#World_Health
Published 08 October 2024


▪️ ကိုဗစ်-၁၉ရောဂါနဲ့ ကျောက်ကပ်ပြဿနာများကြား အချိန်ကြာလာတာနဲ့အမျှ သက်ရောက်မှုရှိလာကြောင်း ဆက်စပ်မှုရှိနေတာကို တရုတ်အနောက်ပိုင်းဆေးရုံ စီချွမ်တက္ကသိုလ်မှ သုတေသီများ ဖော်ပြလာပါတယ်။

 

▪️ ဒေါက်တာ လီချန်ယန်းနဲ့ ဒေါက်တာ ကျန်းရှောက်ရှီတို့က ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

 

▪️ ကိုဗစ်-၁၉က အသက်ရှူလမ်းကြောင်းကို အဓိကထိခိုက်တယ်လို့ သိထားကြပေမယ့် ကျောက်ကပ်လိုမျိုး အခြားအင်္ဂါတွေကိုလည်း ထိခိုက်စေပါတယ်။

 

▪️ ယူကေဇီဝဘဏ်မှ အချက်အလက်များ ရယူကာ အချိန်ကြာလာတာနဲ့အမျှ ကိုဗစ်-၁၉နဲ့ ကျောက်ကပ်ပြဿနာများရဲ့ သက်ရောက်မှုတွေကို စူးစမ်းခဲ့ကြပါတယ်။

 

▪️ ကိုဗစ်ရောဂါ ကူးစက်ပြီး ဒုတိယမြောက်သီတင်းပတ်မှာ ကျောက်ကပ်ပြဿနာများ ဖြစ်နိုင်ခြေ အမြင့်ဆုံးဖြစ်နေပြီး စတုတ္ထမြောက်သီတင်းပတ်မှာ စတင်ကျဆင်းလာပါတယ်။

 

▪️ ကိုဗစ်လူနာ ၁၀၁၂၁ ဦးနဲ့ နှိုင်းယှဉ်မယ့်သူ ၂၉၀၀၄ ဦးတို့ကို လေ့လာခဲ့ကြပါတယ်။

 

▪️ ထိုအခါမှာ ဒုတိယမြောက်အပတ်မှာ အန္တရာယ်အများဆုံး ဖြစ်နေပြီး စတုတ္ထမြောက်အပတ်မှာ ကျဆင်းလာတာကို တွေ့ရှိခဲ့ကြောင်း ဒေါက်တာလီက ဆိုပါတယ်။

 

▪️ ကိုဗစ်ရောဂါကို အပြင်းအထန် ခံစားရတဲ့သူတွေမှာသာ ကျောက်ကပ်လုပ်ဆောင်ချက် ပိုမိုဆိုးရွားခဲ့ကြပြီး ရောဂါအပျော့စားသာ ဖြစ်ပွားသူတွေကတော့ ဒီအန္တရာယ် မတွေ့ခဲ့ပါဘူး။

 

▪️ ကိုဗစ်ရောဂါ ကူးစက်ပြီး အစောပိုင်းရက်သတ္တပတ်တွေမှာ အပြင်းအထန် ခံစားရသူတွေကို ကျောက်ကပ်လုပ်ဆောင်ချက်များ သေချာစောင့်ကြည့်သင့်တယ်လို့ အလေးပေးဖော်ပြထားပါတယ်။

 

▪️ ဒါ့အပြင် အရှေ့အာရှနိုင်ငံတွေမှာ ကိုဗစ်ရောဂါက ကျောက်ကပ်ပြဿနာများနဲ့ ဆက်စပ်နေပုံကို လေ့လာသွားပြီး ဗိုင်းရပ်စ်နဲ့ ကျောက်ကပ်ပျက်စီးမှု ဆက်စပ်နေတဲ့ မော်လီကျူးဖြစ်စဉ်ကို စူးစမ်းသွားဖို့ စီစဉ်နေကြပါတယ်။

 

▪️ အနာဂတ်မှာ ဒီဆက်စပ်မှုကို ဖြေရှင်းလာနိုင်ဖို့ နောက်ထပ်သုတေသနများ လိုအပ်ကြောင်းလည်း ဒေါက်တာ ကျန်းရှောက်ရှီက ပြောသွားပါတယ်။

 

#Source: India Today