#World_News
Published 21 September 2024


▪️ လေ့လာချက်တစ်ခုအရ အသုံးများတဲ့ အိမ်သုံးပစ္စည်းတွေမှာပါတဲ့ ဓာတုပစ္စည်းအချို့နဲ့ ထိတွေ့တဲ့ မိန်းကလေးငယ်တွေဟာ အပျိုဖော်ဓမ္မတာ စောစီးစွာစတင်ဖြစ်နိုင်ဖွယ် ရှိတယ်လို့ တွေ့ရှိထားပါတယ်။

 

▪️ ဒီလိုပစ္စည်းတွေထဲမှာ ဆပ်ပြာမှုန့်၊ ရေမွှေး၊ ဆပ်ပြာတို့မှာ အသုံးပြုတဲ့ အမွှေးနံ့ပစ္စည်းလည်း ပါဝင်ပါတယ်။

 

▪️ ဒီလိုဒြပ်ပေါင်းတွေဟာ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေရဲ့ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။

 

▪️ အမေရိကန် NIH မှ သုတေသီများက ပတ်ဝန်းကျင်မှာတွေ့ရတဲ့ ဒြပ်ပေါင်း ၁ သောင်းခန့်ကို စစ်ဆေးပြီး မျိုးပွားလုပ်ဆောင်ပေးတဲ့ ကြွက်တွေနဲ့ လူသားတွေရဲ့ ဦးနှောက်ဆဲလ်များဖြင့် စမ်းသပ်ခဲ့ကြပါတယ်။

 

▪️ ထိုအခါမှာ ဒြပ်ပေါင်းအများအပြားက မိန်းကလေးတွေမှာ စောစီးစွာ အပျိုဖော်ဝင်နိုင်စေဖွယ် ရှိတယ်လို့ ဦးဆောင်သုတေသီ နာတယ်လီရှောက ပြောပါတယ်။

 

▪️ ထိုဒြပ်ပေါင်းတွေက အပျိုဖော်ဝင်ခြင်း ဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတဲ့ ဆဲလ်လက်ခံပရိုတိန်းတွေကို လှုံ့ဆော်စေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

 

▪️ အမွှေးနံ့တွေမှာပါတဲ့ ဒြပ်ပေါင်းတွေ ထိတွေ့ခြင်းက ငယ်ရွယ်သူတွေမှာ မျိုးပွားဖြစ်စဉ်ကို စောစီးစွာလှုံ့ဆော်ပေးနိုင်ခြေ မြင့်မားစေတယ်လို့ ရှောကရှင်းပြပါတယ်။

 

▪️ ယခုခေတ်မှာ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အသုံးများလာပြီး ဒြပ်ပေါင်းတွေက ဦးနှောက်နဲ့သွေးလမ်းကြောင်း ပိုင်းခြားအရာကိုပါ ဖြတ်သန်းသွားနိုင်တယ်လို့ ကြွက်တွေမှာ တွေ့ရှိထားပါတယ်။

 

▪️ ဒါကြောင့် မိဘများအနေနဲ့ အစိုးရမှ ကွပ်ကဲညွှန်ကြားထားတဲ့ ပစ္စည်းတွေကိုသာ ကလေးတွေအတွက် အသုံးပြုစေသင့်တယ်လို့ ဆိုပါတယ်။

 

#Source: India Today