#Local_News
Published 18 September 2024


▪️ မန္တလေး တိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း မှ ကျေးရွာများရှိ ‌ရေဘေးကြောင့် ‌ေ-သဆုံးသူများ၏ ရုပ်အ ‌ေ-လာင်းများအား ရှာဖွေတွေ့ရှိ ခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ)  မှ သိရသည်။

 

▪️ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျော့ပါးသည် နှင့်မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ဒေသကြီး ကော်မတီ) မှ တိုင်းကော်မတီ ဥက္ကဌ ဦးလှိုင်မင်းဦး၏ အနီးကပ်  ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဝမ်းတွင်းမြို့နယ်ရုံး) မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မိတ္ထီလာမြို့နယ်ရုံး) တို့ မှ စုစုပေါင်း အဖွဲ့ဝင် (80)ဦး ဖြင့် ဝမ်းတွင်းမြိုနယ် - ရိုးစုံအုပ်စု တစ်ဝိုက်တွင် ရေစီးကြောင့် မျောပါပျောက်ဆုံးသွားသူများအားတစ်ဖွဲ့လျှင် (10)ဦးပါ အဖွဲ့ငယ်များ ခွဲ ၍ တောနင်းရှာဖွေခဲ့ကြကြောင်း သိရသည်။

 

▪️ အဆိုပါ ကဲ့သို့ရှာဖွေရာတွင်စက်တင်ဘာ ၁၆  ရက်နေ့ က ရွံ့ထဲတွင်တွေ့ရှိခဲ့သော ကလေးငယ် (မကေခိုင်ထွန်း )၏ ဖခင်ဖြစ်သူ (ဦးမြင့်သန်း) နှင့် အကိုဖြစ်သူ (ကိုသက်ဝေထွန်း)တို့ ၏ ရုပ်အလောင်းများအား ရိုးစုံကျေးရွာနှင့် တစ်နာရီကျော်လမ်းလျှောက်ခရီးတွင် နေရာနှစ်ခုခွဲ၍ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

▪️ ထို့နောက် မိသားစု၏ ကျန်ရစ်သူမိခင်အားခေါ်ယူကာ အတည်ပြုချက်ရယူပြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း ၊ကျန်ရစ်သူမိခင်အား တိုင်းရုံးမှ အလှူငွေ (5) သိန်းကျပ်၊ ဝမ်းတွင်းမြို့နယ်ရုံးမှ အလှူငွေ (5) သိန်းကျပ် မိတ္ထီလာမြို့နယ်ရုံးမှ အလှူငွေ (5) သိန်းကျပ် အသီးသီး ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

▪️ ၎င်းအပြင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)တိုင်းကော်မတီ ဥက္ကဌ ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရိုးစုံ‌ကျေးရွာ အုပ်စု နှင့် ကြွယ်ကန်ကျေးရွာ အုပ်စု တဝိုက် ကျေးရွာနှင့်နီးသော နေရာများတွင် ပုပ်ပွကျန်ရစ်နေသည့် တိရိစ္ဆာန်အလောင်းများအား နောက်ဆက်တွဲရောဂါမဖြစ်ပွါးစေရေး အတွက် ‌တွေ့ရှိရာနေရာများတွင် မီးရှို့ခြင်းများကို ဆက်လက်ရှာဖွေဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times