#World_News
Published 21 September 2024


▪️ အစ္စရေးလ်တို့ဟာ သောကြာနေ့က လက်ဘနွန်မြို့တော် ဘေရုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာမှာ လက်ဘနွန်ဘက်မှ ဟက်ဇ်ဘိုလာ ထိပ်တန်းတပ်မှူးတစ်ဦးနဲ့ အခြားအကြီးတန်းပုဂ္ဂိုလ်တွေကို သတ်နိုင်ခဲ့ပြီး လက်ဘနွန်နယ်စပ်နားတဝိုက်ဒေသ လုံခြုံမှုမရမချင်း စစ်ဆင်ရေးအသစ် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။

 

▪️ လေကြောင်းတိုက်ခိုက်မှုအတွင်း အီဘရာဟင်အာကီးလ်နဲ့ ဟက်ဇ်ဘိုလာ လက်ရွေးစင်အဖွဲ့မှ အကြီးတန်းအဖွဲ့ဝင်များ သေဆုံးခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်နဲ့ လက်ဘနွန်ရှိ လုံခြုံရေးရင်းမြစ်တို့က ပြောကြားလိုက်ကာ အစ္စရေးလ်နဲ့ အီရန်နောက်ခံပြု ဟက်ဇ်ဘိုလာအဖွဲ့တို့ကြား ပဋိပက္ခတင်းမာမှု ဆက်လက်မြင့်တက်စေခဲ့ပါတယ်။

 

▪️ ဟက်ဇ်ဘိုလာဘက်ကလည်း ထိပ်သီးခေါင်းဆောင်တစ်ဦး ကျဆုံးခဲ့တာကို အတည်ပြုခဲ့ပြီး ဖြစ်ပျက်ခဲ့ပုံ အတိအကျတော့ မပြောထားပါဘူး။

 

▪️ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၄ ဦးသေဆုံးထားပြီး ကယ်ဆယ်ရေးအဖွဲ့များ ညလုံးပေါက် ကယ်ဆယ်နေတာကြောင့် သေဆုံးစာရင်း ထပ်မံတိုးလာဖွယ်ရှိကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

▪️ အစောပိုင်းကတော့ အနည်းဆုံး ၆၆ ဦးဒဏ်ရာရရှိကာ ၉ ဦးက အရေးပေါ်အခြေအနေ ဖြစ်နေပါတယ်။

 

▪️ အဆောက်အအုံတစ်ခုရဲ့ ဂိုထောင်အပေါက်ဝသို့ ဒုံးကျည်များ ပစ်ထည့်လိုက်ချိန်မှာ အခြားဟက်ဇ်ဘိုလာ တပ်မှူး ၆ ယောက်လည်း အနည်းဆုံးသေဆုံးခဲ့တယ်လို့ နောက်ထပ်လုံခြုံရေး သတင်းရင်းမြစ်က ဆိုပါတယ်။

 

▪️ အာကီးလ်က အခြားတပ်မှူးများနဲ့ အထဲမှာတွေ့ဆုံစဉ် အဆောက်အအုံ အထပ်အနိမ့်ပိုင်းတွေမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

 

▪️ မျက်မြင်တွေ့ရှိသူတွေ ပြောကြားချက်အရ ပစ်ခတ်ချိန်အတွင်း ကျယ်လောင်တဲ့ ဝီစီသံနဲ့ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရတယ်လို့ သိရပါတယ်။

 

▪️ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက အစ္စရေးလ် ဦးတည်ချက်တွေက ရှင်းလင်းပြတ်သားပြီး လုပ်ရပ်နဲ့သာ ဖော်ပြနေတယ်လို့ ပြောကြားလိုက်ပါတယ်။

 

▪️ ပြီးခဲ့တဲ့ အောက်တိုဘာလ ဟက်ဇ်ဘိုလာတို့ အစ္စရေးလ်ဘက်ကို ဒုံးကျည်များ စတင်ပစ်ခတ်နေတည်းက အစ္စရေးလ်-လက်ဘနွန် နယ်စပ်ရှိ နှစ်ဖက်စလုံးမှ လူပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

 

▪️ လက်ဘနွန်ဆိုင်ရာ ကုလအထူးသံတမန် ဂျနင်ဟန်နစ်ပလက်စ်ချာ့တ်က ဘေရုဆင်ခြေဖုံးနေရာမျိုးကို တိုက်ခိုက်တာဟာ အကြမ်းဖက်လုပ်ရပ်တွေ သံသရာလည်နေတဲ့သဘောဖြစ်ပြီး အခုချက်ချင်း ရပ်တန့်ရမယ်လို့ ပြောသွားပါတယ်။

 

#Source: Reuters