#Daily_News
Published 24 July 2024
၁။ မြန်မာ့အုန်းလက်မှုထုတ်ကုန်များ အရောင်းအေးနေ၊ ပွဲတော်ရာသီ၌ အရောင်းပြန်ဖြစ်ထွန်းနိုင်ဟုဆို
၂။ တိုက်ပွဲများကြောင့် ရန်ကုန်မြို့သို့ ရွှေ့ပြောင်းရောက်ရှိလာသူများလာ
၃။ မုတ်သုံအားအလွန်ကောင်းလာ၍ မိုးကြီးမည့်ဒေသများပိုများလာ
၄။ ဖိလစ်ပိုင်တွင်ဆန်ဈေးဆက်တိုက်မြင့်တက်နေသဖြင့် အများပြည်သူမကျေမနပ်ဖြစ်လာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၄ ဇူလိုင် ၂၀၂၄
မြန်မာနစကကိုယ်စားလှယ်အဖြစ် လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ဖို့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်မိုးကို အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကာအိုကင်မ်ဟိုအန်က ယနေ့ ဇူလိုင် ၂၄ ရက်က တွေ့ဆုံပြီး မြန်မာနှင့်အာဆီယံအကြား နှစ်ဘက်ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။ နှစ်ဘက်ဟာ အာဆီယံက လက်ရှိ ဆောင်ရွက်နေတဲ့ လူ့အသိုက်အဝန်းတည်ဆောက်ရေးကြိုးပမ်းအားထုတ်မှုတွေနှင့်ဆက်စပ်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြ တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
@ymg/knl
#Local_News
Published 24 July 2024
▪️ စနစ်ဟောင်း နဝမတန်းအောင်ပြီးတက္ကသိုလ်ဝင်တန်းဖြေခွင့်မရခဲ့သူများနှင့် စနစ်ဟောင်း၊စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးခဲ့သူများ လာမည့်၂၀၂၅တက္ကသိုလ်ဝင်စာမေးပွဲ၌ပြင်ပဖြေအဖြစ်ဖြေဆိုနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
▪️ ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စနစ်ဟောင်း နဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ခြင်း မရှိသော ကျောင်းသားကျောင်းသူများနှင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း
▪️ လာမည့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း စနစ်ဟောင်းနဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ခြင်းမရှိသော ကျောင်းသားကျောင်းသူများ နှင့် စနစ်ဟောင်း/စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများသည် ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုနိုင်သည် ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း သိရသည်။
#YMG/tthl #Yangon_Times
ကိုဗစ်လူနာ၊ ဝမ်းရောဂါလူနာများတွေ့နေရသေးလို့ လုပ်ငန်းခွင်တွေအတွင်း ကိုဗစ်စစ်ဆေးပေးတာနဲ့ ဝမ်းရောဂါကာကွယ်ပေးတာတွေကို စည်ပင်မှဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 24 July 2024
#ကိုဗစ်နှင့်ဝမ်းရောဂါကာကွယ်ခြင်း #လုပ်ငန်းခွင်
#YMG/tthl #Yangon_Times
ယခုဘဏ္ဍာနှစ်၊ သုံးလတာကာလအတွင်း ပြည်ပနိုင်ငံတွေကို ပျားရည်တင်ပို့တာကနေ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၆ သန်းရရှိထားတယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲက သိရပါတယ်။
#Local_News
Published 24 July 2024
#ပျားရည်တင်ပို့ #ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ
#YMG/NN #Yangon_Times
#Just_In_News
၂၄ ဇူလိုင် ၂၀၂၄
နီပေါနိုင်ငံ ဆာရူယာလေကြောင်းလိုင်းဟာ ဇူလိုင် ၂၄ ရက်နေ့က မြို့တော်ကတ္တမန်ဒူမှ ပျံအတက်တွင်ပျက်ကျပြီး မီးလောင်သဖြင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ရပါတယ်။
အဲဒီလေယာဉ်ပျံဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ဖွင့်လှစ်ခဲ့တဲ့ နီပေါ်နိုင်ငံရဲ့ လေဆိပ်အသစ် ပိုခါရာမှာ ပုံမှန်ပြုပြင် ထိန်းသိမ်းမှုလုပ်ဖို့အတွက် လေယာဉ်အမှုထမ်း နှစ်ဦးနှင့် ကျွမ်းကျင်သူ ၁၇ဦးတင်ဆောင်ကာ ပျံတက်စဉ်မှာ ပျက်ကျခဲ့ရတာဖြစ်တယ်လို့ အရာရှိတွေကပြောပါတယ်။
လေယာဉ်မှူးက အသက်ရှင်တယ်။ ဆေးရုံတင်လိုက်တယ်” လို့ ကတ္တမန်ဒူ ထရိုင်ဗူဗန်နိုင်ငံတကာလေဆိပ်ရဲ့ ပြောရေးဆိုခွင့်ရသူ တက်ဘဟာဒါပိုဒဲလ်ကပြောပါတယ်။
လေယာဉ်ပျက်ကျမှုကြောင့်လေဆိပ်ကိုခေတ္တပိတ်ခဲ့ရပါတယ်။
ပျက်ကျတဲ့လေယာဉ်ဟာ ထိုင်ခုံ၅၀ဆန့် CRJ200 အမျိုးအစားဖြစ်တယ်လို့ လေကြောင်းလိုင်းကပြောပါတယ်။
နီပေါနိုင်ငံဟာ လေကြောင်းအန္တရာယ်ကင်းရှင်းမှုအားနည်းတယ်လို့အဝေဖန်ခံနေရပါတယ်။ ၂၀၀၀ပြည့်နှစ်ကတည်းက ယခုအထိလေယာဉ်ပျက်ကျမှုကြောင့်သေဆုံးသူတွေ ၃၅၀ ဦးနီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ ယခုပျက်ကျမှုမတိုင်ခင် နောက်ဆုံး ဖြစ်ခဲ့တာက ၂၀၂၃ဇန်နဝါရီမှာဖြစ်ပြီး ရတီလေကြောင်းလိုင်း လေယာဉ်မှူးဟာ မတော်တဆ အင်ဂျင်ကိုပိတ်မိရာမှလေယာဉ်ပျက်ကျခဲ့လို့ ၇၂ဦး အနည်းဆုံးသေဆုံးခဲ့ရပါတယ်။
Source Reuters
#Local_News
Published 24 July 2024
▪️ ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ၍ ဝန်ဆောင်မှုပေးထားကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ သိရသည်။
▪️ ထိုသို့ဝန်ဆောင်မှုပေးရာတွင် ယာဉ်လိုင်းလေးလိုင်းဖြစ်သည့် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၊ တော်ဝင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ Yutong CB ယာဉ် ၆ စီးနှင့် ယခု ဇူလိုင်လဆန်းပိုင်းမှ စတင်ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ပြည်သူများသွားလာရေးအဆင်ပြေစေရန်၊ ဘုရားဖူးပြည်သူများ မာရဝိဇယဘုရားသို့ လွယ်ကူစွာသွားရောက်ဖူးမြော်နိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများလည်း အဆင်ပြေချောမွေ့စွာကျောင်းသွား လာနိုင်စေရန် ရည်ရွယ်ကြောင်း သိရသည်။
▪️ ယာဉ်လိုင်းများ ပြေးဆွဲဝန်ဆောင်မှုပေးရာတွင် လမ်းကြောင်း-၁ (ဇဗ္ဗူသီရိလမ်းကြောင်း)အဖြစ် ဘောဂသီရီ-နှင်းဆီပန်းအဝိုင်း-ရွှေညောင်ပင်-နေပြည်တော်ကောင်စီ-စည်ပင်ဧည့်ရိပ်သာ-သပြေကုန်း- ပရေးဆေးဥယျာဉ်- ဓာတုဇယဘုရား-နည်းပညာတက္ကသိုလ်-မာရဝိဇယဘုရား-ဘိုးဘွားရိပ်သာ- ဉာဏသိဒ္ဓိရပ်ကွက်-Naypyitaw State Academy ကျောင်း- ဝဏ္ဏသိဒ္ဓိရပ်ကွက်-သုခတော်ဝင်- မြို့မဈေးတို့ဖြစ်ပြီး ယာဉ်စီးခကို ခရီးစဉ်အစအဆုံး ၂၀၀၀ ကျပ် သတ်မှတ်ထားကြောင်း၊ လမ်းကြောင်း-၂ (လယ်ဝေးလမ်းကြောင်း) လယ်ဝေးမြို့မဈေး-လယ်ဝေးအားကစားကွင်း-ရွှေအင်ကြင်း ရပ်ကွက်-ဒက္ခိဏသီရီဈေး-ကံ့ကော်ပန်းအဝိုင်း-Excel Capital - တုံဂပူရိလမ်းဆုံ-Junction Center-အဆင့်မြင့်ဈေး-နည်းပညာတက္ကသိုလ်-မာရဝိဇယဘုရား-ဘိုးဘွားရိပ်သာ-ဉာဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်းတို့ဖြစ်ပြီး ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ၁၅၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
▪️ ထို့အပြင် လမ်းကြောင်း-၃ (ပုပ္ဗသီရိ ရန်ကုန်-မန္တလေးလမ်းဟောင်းလမ်းကြောင်း)အဖြစ် သိုက်ချောင်းလမ်းဆုံ-တိရစ္ဆာန်ဥယျာဉ်-ရေဆင်းကျေးရွာ-ပင်လောင်းလမ်းဆုံ-လျှပ်စစ်လမ်းခွဲ-ကျောက်ချက်-နှင်းဆီပန်းအဝိုင်း-ရွှေညောင်ပင်-နေပြည်တော်ကောင်စီ-ဇမ္ဗူသီရိဆေးရုံ-စည်ပင်ဧည့်ရိပ်သာ-သပြေကုန်း-ပရဆေးဥယျာဉ်- မြို့မဈေး-သုခတော်ဝင်- ဝဏ္ဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်း-ဉာဏသိဒ္ဓိရပ်ကွက်- မာရဝိဇယဘုရား-နည်းပညာတက္ကသိုလ်တို့ဖြစ်ပြီး ယာဉ်စီးခ ခရီးစဉ်အစအဆုံး ၂၀၀၀ ကျပ်ဖြစ်ကြောင်း၊ လမ်းကြောင်း-၄ (ပုပ္ဗသီရိလမ်းကြောင်း)အဖြစ် သိုက်ချောင်းလမ်းဆုံ – ခုတင် (၃၀၀) ဆေးရုံ – ကျည်တောင်ကန်လမ်းဆုံ – နေပြည်တော်ဘူတာကြီး – Polytechnic University – အင်ကြင်းပန်းအဝိုင်း – မန္တလေးလမ်း – ကုမုဒြာကြာပန်းအဝိုင်း – စည်ပင်ဧည့်ရိပ်သာ – သပြေကုန်း – ပရဆေးဥယျာဉ် – မြို့မဈေး – သုခတော်ဝင် – ဝဏ္ဏသိဒ္ဓိရပ်ကွက် – Naypyitaw State Academy – ဉာဏသိဒ္ဓိရပ်ကွက် – မာရဝိဇယဘုရား – နည်းပညာတက္ကသိုလ်အထိ ပြေးဆွဲပေးနေတာဖြစ်ပြီး ခရီးစဉ်အစအဆုံးကို ငွေကျပ် ၂၀၀၀ နှုန်းသတ်မှတ်ထား ကြောင်း သိရသည်။
▪️ နေပြည်တော်မြို့တွင်း ယာဉ်လိုင်းများပြေးဆွဲဝန်ဆောင်မှုကို ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှ စတင်ရပ်နားထားခဲ့ရပြီး ယခု ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်မှစတင်ကာ ပြန်လည်ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း၊ ခရီးစဉ် အပိုင်းအဖြတ်အနေဖြင့် အတက်/အဆင်းကို ငွေကျပ် ၁၀၀၀ ယူပြီး လက်ရှိတွင် ခရီးသည်စီးနင်းမှု နည်းပါးသည့် အတွက် ယာဉ်လိုင်းတစ်လိုင်းစီကို ယာဉ်တစ်စီးနှုန်းဖြင့် ဝန်ဆောင်မှုပေးနေ ကြောင်း၊ ကျန် ၂ စီးမှာ ခရီးသည်များပြားခြင်း၊ ယာဉ်ပျက်စီးခဲ့ခြင်းများ အစားထိုးရန် အရန်ထားရှိပြီး နောက်ပိုင်းတွင် ယာဉ်အစီးရေ တိုးချဲ့ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 July 2024
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အသေးစားကုန်ထုတ်လုပ်ငန်း စီမံကိန်းလုပ်ငန်း (၁၆) ခု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
▪️ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအရဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းသည် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ရန် စီစဉ်ပေးခြင်း ဖြစ်သကဲ့သို့ ပထမဦးစွာနည်းပညာပေးခြင်း၊ လိုအပ်သည့်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းဖြင့် မိသားစုဝင်ငွေတိုးလာမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် မိသားစုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည့် အပြင် နိုင်ငံ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူပြုသွားမည် ဖြစ်သည့် အတွက် ယင်းစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ပြည်တွင်းထုတ်ကုန်များအနေဖြင့်လည်း ထုတ်ပိုးမှုပုံစံများလိုအပ်နေခြင်းဖြစ်ပြီး စနစ်တကျဖြင့် ဈေးကွက်ဝင် အောင်ဆောင်ရွက်နိုင်ရန်သာ လိုအပ်ကြောင်းသိရသည်။
▪️ လက်ရှိအချိန်တွင်လည်း ပြည်ပမှ ဝင်ရောက်နေသည့် ထုတ်ကုန် များပြတ်လပ်မှုကြုံနေရချိန်ဖြစ် သော ကြောင့် ဒေသခံများအနေဖြင့် မိမိတို့ထုတ်ကုန်ကို ပြည်သူများ ပိုမိုနှစ်သက်လာစေရန်၊ သတိထားမိလာစေရန်၊ စိတ်ဝင်စားလာစေရန်နှင့် ဈေးကွက်အစားထိုးဝင်ရောက်ရန် လုပ်ဆောင်နိုင်ပါက ပြည်တွင်းထုတ်ကုန်များမှာ ပိုမိုအရေးပါလာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
"ပရားပရွန်"မုန်တိုင်းအားလျော့သွားပေမယ့် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာတဲ့အတွက် ဒေသအလိုက်မိုးကြီးမယ့်ဒေသတွေ၊ နေရာကွက်ပြီးမိုးကြီးမယ့်ဒေသတွေ ပိုများလာတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 24 July 2024
#မုတ်သုံအားအလွန်ကောင်း #"ပရားပရွန်"မုန်တိုင်း
#YMG/tthl #Yangon_Times
နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်ပြောင်းရွေ့နေထိုင်သူ migration ပြဿနာတွေဖြစ်လာပြီး တိုက်ပွဲရှောင်တွေအနေနဲ့ ရန်ကုန်ကိုအဓိက ဆင်းလာတယ်လို့ စီးပွားရေးပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ)က ပြောပါတယ်။
#Local_News
Published 24 July 2024
#တိုက်ပွဲရှောင်တွေ #ရန်ကုန်မြို့သို့ရွှေ့ပြောင်း
#YMG/NN #Yangon_Times
မြန်မာ့အုန်းလက်မှုထုတ်ကုန်တွေကို စင်ကာပူ၊ ဂျပန်၊ UKနဲ့ USတို့ကို လူကြုံနဲ့ပဲပို့ပေးနေရပြီး အခုရာသီမှာ ပြည်တွင်းအသုံးပြုသူတွေနည်းနေသေးလို့ အရောင်းအေးနေပေမယ့်လည်း ပွင့်လင်းရာသီ သီတင်းကျွတ်ပွဲတော်လောက်မှာရောင်းအားတွေ ကောင်းလာနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 24 July 2024
#မြန်မာ့အုန်းလက်မှု #အရောင်းအေးနေ
#YMG/tthl #Yangon_Times
#World_News
Published 24 July 2024
▪️ ဒီမိုကရက်တစ် သမ္မတလောင်း ကိုယ်စားလှယ်အဖြစ် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်နေရာဝင်လာတဲ့ အမေရိကန် လက်ထောက်သမ္မတ ကာမယ်လာဟားရစ်ဟာ အင်္ဂါနေ့ကပြုလုပ်တဲ့ သူမရဲ့ ပထမဆုံးစည်းရုံးရေးပွဲမှာ ဒေါ်နယ်ထရမ့်ကို ပုတ်ခတ်ပြောဆိုခဲ့ပါတယ်။
▪️ ရိုက်တာ/Ipsos ထင်မြင်ချက်စစ်တမ်းတစ်ခုအရ ဟားရစ်ဟာ ထရမ့်ကို အနည်းငယ် အသာရနေပါတယ်။
▪️ ၁၇ မိနစ်စာ မိန့်ခွန်းပြောကြားရာမှာ ဟားရစ်က ထရမ့်ရဲ့ အားနည်းချက်တွေကို ထိုးနှက်ခဲ့ပြီး သူမရဲ့နောက်ခံ အစိုးရရှေ့နေအဖြစ်ကို တရားစွဲဆိုခံနေရတဲ့ ထရမ့်မှတ်တမ်းနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။
▪️ သူမသာ သမ္မတအဖြစ် ရွေးချယ်ခံရပါက ကိုယ်ဝန်ဖျက်ချခွင့် တိုးချဲ့သွားမှာဖြစ်ပြီး အလုပ်သမားများအနေဖြင့် သမဂ္ဂအဖွဲ့များသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ရေးနဲ့ သေနတ်အကြမ်းဖက်မှုတွေကို ဖြေရှင်းသွားမယ်လို့ ပြောကြားလိုက်ကာ ထရမ့်နဲ့ ကွာခြားပုံကို ပုံဖော်သွားပါတယ်။
▪️ ဒေါ်နယ်ထရမ့်က တိုင်းပြည်ကို နောက်ပြန်ဆွဲချင်နေတယ်လို့ ဝစ္စကွန်ဆင် မီလ်ဝေါ်ကီရှိ ဝက်စ်အယ်လစ်ဗဟိုအထက်တန်းကျောင်းမှာ လူပေါင်းများစွာရှေ့ ပြောကြားသွားပါတယ်။
▪️ "လွတ်လပ်ပြီး တရားဥပဒေစိုးမိုးတဲ့ တိုင်းပြည်မှာနေချင်သလား ဒါမှမဟုတ် အကြောက်တရားတွေ ပြည့်နေတဲ့ တိုင်းပြည်မှာ နေချင်သလား" လို့ လူအုပ်ကြီးကို မေးခဲ့ပါတယ်။
▪️ ဘိုင်ဒင်လက်အောက်မှာ ပြုလုပ်ခဲ့တဲ့ စည်းရုံးရေးပွဲတွေကို အသက် ၅၉ နှစ်ရှိ ဟားရစ်က ပြန်လည်ပုံဖော်နိုင်မယ်လို့ ဒီမိုကရက်တွေ မျှော်လင့်နေပါတယ်။
▪️ ထရမ့်ခန့်အပ်ထားတဲ့ တရားသူကြီးတွေလက်အောက်ရှိ အမေရိကန် အထက်တရားရုံးကနေ ၂၀၂၂ မှာ တစ်နိုင်ငံလုံးဆိုင်ရာ ကိုယ်ဝန်ဖျက်ချခွင့်ကို ဖယ်ရှားခဲ့တာနဲ့ ပတ်သက်ပြီး ဟားရစ်က ကိုယ်ဝန်ဖျက်ချခွင့် ပြန်လည်ဖွင့်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။
▪️ သမ္မတလောင်း စည်းရုံးရေးပွဲတွေကနေ ဘိုင်ဒင်နုတ်ထွက်ပြီး ဟားရစ်ကို ဆက်ခံသူအဖြစ် ထောက်ခံခဲ့ပြီးနောက် ဟားရစ်ဟာ ထင်မြင်ချက်စစ်တမ်းမှာ ထရမ့်ကို ၄၄ ရာခိုင်နှုန်း - ၄၂ ရာခိုင်နှုန်းဖြင့် ဦးဆောင်ထားပါတယ်။
▪️ ထရမ့်ကလည်း သတင်းထောက်တွေနဲ့ ပြောကြားရာမှာ ဟားရစ်ကို အနိုင်ရမယ်လို့ ယုံကြည်ထားကြောင်း ဆိုပါတယ်။
▪️ သူမနဲ့ စကားစစ်ထိုးပွဲ ပြုလုပ်ချင်ကြောင်း၊ ဒီမိုကရက်တွေက ပေါ်လစီအတူတူပဲ ဖြစ်တာကြောင့် သူမလည်းဘာမှထူးခြားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
▪️ တနင်္ဂနွေနေ့ကစပြီး ဟားရစ်ရဲ့ စည်းရုံးရေးတွေကနေ ဒေါ်လာသန်း ၁၀၀ ရန်ပုံငွေရရှိထားပါတယ်။
▪️ သမ္မတလောင်း ကိုယ်စားလှယ်စာရင်းမှာ ဟားရစ်ပြီးရင် ဒီမိုကရက်တစ် လွှတ်တော်အမတ်အများစု တန်းစီနေပြီး အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့မှ ပါတီခေါင်းဆောင်များလည်း ပါဝင်နေပါတယ်။
▪️ ရွေးချယ်စရာနည်းခဲ့တဲ့ ရွေးကောက်ပွဲအပေါ် စိတ်ပျက်နေခဲ့တဲ့သူတွေအတွက်တော့ ဟားရစ်ပါဝင်လာတာဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာနိုင်ပြီး လက်ရှိမှာ ပထမဆုံးလူမည်းအာရှလူမျိုး အမေရိကန်နိုင်ငံသား အမျိုးသမီး ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေရာကနေ သမ္မတအဖြစ် ရွေးချယ်ခံရပါက ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမှာပါ။
#Source: Reuters
Page 706 of 2058