၂၆ စက်တင်ဘာ ၂၀၂၄

ယူကရိန်းအတွက် အမေရိကန်ရဲ့ ဒေါ်လာ ၈ ဘီလီယံကျော်ဖိုးရှိတဲ့ စစ်ရေးအထောက်အပံ့ကို သမ္မတ ဂျိုး ဘိုင်ဒင်က စက်တင်ဘာ ၂၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။  ရုရှားနှင့်စစ်ပွဲမှာ ယူကရိန်းကို အနိုင်ရဖို့ ကူညီတာဖြစ်တယ်လို့ ဝါရှင်တန်ကိုရောက်ရှိနေတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးကို ကြီးမားတဲ့ ကတိကဝတ်တစ်ခုပေးလိုက်တာဖြစ်တယ်လို့ ရိုက်တာသတင်းကရေးသားပါတယ်။

ယခုနောက်ဆုံးပေးလိုက်တဲ့စစ်ရေးအကူအညီတွေထဲမှာ ၈၁ မိုင်အထိ ပစ်ခတ်နိုင်တဲ့ Joint Standoff လက်နက်လို့ ခေါ်တဲ့ တိကျပဲ့ထိန်းဂလိုက်ဗုံး precision-guided glide bomb လည်းပါဝင်ပါတယ်။

ရုရှားကိုတိုက်ခိုက်တဲ့အခါ တာလတ်ဒုံးကျည်တွေဟာ ယူကရိန်းအသုံးပြုနေတဲ့လက်နက်တွေကို အကြီး အကျယ် အဆင့် မြှင့်တင်ပေးလိုက်တာဖြစ်ပါတယ်။

အဲဒီဂလိုက်ဗုံးတွေဟာ တိုက်လေယာဉ်ပေါ်ကနေ ပစ်ချလိုက်ပြီးနောက် ပစ်မှတ်တွေကို အလွန်တိကျစွာ တိုက်ခိုက်နိုင်စွမ်းရှိကြပါတယ်။ ရုရှားနိုင်ငံအတွင်းကျကျကို ပစ်ခတ် နိုင်မယ့်  အမေရိကန်ဒုံးကျည်တွေ အသုံးပြုတာကို ခွင့်ပြုမှာကို ဘိုင်ဒင်က ကြေညာမှာမဟုတ်ဘူးလို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါ တယ်။

ယူကရိန်းကိုကူညီဖို့က အမေရိကန်ရဲ့ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ ဘိုင်ဒင်က သတင်းထုတ်ပြန်ချက် ထဲမှာပြောထားပါတယ်။

အဲဒီစစ်ရေးအကူအညီတွေထဲက ဒေါ်လာ ၅.၅ ဘီလျံဖိုးကိုတော့ အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ကုန်ဆုံးမယ့် တနင်္လာနေ့မတိုင်ခင် ယူကရိန်းကိုပေးအပ်သွားမှာဖြစ်ပြီး ကျန်တဲ့ ဒေါ်လာ ၂.၄ ဘီလျ့ကို တော့ ယူကရိန်းလုံခြုံရေးအကူအညီဦးစီးဦးရွက်အစီအစဉ်အောက်ကနေပေးသွားမှာပါ။ အဲဒီအစီအစဉ် အရ အမေရိကန်အစိုးရဟာ သူ့ရဲ့ သိုလှောင်ထားတဲ့လက်နက်တွေပေးမှာမဟုတ်ဘဲ အမေရိကန်   လက်နက်ကုမ္ပဏီတွေဆီက လက်နက်တွေကို ဝယ်ပြီးပေးမှာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထား    ပါတယ်။

ယခုအကူအညီတွေကြောင့် ယူကရိန်းဟာ လေကြောင်းကာကွယ်ရေးစနစ်တွေထပ်မံရရှိလာမှာဖြစ်ပြီး လူမဲ့ ဝေဟင်စနစ်တွေနှင့် ဝေဟင်မှမြေပြင်ပစ်လက်နက်တွေပါရရှိလာမှာပါ။ အဲဒီအပြင် ယူကရိန်းရဲ့ ကာကွယ်ရေးအခြေစိုက်စက်ရုံတွေ အင်အားတော့တင်းလာမှာဖြစ်ပြီး ပြုပြင်ထိန်းသိမ်းရေးနှင့် ကိရိယာ တွေအစဉ်တစ်စိုက်လိုအပ်မှုတွေကိုလည်း ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ဘိုင်ဒင်ကပြောပါတယ်။

 ယခုအစီအစဉ်အရ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ယူကရိန်းကို ပက်ထရီယော့တ်     လေကြောင်းကာကွယ်ရေးဘက်ထရီတစ်ခုနှင့် ပက်ထရီယော့ဒုံကျည်တွေကို ထပ်ပေးမှာဖြစ်တယ်လို့    လည်း ဘိုင်ဒင်ကဆက်ပြောပါတယ်။

ယူကရန်းက အက်ဖ်-၁၈ လေယာဉ်မှူးတွေ သင်တန်းတွေတိုးချဲ့ဆောင်ရွက်ပေးဖို့လည်း ပင်တဂွန်စစ်ဌာန ချုပ်ကို ဘိုင်ဒင်က အမိန့်ပေးခဲ့ကြောင်းသိရပါတယ်။

ထရမ့်ကတော့ ယူကရိန်းသမ္မတ ကို ဝေဖန်မှုတွေ လုပ်နေပြီး ဇီလင်စကီးက တွေ့ဆုံခွင့်တောင်းတာကို လည်း ငြင်းပယ်ခဲ့ပါတယ်။

“ အပေးအယူလုပ်ဖို့ငြင်းဆိုခဲ့တဲ့ ဇီလင်စကီးဆိုတဲ့လူတစ်ယောက်ကို ကျွန်တော်တို့ဟာ ဘီလျံချီတဲ့ ဒေါလာတွေ ဆက်ပေးကြဦးလိမ့်မယ်” လို့ ထရမ့်က မြောက်ကာရိုလိုင်းနာမှာ ဗုဒ္ဓဟူးနေ့ကျင်းပတဲ့ သူ့ရဲ့ မဲဆွယ်စုရုံးပွဲမှာပြောခဲ့ပါတယ်။

ဘိုင်ဒင်ကြီးပြင်းလာတဲ့ ပင်ဆီဗန်နနီးယားပြည်နယ် စခရန်တွန်က လက်နက်စက်ရုံတစ်ခုကို ဇီလင်စကိး သွားလည်ပတ်တဲ့ကိစ္စကို ရီပတ်ဗလီကင် တော်တော်များများက ဒေါသ အမျက်ခြောင်းခြောင်းထွက်ခဲ့ကြ ပါတယ်။ ရီပတ်ဗလင်ကန်တွေဦးဆောင်ထားတဲ့ အောက်လွှတ်တော်ကော်မတီက ဇီလင်စကီးခရီးစဉ် အပေါ် စုံစမ်းစစ်ဆေးရေးတစ်ခုလုပ်နေပါတယ်။

#Source Reuters