ဗိုလ်တထောင်စေတီတွင် နှမ်းမနဲလှူဒါန်းပွဲကျင်းပမည်
"နှမ်းမနဲထိုးပွဲကျင်းပပြီး မြတ်စွာဘုရားရှင်၊ ဗိုလ်ထောင်မြိုနယ်အတွင်းရှိ သံဃာတော်နဲ့ဌာနဆိုင်ရာ တွေ ၊ ဘုရားဖူးရဟန်းရှင်လူပြည်သူတွေကိုနှမ်းမနဲ စတုဒီသာတွေ ကျွေးမွေးလှူဒါန်းသွားမှာဖြစ်တယ်"
Yangon Times/tthl
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နိုင်ငံအပါအ၀င် ဥရောပနိုင်ငံ အချို့ရဲ့ ၀ယ်လိုအားရှိလာတဲ့ အတွက် ယခုနှစ် ပဲတီစိမ်း ဈေးမြင့် ရရှိလာပေမယ့် အဘက်ဘက်က ကုန်ကျစရိတ်တွေလည်း မြင့်လာတဲ့ ပဲစိုက် တောင်သူတွေ အနေနဲ့ အကျိုးမြတ်ရရှိမှု ဟာ ယခင်နှစ် နဲ့ ကွာဟမှု မရှိနိုင်ဘူးလို့ ပဲစိုက်တောင်သူတွေကပြောပါတယ်။
Yangon Times/LW
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 5 February 2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အလုပ်အကိုင် ၄၈ မျိုးအတွက် ဖြေဆိုသူဦးရေ ၅,၀၀၀ ကို စစ်ဆေးအကဲဖြတ်ရန်လျာထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိအလုပ်အကိုင် ၄၀ မျိုး၌ ဖြေဆိုသူ ၂၇,၄၂၈ ဦး ရှိခဲ့ပြီး ၂၅,၁၁၄ ဦးကို ကျွမ်းကျင်အလုပ်သမားများအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း၊၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌မူ လျာထားချက်ကျော်လွန်ပြီး အလုပ်အကိုင် ၂၈ မျိုးအတွက် လုပ်သား ၅,၇၇၄ ယောက် ကို စစ်ဆေး အကဲဖြတ်နိုင်ခဲ့ကြောင်းသိရသည်။
ထို့ အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း၌လည်း လုပ်သားဦးရေ ၃,၅၀၀ ကို စစ်ဆေးအကဲဖြတ်ရန်လျာထားခဲ့ရာ လက်ရှိအချိန်အထိ အလုပ်အကိုင် ၂၉ မျိုးအတွက် ဖြေဆိုသူ ၂,၇၃၅ ဦးရှိခဲ့ပြီး အရည်အသွေး ပြည့်မီသူ ၂,၅၃၄ ဦးကို ကျွမ်းကျင်အလုပ်သမားများအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံအတွင်း လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သား များမွေးထုတ်ပေးနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဦးစီးဌာန အသိအမှတ်ပြု ပုဂ္ဂလိကသင်တန်းကျောင်းများတွင် ကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက်မပြတ် ပို့ချနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
၅ ဖေဖော်ဝါရီ ၂၀၂၄
မြန်မာအလုပ်သမား အထောက်အထားအတုနှင့် နေထိုင်ခွင့်သက်တမ်းတိုးဖို့ ကြိုးစားခဲ့တဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ မှာ ပြီးခဲ့တဲ့ သောကြာနေ့(ဖေဖော်ဝါရီ ၂ရက်)က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတွေက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရပါတယ်။
ထိုသို့ မြန်မာအလုပ်သမားဟန်ဆောင်ကာ အထောက်အထားစာရွက်စာတမ်းအတုတွေနှင့် လိမ်လည်လျှောက်ထားခဲ့သူမှာ အသက်(၄၀)အရွယ်ရှိ အိန္ဒိယနိုင်ငံသား ဆန်ဂျေးဆင်းဆိုသူဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။
သူဟာ သောကြာနေ့က ဆူရတ်သနီ လူဝင်မှုကြီးကြပ်ရေးရုံးကို လာရောက်ပြီး နေထိုင်ခွင့်နှင့် အောက်တိုဘာ၃ရက် ထိုင်းအစိုးရ ဆုံးဖြတ်ချက်အရ အလုပ်ဆက်လုပ်ခွင့် သက်တမ်းတိုး လာလျှောက်ခဲ့တာဖြစ်ပါတယ်။
၂၀၂၃ အောက်တိုဘာ ၃ရက် ထိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ မြန်မာ၊လာအိုနှင့် ကမ္ဘောဒီးယား (၃)နိုင်ငံမှ အလုပ်သမား တွေဟာ ထိုင်းနိုင်ငံမှာရောက်ရှိပြီးသားဆို၌ါက ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးလိုက်တာပါ။
အဲဒီဆုံးဖြတ်ချက်အပေါ် အချို့သော အိန္ဒိယနိုင်ငံသားတွေက အခွင့်အရေးယူပြီး စာရွက်စာတမ်းအတုတွေလုပ်ကာ သူတို့ကိုယ် သူတို့ မြန်မာ၊လာအိုနှင့် ကမ္ဘောဒီးယားအလုပ်သမားယောင်ဆောင်ပြီး လိမ်လည်မှုတွေရှိနေတဲ့အတွက် ထိုင်းလူဝင်မှု ရဲတပ်ဖွဲ့က အထူးကြပ်မတ်စစ်ဆေးနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ နာမည်ကျော် နိုင်ငံတကာခရီးသွားကျွန်း(၃)ကျွန်းဖြစ်တဲ့ Koh Samui ၊Koh Phangan နှင့် Koh Taoတို့မှ ရက်လွန် နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို အထူးစစ်ဆေးဖို့ ရဲမှူးကြီးနာယူဝက်ဖုသက်ဝီယိုက ညွှန်ကြားထားတာလို့ဆိုပါတယ်။
အသက် ၃၆နှစ်အရွယ် မြန်မာနိုင်ငံသား ဂျေကာ မာလို့ လိမ်လည်လျှောက်ထားခဲ့တဲ့သူ့ရဲ့ လက်ဗွေရာကို စစ်ဆေးကြည့်တဲ့အခါ သူဟာ အိန္ဒိယနိုင်ငံသာား အသက် ၄၀ အရွယ်ဆူရတ်ဆင်းဆိုသူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။
သူဟာ ၂၀၂၉ခုနှစ် ဒီဇင်ဘာ ၁၁ရက်နေ့မှာ စီးပွားရေးလုပ်ငန်းဗီဇာနှင့် ထိုင်းကိုဝင်ရောက်ခဲ့ပြီး ၂၀၂၂ခုနှစ် ဒီဇင်ဘာ (၆)ရက်အထိ ဗီဇာသက်တမ်းရှိခဲ့ပါတယ်။ အဲဒါကြောင့်သူဟာ ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၄၂၃ ရက် ရက်လွန်နေထိုင်ခဲ့ကြောင်း တွေ့ရှိရလို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူကလည်း စာရွက်စာတမ်းအတုသုံးပြီး နေထိုင်ခွင့်သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပါတယ်လို့ ရဲကို ဝန်ခံခဲ့ပါတယ်။
@ymg/knl
ရွှေတိဂုံတွင် ထမနဲထိုးပြိုင်ပွဲနှင့်ထမနဲလှူမည်
"ထမနဲ (၄)ပြည်တစ်ဒယ်ကိုကျပ်၆ သောင်းခွဲနဲ့ ပါဝင်လှူဒါန်းနိုင်ပြီး ရရှိလာတဲ့ ထမနဲ လေးပုံတစ်ပုံကို အလှူရှင်ထံ ပြန်လည်ပေးအပ်သွားဖို့ ရှိပါတယ်"ရွှေတိဂုံဂေါပကအဖွဲ့ဝင် ဦးဘိုးသင်း
Yangon Times/tthl
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 5 February 2024
မြန်မာနိုင်ငံ၌ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုများတွင် အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှု ပြဿနာများကို မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံ ပူးပေါင်းပြီး နှိမ်နင်းရှင်းလင်းမှုများ ထိရောက်စွာဆောင်ရွက်နိုင်ရန် ညှိနှိုင်းမှုပြုလုပ် လျက်ရှိတယ်လို့ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က ပြောကြားခဲ့ပါတယ်။
ဘရပ်ဆဲလ်မြို့ရှိ မြန်မာသံရုံးမှသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ဖေဖော်ဝါရီ ၂ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ကျင်းပခဲ့တဲ့ (၂၄) ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးအဆင့် အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် တက်ရောက် ပါဝင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အစည်းအဝေးသို့ အာဆီယံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ် Dr.Kao Kim Hourn နှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အကြီးအကဲ/ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ (EU High Representative for Foreign Affairs and Security Policy/ Vice-President of the European Commission-HR/VP) Mr. Josep Borrell တို့ တက်ရောက်ခဲ့ကြပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Saleumxay Kommasith က ဒေသတွင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ၌ လာအိုနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံက ဦးဆောင်၊ ဆောင်ရွက်သည့် လုပ်ငန်းစဉ်ကို အခြေခံ၍ ရေရှည်တည်တံ့မှုရှိသော နည်းလမ်း ရှာဖွေနိုင်ရေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် ကတိကဝတ်ထား ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။
ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Parnpree Bahiddha-Nukara က မြန်မာနိုင်ငံအရေးပြောကြားရာ၌ လူသားချင်း စာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးအပ်ခြင်းသည် မြန်မာနိုင်ငံ၏ အခြေအနေကို မြှင့်တင် နိုင်လိမ့်မည်ဟု ထိုင်းနိုင်ငံအနေဖြင့် ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံပြည်တွင်းနှင့် လည်းကောင်း၊ နိုင်ငံတကာအသိုက်အဝန်းနှင့်လည်းကောင်း အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုများ ပြုနိုင်ရန်အတွက် အီးယူအနေဖြင့် ပံ့ပိုးကူညီသွားစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာသံအမတ်ကြီးက ဆွေးနွေးပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် အီးယူ၏ ကုန်သွယ်မှု ဆိုင်ရာ အထူးအခွန်ကင်းလွတ်မှု အကျိုးခံစားခွင့် အစီအစဉ် (GSP/ EBA) ရရှိမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းသို့ရရှိသည်နှင့် အားလျော်စွာ GSP/ EBA အစီအစဉ်အရ ဆောင်ရွက်ပေးရမည့် due diligence နှင့်အညီ မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး များကို သိရှိနားလည်ပြီး တည်ဆဲဥပဒေများအရ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို နိုင်ငံရေးအရ ဆွေးနွေးပြီး လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး လွတ်လပ်၍တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ရည်မှန်းဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
Ymg_mnn
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group


' ချေးငွေလျှောက်ထားတာ အကြမ်းဖျင်းတော့ ဧကတစ်သိန်းမပြည့်သေးပါဘူး၊ ပြီးခဲ့တဲ့အပတ် သိသလောက်က ဧကငါးသောင်း၊ ခြောက်သောင်းလောက်ရှိပါတယ်၊ အဲ့ဒီထဲကမှ စပြီးတော့ထုတ်ပေးလို့ ရတဲ့နေရာတွေကို စထုတ်ပေးပါမယ်၊ မြန်မာနိုင်ငံအထက်ပိုင်းဖြစ်တဲ့ နေပြည်တော်တို့ မန္တလေးတို့ အစရှိသဖြင့် အထက်ပိုင်းတွေကတော့ နောက်မှထုတ်ပေးရမယ့် အနေအထားရှိပါတယ် '
Yangon Times/NN
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 5 February 2024
မြန်မာ-စင်ကာပူ နှစ်နိုင်ငံအကြား ကာလကြာရှည်တည်ရှိခဲ့တဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေး၊ နှစ်နိုင်ငံအစိုးရတို့က ကူးလူးဆက်သွယ်နေကြတဲ့ နှစ်ဖက် ပြည်သူများကို စောင့်ရှောက်မှုပြုရေး၊ ပြည်သူအချင်းချင်း ကူးသန်းရောင်းဝယ်မှုများ ပိုမို ချောမွေ့ကောင်းမွန်စေရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
စင်ကာပူမြို့မှ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဇော်ဇော်စိုး သည် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ Southeast Asia II Directorate ၏ ညွှန်ကြားရေးမှူးချုပ် Mr. LOY Hui Chien အား ဖေဖော်ဝါရီ ၂ ရက်တွင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
မြန်မာ-စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေး၌ အခြေခံအကျဆုံး အပိုင်းဖြစ်တဲ့ နှစ်နိုင်ငံ ပြည်သူများရဲ့ တရားမျှတတဲ့ အကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းမှသည် နှစ်နိုင်ငံအကြား နားလည်ယုံကြည်မှုနှင့် ဆက်ဆံမှုတိုးမြှင့်နိုင်ရေး အခွင့်အလမ်းများကို ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရန် အလေးထားဆွေးနွေး ပြောကြားခဲ့ပါတယ်။
စင်ကာပူမြို့၊ မြန်မာသံရုံးအနေဖြင့် မြန်မာ-စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေးအပေါ် အလေးထားတဲ့ အားလျော်စွာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မပြတ်ဆက်သွယ်၍ ကောင်စစ်ရေးရာ လုပ်ငန်းရပ်များအပေါ် ပိုမိုအားဖြည့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ယင်းလုပ်ငန်းစဉ်ကို မြန်မာသံရုံး၊ စင်ကာပူမြို့ရဲ့ ဦးစားပေး လုပ်ငန်းအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
Ymg_mnn
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 5 February 2024
စတုတ္ထအကြိမ် သီတဂူစက္ခုဒါန-သီတဂူမျက်စိအလှူတော်ပြုလုပ်နေပြီးစာရင်းပေးကုသသူများပြားနေ ကြောင်း သီတဂူစက္ခုဒါနဆေးရုံမှသိရသည်။
အဆိုပါ စတုတ္ထအကြိမ် သီတဂူစက္ခုဒါန-သီတဂူမျက်စိအလှူတော် အစီအစဉ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ သီတဂူအဖွဲ့မှ ပေးလှူကုသနေပြီး စာရင်းပေးသူ ၁၆၀၀ ကျော်ကို ဖေဖော်ဝါရီ ၂ရက်မှ ၈ ရက်အထိ ခွဲစိတ်ကုသပေးနေကြောင်း သိရသည် ။
ထိုသို့ ကုသရာတွင် နေ့စဥ် ၃၅၀ နှုန်းဖြင့် ကြည့်ရှုစစ်ဆေးရန် ပြင်ဆင်ထားသော်လည်း စတင်ခွဲစိတ်ကုသသည့် ဖေဖော်ဝါရီ ၂ ရက်တွင် လူနာ ၄၄၁ ဦး စစ်ဆေးခဲ့ကာလူနာ ၂၀၁ ဦးမျက်စိခွဲစိတ်ခဲ့ခြင်းနှင့် လူနာတစ်ဦးကိုမူမျက်ခွံချုပ်ခဲ့ရကြောင်းသိရသည်။
ထို့အတူ ဖေဖော်ဝါရီ ၃ ရက်၌ ၄၇၃ ဦး စစ်ဆေးခဲ့ကာ လူနာ ၁၆၅ ဦး ခွဲစိတ်ကုသပေးခဲ့ရကြောင်းသိရသည်။
၎င်းအပြင် စာရင်းပေးသွင်းထားသူ ၁၆၀၀ ကျော်ကို သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြီးကြပ်ကုသပေးနေပြီး စာရင်းပေးသူများပြားတာကြောင့် စတုတ္ထအကြိမ်မှာ ကုသခွင့်မရသူများမှာ ပဥ္စမအကြိမ်၌ စာရင်းပေးသွင်းကုသနိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 5 February 2024
ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ လိပ် ၂၈ ကောင်ယူဆောင်လာပြီး မဲဆောက်ဘက်ကိုဝင်ရောက်လာသည့် မြန်မာ အမျိုးသမီးတစ်ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရသိရသည်။
ဖေဖော်ဝါရီလ ၃ ရက် မနက် ၁၁ နာရီအချိန်ခန့်က မဲဆောက်မြို့နယ်၊ ထာ့ဆိုင်လွှက်ကျေးရွာထဲ မြေဆီအိပ်တစ်လုံးနှင့်ဝင်ရောက်လာသည့် မြန်မာအမျိုးတစ်ဦးကို ထိုင်းစစ်တပ်က ခေါ်ယူစစ်ဆေးခဲ့ရာ မှ အဖမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ဆေးချက်အရ မဲဆောက်မြို့ တွင် လိပ် တစ်ကောင်ကို ဘတ်ငွေ ၁၅၀ နှင့် ရောင်းချရန် အတွက် ယင်း လိပ်(၂၈)ကောင်ကို မြဝတီမြို့ကနေ ယူဆောင်လာတာဖြစ်ကြောင်း သိရသည်။
လိပ်များ ကို မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသူ မှ မြေဆီအိပ်ထဲတွင် အိပ်အသေး ၆ လုံးနှင့် ထည့်ထားကာ မဲဆောက်ဘက်ကို ယူဆောင် လာခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိသူ ကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် သက်သေခံ လိပ်(၂၈)ကောင်နဲ့အတူ မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 5 February 2024
ယခုအပတ်တွင် စားအုန်းဆီရည်ညွှန်းဈေး ကျပ် ၅၂၇၅သတ်မှတ်ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။
ပြီးခဲ့သည့် အပတ်တုန်းက (၅၃၈၀)ကျပ်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုအပတ်တွင် စားအုန်းဆီရည်ညွှန်းဈေး ကျပ် ၅၂၇၅သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများ အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၁၂ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅၂၇၅ ကျပ် ဖြင့်ရောင်းချရမည်ဟုထုတ်ပြန်ထားသည်။
ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published_ 5 February 2024
ရန်ကုန်တိုင်းတွင် ချင်းချောင်းနန်းတော်၊ ရန်ကုန်တက္ကသိုလ်၊ ပီလခတ်ဟိန္ဒူကျောင်း၊ ပေါ်တူဂီဘုရားကျောင်းအပါအဝင် ခရီးစဉ်သစ်နေရာ(၉)ခုဖော်ဆောင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
မူလက ခရီးစဉ်နေရာဟောင်း (၂၈)နေရာရှိရာမှ ခရီးစဉ်သစ်နေရာ(၉)ခုထပ်တိုးပြီး ခရီးစဉ်လည်ပတ်ရန်နေရာ (၃၇) နေရာရှိလာမည်ဖြစ်သည် ဟုဆိုသည်။
ရန်ကုန်တိုင်းအတွင်း ခရီးစဉ်နေရာသစ်(၉)ခုက ချင်းချောင်းနန်းတော်၊ ရှေးဟောင်းပေါ်တူဂီဘုရားကျောင်း(သို့) ငဇင်ကာအုတ်ဂူ၊ရန်ကုန်တက္ကသိုလ်၊ အာဇာနည်ဗိမာန်၊ ဦးဥတ္တမပန်းခြံ(သို့)ကန်တော်မင်္ဂလာပန်းခြံ၊ သျှာရီကာလီမယ်တော်ကျောင်း၊ ကဗျာဆရာ မဂိုအင်ပါယာဧကရာဇ်မင်း ဘာဟာဒူးရှားဇဖာရ်ရှားဂူဗိမာန် ၊ ပီလခတ်ဟိန္ဒူကျောင်း၊ ကျိုက်ပြဿဒ်တနော်ကောင်းမှုစေတီတော်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်နေရာများအား ပြည်တွင်း၊ ပြည်ပခရီးသွားများ လည်ပတ်နိုင်ရန် ဖော်ဆောင်ထား ကြောင်းနှင့် ယခင် ခရီးစဉ်နေရာဟောင်း (၂၈)နေရာကိုလည်း လည်ပတ်နိုင်ကြောင်း သိရသည်။
#tthl #Yangon_Times
Page 722 of 1858