#Local_News
Published 27 September 2024


▪️ ဆေးတက္ကသိုလ်နှင့်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဝင်ခွင့် လူတွေ့နှုတ်‌မေးစာမေးပွဲကို ယခုလကုန်၌ နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်နှင့်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဦးစားပေးလျှောက်ထားသူများအနက် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများစာရင်းနှင့် ခုံအမှတ်၊ ဖြေဆိုရမည့် နေ့ရက်နှင့် နေရာများကို သက်ဆိုင်ရာ ဝက်ဆိုက်များ၌ ကြေညာထားကြောင်း သိရသည်။

 

▪️ အဆိုပါကဲ့သို့ကြေညာရာတွင်   ကျန်းမာရေးဝန်ကြီး ဌာန၏ website ( www. moh. gov. mm ) ၊ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီး ဌာန၏ website ( www. hrh. gov. mm )
၊ဆေးတက္ကသိုလ်နှင့်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊ အဆင့်မြင့်ပညာဦးစီးဌာန website တို့တွင် ကြေညာထားပြီး ဖြစ်သည်။

 

▪️ အဆိုပါ ကြေညာချက်ပါအချက်အလက်များကိုသေချာစွာဖတ်ရှုပြီး သူနာပြုသင်တန်းကျောင်း၊ နေပြည်တော်နှင့်သားဖွားသင်တန်းကျောင်း၊ နေပြည်တော်တို့၌ ကျင်းပပြုလုပ်မည့် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ မိမိတို့ဖြေဆိုရမည့်သတ်မှတ်နေ့ရက်များအတိုင်း အချိန်မှီလာရောက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ဖြေဆိုရမည့် နေ့ရက်များမှာ စက်တင်ဘာ ၃၀ရက်၌ ခုံအမှတ် ၁မှ ၅၀၀ အထိ အောက်တိုဘာ ၁ရက်၌ ခုံအမှတ် ၅၀၁ မှ ၁၀၀၀ အထိ ၊အောက်တိုဘာ ၁ရက်၌ ခုံအမှတ် ၁၀၀၁
မှ ၁၄၂၉ အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times