၂၆ စက်တင်ဘာ ၂၀၂၄

နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများ အကြမ်းဖက်လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံ‌ရေး လမ်းကြောင်း၊ရွေးကောက်ပွဲလမ်းကြောင်းများမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေး နစက က ကမ်းလှမ်းဖိတ်ခေါ်လိုက်ပါတယ်။

စက်တင်ဘာ ၂၆ ရက် ရက်စွဲဖြင့်ထုတ်ပြန်လိုက်တဲ့ နစကရဲ့ ကြေညာချက်မှာ ယင်းကဲ့သို့ ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။

“ လက်နက်ကိုင်လမ်းစဉ် နှင့်အကြမ်းဖက်လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန် အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၊ အကြမ်းဖက်  သောင်းကျန်သူအဖွဲ့ အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်း ကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ  သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်အပ်ပါသည်။" လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Òယနေ့အချိန်တွင် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်ကောက်  ယူတော့မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှ လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက် နေချိန်လည်းဖြစ်သည်Ó လို့လည်း နစကရဲ့ကြေညာချက်ကဆိုပါတယ်။

တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကို စစ်ဘက်၊ အရပ်ဘက် မျှတစွာဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့တယ်လို့လည်း နစကရဲ့ သတင်းထုတ်ပြန်ပါတယ်။

Òနစကရဲ့အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်  ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်အာဏာလွှဲအပ်ရေးကို မမှိတ်မသုန် ဦးတည်ဆောင်ရွက် နေသော်လည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင် အကြမ်းဖက်တိုက်ခိုက်သည့် နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသား အရင်းအမြစ်များ၊ နိုင်ငံတော်၏ အခြေခံအဆောက် အအုံများ၊ ပြည်သူတို့၏အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးရမှုများစွာ ဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ်   အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကိုများစွာအဟန့်အတားဖြစ်စေခဲ့ရတယ်Ó လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

#ymg/knl