၂၂ စက်တင်ဘာ ၂၀၂၄

"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် " မှ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အကူအညီပေးရေးစီမံကိန်း လွှဲပြောင်းပေးအပ်ခြင်းနှင့် ဖွင့်လှစ်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်က ရန်ကုန်မြို့ရှိ U-Energy Thaketa Power Company (UREC) ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာလျိုယုံ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ   သံရုံးသံမှူးကြီး Cao Jing၊ ယူနန်ပြည်နယ် သဘာဝစွမ်းအင်ဌာန ညွှန်ကြားရေးမှူးချုပ် Mr.Chen Jie၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးနှင့်ကုန်သွယ်မှုဌာန သံမှူး မစ္စတာ Ou Yang Dao Bing၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဘိုဌေး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး အပါအဝင် ယူနန်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ် စီးပွားကူးသန်းကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ၊ U -Energy Group Company ရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်" မှ ရန်ကုန်တိုင်း သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်လှုဒါန်းမှုပရောဂျက်ကို မြန်မာနိုင်ငံရှိ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေး   ကိုယ်စားလှယ်ရုံးက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး Yunnan Energy Investment သာကေတ   ဓာတ်အားပေးစက်ရုံမှ ရန်ပုံငွေတစ်စိတ်တစ်ပိုင်းဖြင့် ပံ့ပိုးပေးလျက်ရှိ​ကြောင်းသိရသည်။

သာကေတမြို့နယ် လမ်းများပေါ်တွင် ဆိုလာလမ်းမီး အစုံ (၄၀) တပ်ဆင်ပေးကာ ပရောဂျက်တန်ဖိုးမှာ ယွမ် (၃၈၀၀၀၀) ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်က ပရောဂျက်  စတင်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ မေလတွင် ပြည်တွင်း၊ ပြည်ပ တင်ဒါခေါ်ဝယ်ယူရေးလုပ်ငန်းပြီးစီးခဲ့ပြီး အလုံးစုံတပ်ဆင်လက်ခံခြင်းလုပ်ငန်းကို သြဂုတ်လကုန်ပိုင်းက ပြီးစီးခဲ့​ခြင်းဖြစ်သည်။

"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် " သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ဘေးပတ်ဝန်း ကျင်နိုင်ငံများတွင် ဆောင်ရွက်နေသည့် ပြည်သူ့အကျိုးဆောင်စီမံကိန်းတစ်ခုဖြစ်ကြောင်း  နှင့် ၂၀၂၂ခုနှစ်    တွင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း (၉)ကျောင်းတွင် အားကစားဆိုင်ရာ အဆောက်အအုံများ တိုးမြှင့်   ဆောင်ရွက်ခဲ့ပြီး သုဝဏ္ဏမြို့နယ် ဆိုလာလမ်းမီး လှုဒါန်းမှု ပရောဂျက်ကိုလည်း ပံ့ပိုးကူညီခဲ့ပြီးဖြစ်သည်။

၂၀၂၃ ခုနှစ်ကလည်း "မိုခါ" မုန်တိုင်းတိုက်ခတ်စဥ် ရန်ကုန်နှင့်မန္တလေးမြို့များသို့ ပြန်လည်  တည်ဆောက်  ရေးပစ္စည်းများ လှုဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုတစ်ကြိမ် သာကေတမြို့နယ် ဆိုလာလမ်းမီး လှုဒါန်းမှု   ပရောဂျက်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ပရောဂျက် (၄)ခုရှိပြီး လှုဒါန်းမှုပမာဏ ယွမ် (၁ ဒသမ ၀၈သန်း) ရှိပြီဖြစ်သည်။

@ymg/ee