#World_Health
Published 27 September 2024


▪️ အိုမီဂါ-၃ ဖြည့်စွက်ဆေးတွေဟာ သွေးတွင်းအဆီဓာတ် များတဲ့သူတွေမှာ နှလုံးခုန်မမှန်ခြင်း ဖြစ်နိုင်ခြေ များစေတယ်လို့ ဥရောပနှလုံးအဖွဲ့အစည်းက ဆန်းစစ်တွေ့ရှိထားပါတယ်။

 

▪️ လက်ရှိမှာတော့ သွေးရည်ကြည် ထရိုင်ဂလစ်ဆရိုက်များနေတဲ့ လူနာတွေမှာ နှလုံးသွေးကြော အန္တရာယ်လျော့နည်းအောင် ငါးကြီးဆီဖြည့်စွက်ဆေးတွေ ညွှန်းပေးနေကြကြောင်း အမေရိကန် ဗာဂျီးနီးယားကွန်မန်းဝဲ့လ်တက္ကသိုလ်မှ ဒေါက်တာ ဆယ်ဗေတိုကာဘိုနေးက ပြောပါတယ်။

 

▪️ လက်တွေ့စမ်းသပ်ချက်အချို့အရ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေဟာ ပုံမှန်မဟုတ် နှလုံးခုန်မြန်ခြင်း အန္တရာယ်များစေတာနဲ့ ဆက်စပ်နေပါတယ်။

 

▪️ ဒီလိုအခြေအနေ ရှိသူတွေဟာ လေဖြတ်နိုင်ခြေ ၅ ဆပိုများပါတယ်။

 

▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ဖော်စပ်မှုအမျိုးမျိုးကို ပမာဏအမျိုးမျိုးဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
လူနာပေါင်း ၅၀၂၇၇ ဦးကို ငါးကြီးဆီပေးတဲ့ အဖွဲ့နဲ့ အာနိသင်မရှိတဲ့ဆေး ပေးတဲ့အဖွဲ့ဆိုပြီး ခွဲခြားကာ ၂ နှစ်မှ ၇.၄ နှစ်ကြား စောင့်ကြည့်ခဲ့ကာ ငါးကြီးဆီကို တစ်နေ့ ၀.၈၄ ဂရမ်မှ ၄ ဂရမ်ကြား ပေးခဲ့ပါတယ်။

 

▪️ ထိုအခါမှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ဖြည့်စွက်ဆေးသုံးသူတွေက အာနိသင်မရှိတဲ့ဆေးပေးသူတွေနဲ့ ယှဉ်ရင် ပုံမှန်မဟုတ် နှလုံးခုန်မြန်ခြင်း သိသိသာသာ ပိုများနေခဲ့ပါတယ်။

 

▪️ ဒါကြောင့် ငါးကြီးဆီက နှလုံးသွေးကြောရောဂါ အန္တရာယ်များသူတွေမှာ ပုံမှန်မဟုတ် နှလုံးခုန်မြန်ခြင်းအန္တရာယ် သိသိသာသာ များတယ်လို့ ယူဆရကြောင်း ဒေါက်တာ ကာဘိုနေးက ပြောသွားပါတယ်။

 

#Source: DoctorNDTV