#Local_News
Published 23 September 2024

▪️ ယခုနှစ်အတွင်း မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၏ ၅၀ ရာခိုင်နှုန်းနီးပါးမှာ  စားသောက်ကုန်အုပ်စုများဖြစ်‌ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

 

▪️ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပုဂ္ဂလိက စက်မှုလုပ် ငန်း ၂၄ မျိုးအတွက် ယခုကဲ့သို့  မှတ်ပုံတင်ခြင်း လုပ်ငန်းစဥ်ကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် လုပ်ဆောင်နေခြင်းဖြစ်‌ကြောင်း သိရသည်။

 

▪️ ထိုသို့လုပ်ဆောင်ရာတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပုဂ္ဂလိကစက်မှုလုပ်ငန်း ၈၀၀၀ကျော် မှတ်ပုံတင်ထားပြီးမန္တလေးတိုင်းဒေသကြီးမှ ၆၈၀၀ ကျော်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ  ၅၇၀၀ ကျော်မှတ်ပုံတင်ထားကြောင်း သိရသည်။

 

▪️ အဆိုပါလုပ်ငန်း ၂၄ မျိုးတွင်  စားသောက်ကုန်၊ ဆေးဝါး၊ အဝတ်အထည်၊ လူသုံးကုန်၊ ပရိဘောဂ၊ အိမ်သုံးပစ္စည်း၊ ပုံနှိပ်ပစ္စည်း၊ ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ အီလက်ထရွန်းနစ်ပစ္စည်း၊ သတ္တုမဟုတ်သည့်ဓာတ်သတ္တု၊ သတ္တုသန့်စင်စက်နှင့် လျှပ်စစ်ပစ္စည်းစသည်များ ပါဝင်ကာ မှတ်ပုံတင်ထားသည့်  ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၏  ၅၀ ရာခိုင်နှုန်းနီးပါးသည်စားသောက်ကုန်အုပ်စုဖြစ်‌‌ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times