#World_Health
Published 30 September 2024


▪️ ကျောက်ကပ်ထဲမှာ စွန့်ပစ်ပစ္စည်းများ စုပြုံလာတဲ့အခါ ကျောက်တည်လာပြီး ဆီးသွားရခက်ခဲခြင်းနဲ့ နာကျင်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

 

▪️ ဗိုက်တာမင်-စီ ပါဝင်မှုမြင့်မားတဲ့ ကယ်လ်စီယမ်အောက်ဆလိတ် ကျောက်တွေဟာ ကျောက်တည်ခြင်းကို အဓိကဖြစ်စေပါတယ်။

 

▪️ ဒါတွေကို များများစားမိတဲ့အခါ ဗိုက်တာမင်-စီက အောက်ဆလိတ်အဖြစ် ပြိုကွဲသွားပြီး ကယ်လ်စီယမ်နဲ့ ပေါင်းကာ ကျောက်ဖြစ်လာကြပါတယ်။

 

▪️ အသီးအနှံနဲ့ ဟင်းရွက်တွေကရတဲ့ ဗိုက်တာမင်-စီက စိတ်ချရပေမယ့် ဗိုက်တာမင်-စီ ဖြည့်စွက်ဆေးတွေက စိုးရိမ်ဖြစ်ပါတယ်။

 

▪️ အာရှဆီးနှင့်ကျောက်ကပ်အဖွဲ့အစည်းမှ ဒေါက်တာ ဗီဂျေးကီရန်က ဗိုက်တာမင်-စီ နေ့စဉ် ၁၀၀၀ မီလီဂရမ် ရရှိနေခြင်းက ကျောက်ကပ်ကျောက်တည်နိုင်ခြေ မြင့်မားတယ်လို့ သုံးသပ်ထားပါတယ်။

 

▪️ အစားအစာတွေက အဓိကရရှိတဲ့ ဗိုက်တာမင်-စီက ယေဘုယျအားဖြင့် စိတ်ချရပေမယ့် အက်စ်ကောဘစ်အက်ဆစ်လိုမျိုး ဗိုက်တာမင်-စီ ဖြည့်စွက်ဆေးတွေကတော့ ကျောက်ဖြစ်နိုင်ခြေ များစေပါတယ်။

 

▪️ ဒါ့အပြင် ဗိုက်တာမင်-စီကို သွေးကြောကနေ အများအပြားထိုးသွင်းတာမျိုးကလည်း ကောင်းကျိုးထက် အန္တရာယ်က ပိုများပါတယ်။

 

▪️ ကျောက်ကပ်ကျောက်မတည်စေရန် အရွယ်ရောက်ပြီးသူများအနေနဲ့ ဗိုက်တာမင်-စီ ဖြည့်စွက်ဆေးတွေကို တစ်နေ့ ၂၀၀၀ မီလီဂရမ်ထက် ပိုပြီးမသုံးစွဲဖို့ NIH က အကြံပြုထားပါတယ်။

 

#Source: India Today