#World_News
Published 30 September 2024


▪️ အစ္စရေးလ်တို့က အီရန်မဟာမိတ်နိုင်ငံများနဲ့ တင်းမာမှုမြင့်တက်နေချိန်မှာ လက်ဘနွန်မြို့တော် ဘိုင်ရုကို အစ္စရေးလ်တိုက်ခိုက်ခဲ့သဖြင့် ပါလက်စ်တိုင်းစစ်သွေးကြွအဖွဲ့မှ ခေါင်းဆောင် ၃ ဦး သေဆုံးခဲ့တယ်လို့ ထိုအဖွဲ့က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

 

▪️ အစ္စရေးလ်တို့ ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဘိုင်ရုမြို့ရှိ ကိုလာခရိုင်မှာ ခေါင်းဆောင် ၃ ဦးသေဆုံးသွားတယ်လို့ ပါလက်စ်တိုင်းလွတ်မြောက်ရေးတပ် (PFLP)က ပြောပါတယ်။

 

▪️ ထိုဒေသရှိ တိုက်ခန်းအဆောက်အအုံတစ်ခုရဲ့ အပေါ်ထပ်ကို ထိမှန်ခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနမှ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။

 

▪️ ဒါနဲ့ပတ်သက်ပြီး အစ္စရေးလ်စစ်တပ်ဘက်မှ တစ်စုံတရာပြောကြားခြင်း မရှိသေးပါဘူး။

 

▪️ လက်ဘနွန်ရှိ ဟက်ဇ်ဘိုလာစစ်သွေးကြွတွေနဲ့ ယီမင်ရှိ ဟူသီစစ်သွေးကြွများကို အစ္စရေးလ်တို့ အရှိန်မြှင့်တိုက်ခိုက်လျက်ရှိရာ အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း အီရန်နဲ့ အမေရိကန်တို့ ပါဝင်လာမှာ စိုးရိမ်နေရပါတယ်။

 

▪️ PFLP က အစ္စရေးလ်ကို တိုက်ခိုက်နေတဲ့ စစ်သွေးကြွအဖွဲ့တွေထဲက တစ်ခုဖြစ်ပါတယ်။
အစ္စရေးလ်က တနင်္ဂနွေနေ့မှာ ယီမင်ရှိ ဟူသီစစ်သွေးကြွများနဲ့ ဟက်ဇ်ဘိုလာ ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။

 

▪️ ယီမင်မှ ဟိုဒဲဒါဆိပ်ကမ်းကို လေကြောင်းတိုက်ခိုက်မှု ခံရစဉ် အနည်းဆုံးလူ ၄ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရခဲ့တယ်လို့ ဟူသီတို့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားပြီး လက်ဘနွန်မှာတော့ အနည်းဆုံး ၁၀၅ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

▪️ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း အစ္စရေးလ်တို့ အရှိန်မြှင့်တိုက်ခိုက်လာရာမှာ ဟက်ဇ်ဘိုလာ အကြီးအကဲ ဆိုင်ယက်ဟာဆန်နက်စ်ရယ်လာ အပါအဝင် ထိပ်သီးအရာရှိအချို့ သေဆုံးခဲ့ပါတယ်။

 

▪️ အစ္စရေးလ်တို့က ဆက်လက်တိုက်ခိုက်သွားရန် ကြွေးကြော်ထားပြီး ဟက်ဇ်ဘိုလာတိုက်ခိုက်မှုများကြောင့် စွန့်ခွာထွက်ပြေးနေရတဲ့ မြောက်ပိုင်းမှ အရပ်သားတွေ ပြန်လာအောင် လုပ်ပေးမယ်လို့ ဆိုပါတယ်။

 

▪️ အီရန်ထောက်ပံ့ ဟက်ဇ်ဘိုလာအဖွဲ့ စစ်ဆင်ရေးအများစု လုပ်ဆောင်နေတဲ့ လက်ဘနွန်မြို့တော် တောင်ပိုင်းဆင်ခြေဖုံးဒေသတွေမှာ အစ္စရေးလ်တို့က တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

 

▪️ အမေရိကန်က လက်ဘနွန်မှာ ပဋိပက္ခဖြစ်ပွားနေတာကို သံတမန်ရေးအရ ဖြေရှင်းဖို့ တိုက်တွန်းနေပေမယ့် ထိုဒေသတွင်းမှာ တပ်အင်အားထောက်ပံ့ဖို့လည်း စစ်တပ်ကို ခွင့်ပြုထားပါတယ်။

 

#Source: Reuters