#World_Health
Published 08 October 2024


▪️ ညစာကို နောက်ကျမှ စားခြင်းဟာ အိပ်စက်ခြင်း၊ အစာခြေခြင်း၊ စိတ်အခြေအနေတို့ကို နှောင့်ယှက်စေပါတယ်။

 

▪️ ညစာကို နောက်ကျမှစားတဲ့အခါ အဝလွန်နိုင်ခြေ များတယ်လို့ မိုင်ယိုဆေးခန်းမှ အာဟာရပညာရှင် တယ်ရာရှမစ်က ပြောသွားပါတယ်။

 

▪️ ညနေ ၅ နာရီဝန်းကျင်ခန့် ညစာစားတဲ့သူတွေဟာ ကယ်လိုရီပိုမိုလောင်ကျွမ်းတယ်လို့ ၂၀၂၂ ခုနှစ်က လေ့လာချက်မှာ တွေ့ရှိခဲ့ပါတယ်။

 

▪️ ခန္ဓာကိုယ် လှုပ်ရှားနေပြီး အလင်းရောင်ရှိနေချိန်မှာ အကောင်းဆုံး အစာခြေပေးတာကြောင့် သွေးတွင်းသကြားဓာတ်လျော့နည်းစေနိုင်ကြောင်း ရှမစ်က ပြောပါတယ်။

 

▪️ သွေးတွင်းသကြားဓာတ် အမြဲတက်နေခြင်းက ဆီးချိုရောဂါဖြစ်စေတဲ့ လက္ခဏာ ဖြစ်ပါတယ်။

 

▪️ ညစာနောက်ကျလွန်းမှ စားခြင်းဖြင့် ရင်ပူခြင်း၊ အက်ဆစ်လျှံတက်ခြင်းတို့ ပိုဆိုးစေပါတယ်။

 

▪️ ၂၀၂၃ တွေ့ရှိချက်အရ ည ၉ နာရီနောက်ပိုင်းမှ ညစာစားတဲ့သူတွေမှာ လေဖြတ်အန္တရာယ် ၂၈ ရာခိုင်နှုန်း ပိုများစေပါတယ်။

 

▪️ ည ၈ နာရီနောက်ပိုင်း ၁ နာရီပိုကြာလာတိုင်း လေဖြတ်နိုင်ခြေ ၈ ရာခိုင်နှုန်း ပိုပိုများလာပါတယ်။

 

▪️ ဒါ့အပြင် အဆီနဲ့ အက်ဆစ်ဓာတ်များတဲ့ အစာတွေ၊ ကဖင်းဓာတ်၊ အစပ်စားစရာတွေကလည်း အစာမကြေဖြစ်စေပြီး ရင်ပူစေတာကြောင့် အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။

 

▪️ ပရိုတိန်း၊ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်အုပ်စုတို့ကတော့ အိပ်စက်မှုကို ထောက်ပံ့ပေးပါတယ်။

 

▪️ အစားအစာကို ပိုပြီးဝါးစားရင်လည်း အစာခြေခြင်းကို ကူညီပေးပါတယ်။

 

▪️ စားတဲ့အခါ အာရုံစိုက်ပြီး စားခြင်းဖြင့် အလွန်အကျွံ စားသုံးမိခြင်းမှ ကာကွယ်ပေးပြီး ဘယ်အချိန်ရပ်တန့်ရမလဲဆိုတာ သိရှိနိုင်တယ်လို့ ပညာရှင်များ ဆိုပါတယ်။

 

#Source: New York Post