17 September 2024


▪️ ဆော်ဒီအာရေဗျရှိ ဖေဆယ်ဘုရင်ဆေးရုံနဲ့ သုတေသနဌာနဟာ ပထမဆုံး စက်ရုပ်စနစ် အပြည့်အဝအသုံးပြုတဲ့ နှလုံးအစားထိုးခွဲစိတ်မှုကို ကြာသပတေးနေ့က ပြုလုပ်ခဲ့ကြောင်း ဆော်ဒီမီဒီယာတစ်ခုက ဖော်ပြပါတယ်။

 

▪️ နှလုံးရောဂါ နောက်ဆုံးအဆင့်ဖြစ်နေတဲ့ အသက် ၁၆ နှစ်အရွယ်လူနာကို ခွဲစိတ်ခဲ့တာဖြစ်ကာ စက်ရုပ်နှင့် အနည်းဆုံးခွဲစိတ်ဝင်ရောက်ခြင်း ပရိုဂရမ်ရဲ့ ညွှန်ကြားရေးမှူး နှလုံးခွဲစိတ်အကြီးအကဲ ဒေါက်တာ ဖာရက်စ်ခါလီယယ်ရဲ့ ထိန်းချုပ်မှုဖြင့် ၂ နာရီခွဲခန့် ကြာမြင့်ခဲ့ပါတယ်။

 

▪️ ခွဲစိတ်ရေးအဖွဲ့ဟာ လူနာကို ခွဲစိတ်မှုမပြုလုပ်ခင် ၃ ရက်အတွင်း ၇ ကြိမ်တိုင်အောင် စမ်းသပ်လေ့ကျင့်ခဲ့ပါတယ်။

 

▪️ ဒီလိုနည်းလမ်းဖြင့် ပြုလုပ်ခြင်းက နှလုံးအစားထိုး ခွဲစိတ်မှုမှာ အရင်ကလို ရင်ဘတ်ကို ခွဲရပြီး ပြန်လည်သက်သာရန် လနဲ့ချီစောင့်ဆိုင်းဖို့ မလိုအပ်တော့ဘူးလို့ မျှော်လင့်ရပါတယ်။

 

▪️ စက်ရုပ်နည်းပညာက ခွဲစိတ်မှုအတိုင်းအတာ အနည်းဆုံးသာ ပြုလုပ်ရတာကြောင့် နာကျင်မှုနည်းပါးခြင်း၊ ပြန်လည်သက်သာချိန် နည်းပါးခြင်း၊ နောက်ဆက်တွဲဆိုးကျိုး နည်းပါးခြင်း၊ လူနာရဲ့ ဘဝနေထိုင်မှု သိသိသာသာ မြင့်မားခြင်းတို့ ရရှိနိုင်မှာဖြစ်ပါတယ်။

 

▪️ ကမ္ဘာ့ပထမဆုံး စက်ရုပ်ဖြင့် နှလုံးအစားထိုးခွဲစိတ်ခြင်းဟာ ဒီအဖွဲ့အစည်းအတွက်သာမက ၂၀၃၀ ဆော်ဒီရည်မှန်းချက်ဖြစ်တဲ့ အထူးပြုဆေးလောကမှာ ကမ္ဘာ့မှာဦးဆောင်သူ ဖြစ်လာရေးအတွက်ပါ အပြောင်းအလဲဖြစ်လာကာ လူတွေရဲ့ ဘဝနေထိုင်မှု တိုးတက်လာစေရန် ဆန်းသစ်တီထွင်မှုဖြင့် ကုသခြင်းဖြစ်တယ်လို့ ဒေါက်တာက ဆိုပါတယ်။

 

▪️ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ရေးကို ထောက်ပံ့ပေးနေတဲ့ တိုင်းပြည်ခေါင်းဆောင်ပိုင်းကိုလည်း ချီးကျူးပြောဆိုသွားပါတယ်။

 

#Source: The Jerusalem Post