#Local_News
Published 8 October 2024


▪️ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက်၌ ယနေ့မနက်အစောပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းညှပ်နေ၍ ကူညီရေးအဖွဲ့များမှကယ်ဆယ်ပြီး ဆေးရုံသို့ပို့ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ အောက်တိုဘာ၈ရက်နေ့ မနက် ၁၂ နာရီ ၄၃ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ ဘုရင်နောင်လမ်း၊ ရွာမပရိယတ္တိစာသင်တိုက်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းညှပ်နေခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၂ နာရီ ၄၆ မိနစ်  အချိန်တွင် ယာဉ်မောင်းကျား(၁)ဦး(မစိုးရိမ်ရ)အား ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times