#Local_News
Published 8 October 2024


▪️ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူလမ်းထောင့်ရှိ ဘိုးဘွားရိပ်သာ၌ မီးလောင်မှု တစ်ခု ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ အောက်တိုဘာ ၈ ရက်နေ့၊ မနက် ၁၀နာရီ ၂၅မိနစ် အချိန်ခန့် က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်းနှင့် သိမ်ဖြူလမ်းထောင့်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ "လူအိုရုံ ၊ဘိုးဘွားရိပ်သာ အပေါ် solar တပ်ထားတဲ့ နေရာ မီးအနည်းငယ်လောင်ဝာာပါ ၊ မိနစ်ပိုင်းအတွင်း မီးငြိမ်းပါပြီ" ဟု ဒေသခံတစ်ဦးကပြောသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာခဲ့ကြောင်း သိရသည်။

 

▪️ ထိုသို့ငြိမ်းသတ်ခဲ့ရာ၁၀နာရီ  ၃၃ မိနစ်အချိန် ၌ မီးငြိမ်း ခဲ့ကြောင်း ၊မီးလောင်မှူ ဖြစ်စဉ်မှာ ဘိုးဘွားရိပ်သာအမိုးပေါ်တွင် တပ်ဆင်ထားသော Solar ပြား အနည်းငယ်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times