ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ အပန်းဖြေဆင်စခန်းများထဲမှ နတ်မှော်ဆင်စခန်းကို သင်္ကြန်ကာလအတွင်း ဖွင့်လှစ်ထားမယ်လို့ ပြည်ဆင်စခန်းရှိ တာဝန်ရှိသူများထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
နဂါးနှစ်ကောင်ဆရာတော်ကြီးရဲ့ စျာပနပူဇာပွဲမှာ မတ်လ(၅)ရက်မှာ အောက်စဖိုဒ်ဆရာတော်ကြီး၊ ဧပြီလ(၁)ရက်မှာ တောင်တန်းသာသနာ ပြုဆရာတော်ဘဒ္ဒန္တသုခမိန္ဒ( စဝ်ဆုခမ်း)၊ ဧပြီလ(၂) ရက်မှာ ကျိုင်းတုံမြို့မှ ဘဒ္ဒန္တပညာသီရိ (စပ်တုပီစိုင်း)၊ ဧပြီလ(၃)ရက်မှာ သီတဂူဆရာတော်ကြီး၊ ဧပြီလ(၄)ရက်မှာ နောင်ချိုမြို့မှ ကမ္ဘောဇတိပိဠကဆရာတော် ဘဒ္ဒန္တဝီရိယာနန္ဒ၊ ဧပြီလ(၅)ရက်မှာ မိုင်းဖုန်းဆရာတော်ကြီးတို့မှ တရားတော်တွေဟောကြားမယ်။
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်အတွင်းမှာတည်ရှိတဲ့ မဟာမုနိမြတ်စွာဘုရားကြီး ရင်ပြင်တော်ပေါ်မှာ လာမယ့် တပေါင်းလပြည့်နေ့ ညနေပိုင်းမှာ ဆီမီးတစ်သောင်း ပူဇော်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်၊ အခုလို တပေါင်းလပြည့်နေ့မှာ မဟာမုနိဘုရားကြီးရင်ပြင်ပေါ် ဆီမီးတစ်သောင်းပူဇော်ပွဲ ကျင်းပတာဟာ ပထမဆုံးဖြစ်ပါတယ်လို့ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
Yangon Times/NN
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
အိမ်နီးချင်းနိုင်ငံတွေရဲ့ ရိုးပြတ်မီးရှို့တဲ့ နေရာတွေက ထွက်ရှိတဲ့ ပြောင်းသီးနှံတွေတင်သွင်းခြင်းကို ထိုင်းပိတ်ပင်ပါက မြန်မာအပါအဝင် နှစ်ဖက်တင်ပို့တဲ့ နိုင်ငံတွေက စိုက်ပျိုးတင်ပို့သူတွေနဲ့ တင်သွင်းတဲ့ အစာစပ်လုပ်ငန်းတွေ အခက်အခဲရှိလာနိုင်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
လက်ဝှေ့ရွှေခါးပတ်ချန်ပီယံ ဘိလပ်မြေစတားဟာ ကျန်းမာရေးကောင်းမွန်တဲ့သူတစ်ဦးဖြစ်တယ်။ အခုက ခရီးကပြန်လာပြီး ရုတ်တရတ် ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားတာဖြစ်တယ်။
(သဲအိမ်ကျေးရွာမှဒေသခံတစ်ဦး)
လက်ဝှေ့ရွှေခါးပတ်ချန်ပီယံ ဘိလပ်မြေစတားရဲ့နောက်ဆုံးခရီးအတွက် လိုအပ်တာတွေကို မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲချုပ်အနေနဲ့ စီစဉ်ဆောင်ရွက်ပေးသွားဖို့ ရှိတယ်။(မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲချုပ်အမှုဆောင် ဦးသန်းစိုးအောင်)
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 March 2024
ပြန်ကြားရေး ဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့ အကြား စာဆိုဗိမာန်တည်ဆောက် ခြင်းစီမံကိန်း သဘောတူညီ ချက် (Project Agreement) လက်မှတ်ရေးထိုးခြင်း အခမ်း အနားကို ယမန်နေ့ ညနေပိုင်း က ရန်ကုန်မြို့၊ ပြည်လမ်းရှိ LOTTE ဟိုတယ်၌ ကျင်းပသည်။
လက်မှတ်ရေးထိုးခြင်း အခမ်း အနားသို့ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar နှင့် အိန္ဒိယနိုင်ငံ သံရုံးမှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ကျေးဇူးတင်စကား ပြောကြားပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar က စီမံကိန်း ပူးပေါင်းဆောင်ရွက်ခွင့်ရသည့် အတွက် အိန္ဒိယနိုင်ငံ အစိုးရ ကိုယ်စား မုဒိတာစကား ပြော ကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar တို့၏ ရှေ့ မှောက်၌ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းကျော်အောင်နှင့် အိန္ဒိယနိုင်ငံသံရုံး ဒုတိယ အကြီးအကဲ Mr.Ashish Sharma တို့သည် စာဆိုဗိမာန်တည် ဆောက်ခြင်းစီမံကိန်း သဘော တူညီချက် (Project Agreement) ကို လက်မှတ်ရေးထိုး လဲလှယ်ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ သည် အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြပြီး ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အိန္ဒိယ သံအမတ်ကြီးနှင့် တက် ရောက်လာကြသူများအား ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန က ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 March 2024
စွယ်တော်မြတ်စေတီတော် မင်္ဂလာကန်တော်အတွင်း (လူလျှောက်လမ်း) တည်ဆောက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှသိရသည်။
အဆိုပါ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ စွယ်တော် မြတ်စေတီတော် မင်္ဂလာကန် တော်အတွင်း RC Driving Pile အခြေပြု သံကူကွန်ကရစ်တံတား (လူလျှောက်လမ်း) အရှည် ၇၇၀ ပေ၊ အကျယ် ၇ ပေ တည်ဆောက်နေခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရ အဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက စွယ်တော်မြတ် စေတီတော် မင်္ဂလာကန်တော် အတွင်း (လူလျှောက်လမ်း) တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးကြ ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ စွယ်တော် မြတ်စေတီတော် မင်္ဂလာကန် တော်အတွင်း RC Driving Pile အခြေပြု သံကူကွန်ကရစ်တံတား (လူလျှောက်လမ်း) အရှည် ၇၇၀ ပေ၊ အကျယ် ၇ ပေ တည်ဆောက် နေမှုကို လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်း များကို ရှင်းလင်းတင်ပြကြ သည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေနိုင်ရေး၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ် နိုင်ရေး၊ ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင် ရွက်ရန်၊ ကန်ဘေးပတ်ဝန်းကျင် အလင်းရောင်ကောင်းစွာရရှိရေး လျှပ်စစ်မီးများ ထွန်းရန်နှင့် လိုအပ်သည်များ မှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 March 2024
ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်းတွင် ဖေဖော်ဝာရီလအတွင်း ကောက်ယုခဲ့သည့်စာရင်းအရ ငှက်မျိုးစိတ် ၁၂၃မျိုး ငှက်ကောင်ရေသုံးသောင်းကျော် ကျက်စားနေပြီ ဖြစ်ကြောင်း မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"မိုးယွန်းကြီးအင်းမှာ ဖေဖော်ဝါရီ လကောက်ယူထားတဲ့ ငှက်စာရင်းကောက်တာက ၁၂၃မျိုး ကောင်ရေသုံးသောင်းလေးထောင်ကျော်ရှိတယ် အမျိုးအစားတွေကခရုတုပ် ၊ စစ္စလီ ၊ မြစ်တွေး ကြိုးကြာ ၊ငှက်ကြား၊ရေကြက် ၊ဒေါင်းလန်းခြေထောက်စတဲ့ငှက်တွေဖြစ်တယ်၊အရင်နှစ်ဖေဖော်ဝါရီလကထက်ကောင်ရေပိုများတယ် "ဟု၎င်းကပြောသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလကောက်ယူထားသည့်စာရင်းအရရေပျော် ဆောင်းခိုငှက်၅၃မျိုး ဌာနေငှက် ၇၀မျိုုး စုစုပေါင်း ငှက်မျိုးစိတ်၁၂၃မျိုး ရှိ ပြီးကောင်ရေ အနေဖြင့် ဆောင်းခိုငှက်(၁၆၆၀၀)ကာင်နှင့် ဌာနေငှက်(၁၈၀၀၀)စသည်ဖြင့် စုစုပေါင်းငှက်ကောင်ရေ ၃၄၆၀၀ရှိ ကြောင်း ယင်းဆောင်းခိုငှက်များသည်ဧပြီလမှစတင်ကာ၎င်းတို့၏ဌာနေသို့ပြန်လည်ပျံသန်းကြကြောင်းသိရသည်။
မိုးယွနိုးကြီးအင်းတွင်ဆော င်းခိုငှက် ဌာနေငှက်နှင့်ကုန်းငှက်များအပြင်ငါးမျိုးစိတ်၄၀ကျော်ရှိကြောင်း ၊မိုးယွန်းကြီးအင်းသို့ငှက်ကြည်ဝါသနာရှင်များလာရောက်လည်ပတ်ကြောင်းး ပြီး ခဲ့သည့်၂၀၂၃ခုနှစ်ဖေဖော်ဝါရီလထက်ငှက်ကောင်ရေလေးထောင်ခြောက်ရာပိုကြောင်းသိရသည်။
ရွှေ့ပြောင်းငှက်များဖြစ်သည့် ဆော င်းခိုငှက်များသည် ကမ္ဘာမြောက်ခြမ်းမှ ကမ္ဘာ့တောင်ခြမ်းကို လာပြီးဆောင်းခိုကြကြောင်း၊ ဆောင်း ခိုငှက်များသည် ရေဝပ်ဒေသဂေဟစနစ်ကြီးကောင်းမွန်သည့်အတွက် လာရောက်ကျက်စားကြခြင်းဖြစ်ကြောင်း ရေဝပ်ဒေသမကောင်းပဲ ပျက်ဆီးနေပါကလည်း ငှက်များလာရောက်ခိုနားမည်မဟုတ်ကြောင်း၊ ယင်းငှက်များမလာပါက ရေဝပ်ဒေသဂေဟစနစ်ကြီး ပျက်ဆီးသွားလျင် ဒေသခံတွေက မှီခိုအားထား၍မရနိုင်တော့သည့်အတွက် ငှက်များလာခြင်းအားဖြင့် လူများကိုလည်း အကျိုးပြုကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 March 2024
ပအိုဝ်းအမျိုးသားနယ်မြေများအတွင်း လက်နက်ကိုင်ပဋိပက္ခ ကိုမတ်လ (၂၃) ရက်မှ ဧပြီလ(၂၃)ရက်ထိ တစ်လကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြရန် ပအိုဝ်းအမျိုးသားလက်နက်ကိုင် အင်အားစုများ အားလုံးသို့ အလေးအနက်ထား မေတ္တာရပ်ခံကြောင်း PNLO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လာမည့်မတ်လ-၂၄ ရက်တွင်ကျရောက်မည့် ပအိုဝ်းတစ်မျိုးသားလုံးက အထွဋ်အမြတ်ထားသော “ပအိုဝ်းအမျိုးသားနေ့”(၇၅)နှစ်ပြည့် စိန်ရတုအခါသမယနှင့် တိုက်ဆိုင်သည့်အတွက် အားလုံးကဂုဏ်ပြုကြရန် အထူးလိုအပ်သောကြောင့်ဖြစ်ကြောင်း လည်း ယင်းတွင်ဖော်ပြထားသည်။
ယင်းသို့ အနည်းဆုံး တစ်လကြာ "ပစ်ခတ်တိုက်ခိုက်မှု"ရပ်စဲကြပါက ထိုကာလအတောအတွင်း ပအိုဝ်းအမျိုးသားနေ့ပွဲတော်များကို နေရာအနှံ့ အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ခြင်း။ ပအိုဝ်းအမျိုးသား စည်းလုံးညီညွတ်ရေးအတွက် စည်းရုံးဟောပြောမှုများကို ပြုလုပ်ကျင်းပ ခြင်း ၊ ပဋိပက္ခများလျှော့ကျစေနိုင်ခြင်း။ တန်ခူးလပြည့်နေ့ အခါကြီးရက်ကြီးတွင် ဓလေ့ထုံးစံများအတိုင်း အလှူအတန်းများပြုလုပ် နိုင်ခြင်း။ နိုင်ငံတကာအလှူရှင်များထံမှ ပံ့ပိုးကူညီသော ရိက္ခာဆန်အပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို အတိဒုက္ခရောက်နေကြသော စစ်ပြေးစစ်ရှောင် ဒုက္ခသည်များထံသို့ ပို့ဆောင်ကူညီနိုင်မည်ဖြစ်ခြင်းတို့ကြောင့် အမျိုးသားအကျိုးစီးပွားကိုရှေ့ရှု၍ တပေါင်းလပြည့်နေ့မှ တန်ခူးလပြည့်နေ့အ ထိ အပစ်အခတ်ရပ်စဲရေးအတွက် မေတ္တာရပ်ခံပန်ကြားခြင်းဖြစ်ကြောင်းလည်း ၎င်းတွင်ဖော်ပြထားသည်။
ထို့အပြင် ပအိုဝ်းရဟန်းသံဃာအစုအဖွဲ့များ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ပအိုဝ်းလူငယ်အစည်းအရုံး၊ ပအိုဝ်းအမျိုးသမီးသမဂ္ဂ၊ ပအိုဝ်းအရပ်ဖက်အဖွဲ့အစည်းများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ အားလုံးတို့ကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပန်ကြားလွှာကို ဝိုင်းဝန်းထောက်ခံပြီး ကြေညာ ချက်များ အလားတူထုတ်ပြန်ကြပါရန် နှိုးဆော်ပါကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက လက်မှတ်ထိုး ထုတ်ပြန်ထားကြောင်းသိရသည်။
Yangon Times/PP
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 March 2024
လုံခြုံရေးအခြေအနေအရတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံးခဲ့သူများအတွက် အထူးအစီအစဉ်တစ်ရပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှထုတ်ပြန်လိုက်သည်။
ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီးမှ လုံခြုံရေးအခြေအနေအရ ဖြေဆိုခွင့်ဆုံးရှုံးခဲ့ရသည့် ကျောင်းသား ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရတို့၏ပံ့ပိုးကူညီမှုဖြင့် သတ်မှတ်ထားသည့်အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ကျောင်းသူများကို စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
ဖြေဆိုရမည့်နေ့ရက်နှင့် စာစစ်ဌာနများကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ မတ်လ(၁၉)ရက်၌ထုတ်ပြန်လိုက်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 20 March 2024
မြောက်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည် ဖွံ့ဖြိုးရေး အစီအစဥ် တစ်စိတ်တစ်ပိုင်းအဖြစ် တာလတ်ပစ် အသံထက်မြန်ဒုံးကျည် အမျိုးအစားသစ်အတွက် အစိုင်အခဲလောင်စာသုံးအင်ဂျင် မြေပြင်စမ်းသပ်မှုကို ခေါင်းဆောင် ကင်မ်ဂျုံအန်းက ကြီးကြပ်ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြလိုက်ပါတယ်။
အင်္ဂါနေ့ နံနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတို့မှာ အနောက်ဘက် ကမ်းရိုးတန်းအနီး ဆိုဟေးဂြိုဟ်တုလွှတ်တင်ရေး စခန်းကြီးကနေ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။
စမ်းသပ်မှု အကြီးအကျယ် အောင်မြင်တဲ့အတွက် အသံထက်မြန် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်အသစ် ထုတ်လုပ်မှုပြီးမြောက်ခြင်း အချိန်ဇယားအရ စီမံကိန်းရှေ့ဆက်နိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားဟာ ဇန်နဝါရီလကလည်း အစိုင်အခဲလောင်စာသုံးအင်ဂျင် အသစ်တစ်မျိုးကို အသုံးပြုကာ တာလတ်ပစ် အသံထက်မြန်ဒုံးကျည်နဲ့ ပဲ့ထိန်းနိုင်တဲ့ ထိပ်ဖူးပစ်ခတ်ပုံတို့ကို စမ်းသပ်ခဲ့ပါသေးတယ်။
KCNA က အင်ဂျင်ရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ စမ်းသပ်ပုံ နည်းပညာသဘောသဘာဝကိုတော့ မဖော်ပြထားပါဘူး။
တိုင်းပြည်လုံခြုံရေးနဲ့ မြောက်ကိုရီးယား တပ်မတော် လိုအပ်ချက်အရ ထိုလက်နက်စနစ်ရဲ့ စစ်ရေးဗျူဟာမြောက်တန်ဖိုးဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်လောက်ကို ကြီးမားတယ်ဆိုတာ လက်ခံရမှာဖြစ်ပြီး ရန်သူတွေဆိုရင် ဒီအကြောင်းကို ပိုပြီးသဘောပေါက်မှာဖြစ်ကြောင်း ကင်မ်ဂျုံအန်းက ဆိုလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group

Published 20 March 2024
အစာအိမ်အူလမ်းကြောင်းဟာ ရှုပ်ထွေးတဲ့စနစ်တစ်ခုဖြစ်ပြီး အစာခြေခြင်း၊ အာဟာရစုပ်ယူခြင်း၊ ခန္ဓာကိုယ်မှ အညစ်အကြေးစွန့်ထုတ်ခြင်းတို့ ပြုလုပ်ပေးပါတယ်။
ထိုစနစ်မှာ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ စအို စတဲ့အင်္ဂါများ ပါဝင်ပါတယ်။
ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုစတဲ့ အူလမ်းကြောင်း အဏုဇီဝပိုးမွှား ထရီလီယံနဲ့ချီ ရှိနေပါတယ်။
အချို့သော ဟင်းရွက်တွေနဲ့ ဟင်းခတ်ပစ္စည်းတွေက အူလမ်းကြောင်းပိုးမွှားများကို အကျိုးပြုပြီး အထူးသဖြင့် အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
နနွင်းမှာပါဝင်တဲ့ ကာကူမင်ဒြပ်ပေါင်းက ရောင်ရမ်းခြင်းနဲ့ ဓာတ်တိုးခြင်းကို ဆန့်ကျင်ပေးတဲ့ အစွမ်းသတ္တိရှိပြီး အူလမ်းကြောင်းကျန်းမာရေးကို အကျိုးပြုစေမယ့် အခြားပစ္စည်းများကိုလည်း ဖော်ပြလိုက်ပါတယ်။
(၁) ဂျင်းက အစာခြေစနစ် ကောင်းမွန်စေပြီး အူလမ်းကြောင်း ဘက်တီးရီးယားများကို အကျိုးပြုပါတယ်။
(၂) ကြက်သွန်ဖြူက အကျိုးပြုပိုးမွှားတွေကို အားပေးပြီး ရောဂါပိုးဆန့်ကျင်ပေးတဲ့ အစွမ်းသတ္တိရှိပါတယ်။
(၃) အော်ရီဂါနို ဟင်းခတ်အမွှေးအကြိုင်က ရောဂါပိုးဆန့်ကျင်တဲ့အာနိသင်ရှိပြီး အူလမ်းကြောင်းပိုးမွှားတွေကို အကျိုးပြုပါတယ်။
(၄) ပူရှိန်းက လေပွခြင်း အစာမကြေခြင်းတို့ကို သက်သာစေပြီး အချို့သော အန္တရာယ်ပြုပိုးမွှားများကို ဆန့်ကျင်ပေးပါတယ်။
(၅) သစ်ကြံပိုးခေါက်ကလည်း ပိုးမွှားဆန့်ကျင်ပေးနိုင်ကာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
(၆) စမုန်စပါးဟာ လေပွခြင်းကို သက်သာစေပြီး ရောဂါပိုးမွှားဆန့်ကျင်ပေးတဲ့ အစွမ်းသတ္တိရှိပါတယ်။
(၇) ကမ်မိုမိုင်ဆေးဘက်ဝင်အပင်က ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးကာ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
(၈) နွယ်ချိုမြစ်က အစာခြေကျန်းမာရေးကို ကောင်းစေပြီး ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးပါတယ်။
(၉) ပင်စိမ်းရွက်ကလည်း ရောဂါပိုးမွှားဆန့်ကျင်ပေးကာ ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးပါတယ်။
Source: DoctorNDTV.
#World_Health
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 726 of 1925