#World_Health
Published 21 September 2024


▪️ လေထုညစ်ညမ်းမှုနဲ့ ထိတွေ့နေရခြင်းက ပျမ်းမျှနေထိုင်သက်တမ်းကို ၂ နှစ်လောက် တိုစေတယ်လို့ စွမ်းအင်ပေါ်လစီအဖွဲ့အစည်းမှ ယမန်လက ထုတ်ပြန်ခဲ့ပါတယ်။

 

▪️ အိန္ဒိယရှိ လေထုအရည်အသွေးညွှန်းကိန်း (AQLI)လေ့လာချက်အရ လေထုအမှုန်အတိုင်းအတာ PM 2.5 က နှစ်စဉ်ပျမ်းမျှ တစ်ကုဗမီတာလျှင် ၄၀ မိုက်ခရိုဂရမ်နှုန်း ဖြစ်နေပြီး ဒေသခံ ၄၀ ရာခိုင်နှုန်းလောက်ဟာ ညစ်ညမ်းလေထုသတ်မှတ်ချက်ထက် ကျော်လွန်တဲ့လေတွေကို ရှူရှိုက်နေရပါတယ်။

 

▪️ WHO က နှစ်စဉ် တစ်ကုဗမီတာလျှင် ၅ မိုက်ခရိုဂရမ်နှုန်းသာ ရှိရမယ်လို့ အကြံပြုထားပါတယ်။
အိန္ဒိယမှာ လေထုအညစ်ညမ်းဆုံးမြို့က ဒေလီဖြစ်ပြီး ပျမ်းမျှ PM 2.5 ပမာဏက ၈၄.၃ မိုက်ခရိုဂရမ် ရှိနေပါတယ်။

 

▪️ ဒေလီမှာသာ WHO လမ်းညွှန်ချက်များအတိုင်း ပြည့်မီအောင် လုပ်ဆောင်ပါက လူပေါင်း ၁၈.၇ သန်းရဲ့ ပျမ်းမျှနေထိုင်သက်တမ်း ၈ နှစ်နီးပါး အသက်ရှည်လာနိုင်ပါတယ်။

 

▪️ လေထုညစ်ညမ်းမှု ပြဿနာအပြင် အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့် သက်တမ်း ၁.၆ နှစ်၊ ဆေးလိပ်ကြောင့် ၁.၅ နှစ်၊ မသန့်ရှင်းတဲ့ရေကြောင့် ၈.၄ လ အသီးသီး သက်တမ်းတိုနေရပါတယ်။

 

▪️ ကမ္ဘာ့လေထုအဖွဲ့အစည်းမှ ထုတ်ပြန်ချက်အရ လေထုညစ်ညမ်းမှုဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အသေအပျောက်အများဆုံး အကြောင်းအရင်း ဖြစ်နေပါတယ်။

 

▪️ အသက် ၇ နှစ်အောက် ကလေးတွေဟာ လေထုညစ်ညမ်းမှုဒဏ်ကို ပိုပြီးခံစားရနိုင်ကာ ရင်ကြပ်နဲ့ အခြားအဆုတ်ရောဂါများ အဖြစ်များလာပါတယ်။

 

▪️ မသန့်ရှင်းတဲ့လေကို ကြာရှည်ရှူရှိုက်မိသဖြင့် ကလေးအယောက် ၇ သိန်းခန့် သေဆုံးထားပြီး ထိုထဲက ၇၀ ရာခိုင်နှုန်းက အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် ဖြစ်ပါတယ်။

 

▪️ နိုင်ငံပေါင်း ၉၄ နိုင်ငံကသာ PM 2.5 နဲ့အညီ ထိန်းသိမ်းထားနိုင်ပါတယ်။

 

▪️ ချီကာဂိုတက္ကသိုလ်မှ အချက်အလက်အရ လေထုညစ်ညမ်းခြင်းကြောင့် နေ့စဉ်လူပေါင်း ၂၂၀၀၀ ခန့် သေဆုံးနေကြရတယ်လို့ သိရပါတယ်။

 

#Source: The Jerusalem Post