#Local_News
Published 18 September 2024

▪️ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဒေါနိုးကူးရပ်ကွက်၊ ရှမ်းစုရပ်ကွက်နှင့် နမ့်ကွတ်ရပ်ကွက်များတွင် ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် ကူညီကယ်ဆယ်ရေးများပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ စက်တင်ဘာ ၁၈ရက်နေ့၊ ၇ နာရီ  အချိန်ခန့်က  ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါနိုးကူးရပ်ကွက်၊ ရှမ်းစုရပ်ကွက်နှင့် နမ့်ကွတ်ရပ်ကွက်များတွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ ထို့ကြောင့်  ကယားပြည်နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်ဝင်းအောင်ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကူညီရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times