#Local_News
Published 27 September 2024

▪️ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ကုန်စိမ်းတင်လာသည့် စကားဝါမြေခရီးသည် ယာဉ်တိမ်းမှောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ စက်တင်ဘာ ၂၇ရက်နေ့၊ မနက် ၅နာရီ  ၅၅မိနစ်  အချိန်ခန့်က  ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၅၇/၄နှင့် ၅၇/၅ ကြားတွင် ကုန်စိမ်းများ တင်ဆောင်လာသော စကားဝါမြေ ခရီးသယ်ယာဉ်တိမ်းမှောက်နေကြောင်း သိရသည်။

 

▪️ အဆိုပါ  သတင်းရရှိသဖြင့် ဘောနီအမြန်လမ်းမီသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ ကြောင်း သိရသည်။       

 

▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁)ဦး (ဦးခေါင်းနောက်စေ့ ထိခိုက်ဒဏ်ရာမစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် ကျား(၂)ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times