၂၀ စက်တင်ဘာ ၂၀၂၄

ယောကျ်ားအင်္ဂါကြီးအောင်ခွဲစိတ်ကုသပေးတဲ့ ဆမွတ်ဆက်ခွန်က အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ကဖမ်းဆီးလိုက်ပါတယ်။ သူဟာ အနှစ် ၂၀ခန့်မှာ မည်သည့် ဆေးပညာဆိုင်ရာသင်တန်းတစ်ခုခု တက် ရောက်ခဲ့ခြင်းမရှိဘဲနှင့် ဒီအလုပ်ကိုလုပ်လာတာဖြစ်ပြီး အခုနောက်ဆုံးမှာ သူ့ရဲ့ဖောက်သည်တစ်ဦးဟာ အကြီးအကျယ် ရောင်ရမ်းလာပြီးနောက် အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

အသက် ၃၆နှစ်အရွယ် ကစ်တိကွန်ဆွန်ဆရီကို  ကြာသပတေးနေ့က  ကရက်သမ်ဘင်းခရိုင် တမ်ဘွန် အုန်နွိုင်က  ဆီလီကွန်ထိုးပြီး ပုလဲထည့်ပေးတာတွေလုပ်ပေးနေတဲ့ အိမ်ကနေ သူ့ကို ရဲတွေက ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

သူဟာ အတန်းပညာ (၉)တန်းပဲရှိတယ်လို့  ဖမ်းဆီးခဲ့တဲ့ရဲတွေကို သူကပြောပါတယ်။ သူဟာ အသက် ၁၄နှစ်အရွယ်ကတည်းက သူ့ဘာသာသင်ယူခဲ့တာလို့လည်းပြောပါတယ်လို့ ရဲဗိုလ်ချုပ် ဝီသာရာဆရီပရာ    ဆတ်ပတ်က ပြောပါတယ်။

သူဟာ “Mai Luai Modify” ဖေ့စ်ဘုတ်ပေ့ချ်ကနေတစ်ဆင့် ယောကျ်ားလိင်တန်ကြီးအောင် ခွဲစိတ်ကုသမှု တွေဖြစ်တဲ့ ဆီလီကွန်ထိုးပေးတာနှင့်ပုလဲထည့်ပေးတာတွေလုပ်နေတာဖြစ်ပြီး တိုင်တန်းမှုတစ်ခုရှိ  လာ ကာ နောက်ဆုံးအဖမ်းခံရတာပါ။

သူနှင့်အတူ ခွဲစိတ်ကုသရာမှာအသုံးပြုတဲ့ ပစ္စည်းတွေကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်။သူဟာဆရာဝန် တစ်ဦးလည်းမဟုတ်သလို ဆေးကုခွင့်လိုင်စင်တစ်ခုမှလည်းမရှိပါဘူး။

သူဟာ ဖောက်သည်တစ်ဦးကို ဘတ် ငါးထောင်မှ နှစ်သောင်းအထိ ခွဲစိတ်ခယူပါတယ်။ တစ်လကို ဖောက်သည် နှစ်ဦး သုံးဦးလောက်ရတယ်လို့ သူက ရဲအရာရှိတွေကိုပြောပြပါတယ်။

ဒီလိုခွဲစိတ်ကုသမှုမျိုးဟာလိင်တန်ရောင်ရမ်းစေပြီး လိင်တန်မာကျောမှုကိုလည်း ပြန်မရဖြစ်တတ်လို့ ဒီလိုခွဲစိတ်ပေးနေသူတွေ အလုပ်တွေရပ်တန်းကရပ်မလား ဒါမှမဟုတ်ဖမ်းမရမလားလို့ ရဲဗိုလ်ချုပ်ကြီးက ဆက်ပြောပါတယ်။

Source BKPost