#World_News
Published 17 September 2024
▪️ ရုရှားတပ်မတော်ရဲ့ ပုံမှန်စစ်အင်အားကို တပ်သား တစ်သိန်းရှစ်သောင်းတိုးမြှင့်ကာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းပေါင်း ၁ သန်းခွဲသို့ရောက်ရှိရန် သမ္မတ ဗလာဒီမာပူတင်က တနင်္လာနေ့မှာ မိန့်ကြားလိုက်ပြီး ဒါဟာ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယစစ်အင်အားအကြီးဆုံး ဖြစ်လာမှာပါ။

 

▪️ ကရင်မလင်ဝက်ဘ်ဆိုက်မှ ထုတ်ပြန်တဲ့အမိန့်အရ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုလုံးရဲ့ အင်အားကို ၂.၃၈ သန်းအထိ တိုးမြှင့်ခိုင်းကာ ထိုထဲက ၁ သန်းခွဲက တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းတွေ ဖြစ်ရမယ်လို့ ပူတင်က မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

 

▪️ စစ်ရေးစောင့်ကြည့်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ နိုင်ငံတကာ ဗျူဟာလေ့လာရေး အဖွဲ့အစည်း(IISS)ရဲ့ အချက်အလက်များအရ ဒီလိုအင်အားမြှင့်တင်လိုက်ပါက ရုရှားဟာ တာဝန်ထမ်းဆောင်နေတဲ့ တိုက်ခိုက်ရေး စစ်သည်အရေအတွက်မှာ အမေရိကန်နဲ့ အိန္ဒိယတို့ကို ကျော်သွားမှာဖြစ်ပြီး တရုတ်ပြီးရင် ဒုတိယအများဆုံး ဖြစ်လာမှာပါ။

 

▪️ တရုတ်ကတော့ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းအင်အား ၂ သန်းကျော်ရှိနေပါတယ်။

 

▪️ ဒါဟာ ၂၀၂၂ ဖေဖော်ဝါရီလ ယူကရိန်းပဋိပက္ခနောက်ပိုင်း တတိယအကြိမ်မြောက် စစ်အင်အားတိုးချဲ့လာတာ ဖြစ်ပါတယ်။

 

▪️ ရုရှားတပ်တွေက စစ်မြေပြင်နယ်စပ် ၁၀၀၀ ကီလိုမီတာခန့်ရှိတဲ့ နေရာတွေထဲက ယူကရိန်းအရှေ့ဘက်မှာ တွန်းအားပေးနေပြီး ရုရှား ခါ့စ်ဒေသမှ ယူကရိန်းတပ်များကို ဖယ်ရှားဖို့ ကြိုးစားနေပါတယ်။

 

▪️ ရုရှားဟာ ယူကရိန်းထက် လူဦးရေ ၃ ဆကျော်ပိုများသလို စစ်ပွဲမှာပါဝင်ဖို့ အကျိုးအမြတ်ခံစားခွင့် စာချုပ်များဖြင့် အောင်မြင်စွာ တပ်သားစုဆောင်းထားနိုင်ပေမယ့် စစ်မြေပြင်မှာ အဆုံးအရှုံးများခဲ့ပြီး စစ်ပွဲအဆုံးသတ်နိုင်မယ့် အခြေအနေလည်း မတွေ့ရသေးပါဘူး။

 

▪️ ရုရှားအောက်လွှတ်တော် ကာကွယ်ရေးကော်မတီဥက္ကဌ အန်ဒရီကာတာပိုလော့ဗ်က တာဝန်ထမ်းဆောင်နေတဲ့ စစ်တပ်အင်အား တိုးချဲ့ရတာဟာ လက်ရှိ နိုင်ငံတကာ အခြေအနေများနဲ့ ယခင်နိုင်ငံခြား မိတ်ဖက်များရဲ့ အပြုအမူပုံစံများကြောင့် တိုးချဲ့ရတာဖြစ်ကြောင်း ပြောသွားပါတယ်။

 

▪️ ရုရှားစစ်တပ်အနေနဲ့ စစ်အင်အား ၁ သန်းခွဲထားရှိဖို့ ဖြစ်နိုင်ပေမယ့် စစ်တပ်လိုအပ်ချက်နဲ့ မကိုက်ညီရင် အဆင်မပြေနိုင်ကြောင်း၊ ဒီအတွက် ကာကွယ်ရေးစရိတ်ကို တကယ်မြှင့်တင်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာဖြစ်ကြောင်း နိုင်ငံတကာ ငြိမ်းချမ်းရေးစောင့်ကြည့်ရေး အဖွဲ့မှ ရုရှားစစ်ရေးကျွမ်းကျင်သူ ဒါရာမက်ဆီကော့က ပြောလိုက်ပါတယ်။

 

#Source: Reuters