#Local_News
Published 27 September 2024


▪️ ပို့ကုန်ရငွေများပြန်လည်သွင်းပြီးဖြစ်၍ ကုမ္ပဏီ (၅၉)ခုကို အမည်ပျက်စာရင်း(အမည်မည်းစာရင်း)မှ ပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

▪️ ဗဟိုဘဏ်အနေဖြင့်(၂၀၁၉)ခုနှစ်တွင် ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသော ကုမ္ပဏီ (၁၃၇)ခုကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အမည်မည်း စာရင်းသွင်းပြီးအရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

▪️ အရေးယူခံရသည့် ကုမ္ပဏီ (၁၃၇)ခုအနက် ကုမ္ပဏီ (၅၉)ခုတွင် ပို့ကုန်ရငွေ အပြည့်အဝပြန်လည်ဝင်ရောက်ပြီးဖြစ်‌သောကြောင့် အဆိုပါကုမ္ပဏီ (၅၉)ခုနှင့်ပူးတွဲဖော်ပြထားသည့် ကုမ္ပဏီများ၏ဒါရိုက်တာအဖွဲ့ဝင်မျာစကို  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမည်မည်းစာရင်းမှ ပယ်ဖျက်လိုက်ပြီးပယ်ဖျက်လိုက်သည့် ကုမ္ပဏီများစာရင်းကို စက်တင်ဘာလ (၂၇)ရက်ထုတ်နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားကြောင်း  သိရသည်။

 

#YMG/tthl #Yangon_Times