"ကိုရင်လေးကို နေအိမ်၊ ကျောင်းတွေမှာတရားဟောလို့ရပြီး လမ်းကိုဖြတ်ပြီး မြို့အလယ်၊ ရွာအလယ်မှာ တရားဟောလို့ မရဘူးလို့ အင်းစိန်ခရိုင်သာသနာရေးမှူးရုံးက တစ်ဦးကဖုန်းနဲ့တစ်ဆင့်ပြောလို့ ရပ်ရွာလူကြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကလည်း တစ်ဆင့်ပြန်ပြောပြတယ်"
ထန်းတပင်မြို့နယ်ရှိ လသာဘုန်းကြီးကျောင်းမှဆရာတော်
ကိုရင်လေးတရားဟောခွင့်နဲ့ ပတ်သက်လို့ သာသနာရေးဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ချက်ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
#Local_News
Published_ 19 February 2024
#ကိုရင်လေးရှင်ဥတ္တမသာရ #တရားဟောခွင့် #တရားဝင်ထုတ်ပြန်ထားခြင်းမရှိ
#tthl #Yangon_Times
'ထိုင်းကိုပြောင်းအဓိက ကုန်သွယ်မှုလမ်းကြောင်းကရနောင်းကိုနယ်စပ်၊ ရေကြောင်းနဲ့သွားတယ်၊ ကုန်းတွင်းလမ်းကတာချီလိတ်ကသွားတဲ့လမ်းလည်းရှိတယ်၊ တာချီလိတ်လမ်းကလဲ ၁၂ ဘီးကား တိုင်းတွဲကားတိုင်း သွားလို့မရတဲ့အခါကျတော့ ကန့်သတ်ချက်တွေရှိတယ်၊ ထိုင်းကိုရောင်းတဲ့ဈေးတန်းက အတက်အကျ ခပ်ပါးပါးရှိတယ်၊ ကိုယ့်ပြည်တွင်းကမူဝါဒတွေ၊ တန်ဆာခတွေလုပ်သားခတွေပေါ်မူတည်ပြီးမှ ဈေးကတွက်ချက်လို့ရတယ် '
#Local_News
Published_ 19 February 2024
#ပြောင်းဈေးကျဆင်း #တန်ဆာခတွေလုပ်သားခတွေ
#YMG/NN #Yangon_Times
#Local_News
Published_ 19 February 2024
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဖေဖော်ဝါရီ လ(၁၉)ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွက် အမေရိကန်ဒေါ်လာ ၈ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ရောင်းချပေးကြောင်းဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၈) ရက်တုန်းကလည်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ(၈)သန်းနှင့် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကလည်းအမေရိကန်ဒေါ်လာ(၅.၃၈)သန်းထုတ်ရောင်းချပေးထားေကြာင်း ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။
သွင်းကုန်လုပ်ငန်းရှင်တွေအနေဖြင့် နိုင်ငံခြားငွေဝယ်ယူရေးတွင် အခက်အခဲများအထိုက် အလျောက်ဖြေရှင်း ပေးနိုင်ရန်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ ရော၊ ထိုင်းဘတ်ငွေနှင့်တရုတ်ယွမ်ငွေတွေပါရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #ထိုင်းဘတ်သန်း(၂၀၀)ထပ်မံရောင်းချ #ဒေါ်လာ(၂၁.၃၈)သန်းရောင်းပေး #tthl #Yamgon_Times
ပဲစဉ်းငုံဈေးကွက်ဟာ လာမယ့်နှစ်မှာလဲ အခုလိုဈေးကွက်ကောင်းမယ့်အနေထားရှိတဲ့အတွက် ပို့ကုန်လုပ်ငန်းရှင်များနဲ့ စိုက်ပျိုးရေး ဈေးကွက်အလားအလာ ခန့်မှန်းသူတွေက တောင်သူတွေကို ပဲစဉ်းငုံပိုမိုတိုးချဲ့စိုက်ပျိုးဖို့ အကြံပြုထား
#Local_News
Published_ 19 February 2024
#ပဲစဉ်းငုံဈေးကွက် #ပို့ကုန်လုပ်ငန်းရှင်
#YMG/LW #Yangon_Times
ရွှေဈေးကျပ်၃၉သိန်းအထိ စံချိန်တင်ဆက်မြင့်တက် 'ရွှေဈေးကွက်ကဈေးနှုန်းတွေ မငြိမ်ဘူးဘူးဖြစ်နေတယ်၊ ကမ္ဘာ့ရွှေဈေးကလည်း တက်လိုက်ကျလိုက်၊ ဝယ်လိုအားကလည်း နည်းနည်းတက်လာတယ်၊'
#Local_News
Published_ 19 February 2024
#ရွှေဈေးစံချိန်တင်ဆက်မြင့်တက် #ဝယ်လိုအားတက်
#YMG/NN #Yangon Times
အခုနှစ်ကူးပွဲမှာ တရုတ်တန်းရဲ့ရိုးရာအစားအသောက် အစုံအလင်ပါဝင်ပါတယ်။ ဆီချက်၊ ဖက်ထုတ်၊ ကော်ရည်နဲ့တရုတ်ရိုးရာမုန့်တွေနဲ့ ထူးထူးခြားခြားအနေနဲ့ တရုတ်ဆေးခါးကြီးတို့၊ တရုတ်တောင်ဝါး၊ ကြက်ဥပေါင်း၊ ဆန်ပြုတ်တို့ပါဝင်ပါတယ်။ နဂါးညီနောင် တရုတ်ရိုးရာမုန့်လုပ်ငန်းမှ ဦးကျော်ဝင်းစိုး
#Local_News
Published_ 19 February 2024
#တရုတ်နှစ်သစ်ကူးပွဲတော် #၂၀၂၄ရွှေနဂါးနှစ်
#tthl #Yangon_Times
#Local_News
Published_ 19 February 2024
ယခုအပတ်တွင် စားအုန်းဆီဈေး အတက်အကျမရှိဘဲ ဈေးနှုန်းတန့်နေပြီး တစ်ပိဿာကျပ် ၅၁၄၀ ပဲ သတ်မှတ်ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ပြီးခဲ့တဲ့အပတ်က ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၁၄၀ ကျပ် သတ်မှတ်ခဲ့ပြီး ယခုအပတ်၌လည်း စားအုန်းဆီတစ်ပိဿာလျှင် ၅၁၄၀ ကျပ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၅ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅,၁၄၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
#Local_News #စားအုန်းဆီဈေး #ကျပ်၅၁၄၀ပဲသတ်မှတ် #tthl #Yangon_Times
#Local_News
Published 19 February 2024
ကရင်ပြည်နယ် ဘားအံမြို့ရှောင်လမ်းသစ် ကြာအင်းတောင်ကြားလမ်း (ရဲသာ)ဘက်ခြမ်းတွင် ဇာတ်အဖွဲ့မော်တော်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါသူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ်ထံက သိရသည်။
ကရင်ဇာတ်သဘင်အဖွဲ့လိုက်ပါလာသော ဇာတ်သဘင်မော်တော်ယာဉ်တစ်စီးသည် ယနေ့ ဖေဖော်ဝါရီ(၁၉)ရက် နံနက် (၁၀) နာရီခွဲအချိန်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်မှောက်မှုဖြစ်စဉ်မှာ ဘားအံမြို့ရှောင်လမ်းသစ်၊ ကြာအင်းတောင်ကြားလမ်း (ရဲသာ)ဘက်ခြမ်းတွင် ဘရိတ်ပေါက်၍ ချောက်အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိ၍ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ကရင်ပြည်နယ် ၏ ရှာဖွေကယ်ဆယ်ရေး အဖွဲ့မှထွက်ခွာ၍ ဖြစ်စဥ်နေရာ၌ အနီရောင်အဆင့်လူနာ (၆) ဦး အဝါရောင်အဆင့် လူနာ (၄) ဦး အစိမ်းရောင်အဆင့်လူနာ (၁) ဦး အနက်ရောင်အဆင့် လူနာ (၁) ဦး အား လိုအပ်သည်များ ဆောက်ရွက်ကူညီ၍ ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ဇာတ်အဖွဲ့မော်တော်ယာဉ်တစ်စီးတိမ်းမှောက် #ယာဉ်ပေါ်ပါသူ၁၄ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times
#Local_News
Published 19 February 2024
လျှပ်စစ်သုံးယာဉ် (EV) နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် Pre Order ဖြင့်ရောင်းချမှုများမပြုလုပ်ရန်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှု မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ ထပ်မံ၍ အသိပေးထုတ်ပြန်ထားသည်။
လျှပ်စစ်သုံးယာဉ် (EV)နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် Pre Order ဖြင့်ရောင်းချမှုများမပြုလုပ်ရန် အသိပေးထုတ်ပြန်ထားသော်လည်း ဆက်လက်ရောင်းချမှုများရှိနေသည့်အတွက် ထပ်မံသတိပေးထားခြင်းကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် ဇွန်လများ၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးများတွင် လျှပ်စစ်သုံးယာဉ် (EV) များ ပြန်လည်ရောင်းချရာ၌ CIF တန်ဖိုးအပေါ် အမြတ် (၂၀) ရာခိုင်းနှုန်းထက် ပိုမိုရောင်းချခြင်း မပြုရန်၊ လူမှုကွန်ရက်တွင် ကြော်ငြာရောင်းချခြင်း မပြုရန်၊ မော်တော်ယာဉ်ရောက်ရှိခြင်း မရှိဘဲ pre order ဖြင့် ကြိုတင် ရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ တားမြစ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီများအား စီမံခန့်ခွဲမှုနည်းလမ်းအရ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ စားသုံးသူရေးရာ ဥပဒေအရ အရေးယူခြင်းကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #လျှပ်စစ်သုံးယာဉ်(EV) #Pre_Orderဖြင့်မရောင်းချရန်ထပ်မံသတိပေး #YMG/ NN #Yangon_Times
#Local_News
Published 19 February 2024
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁)မိုင် (၃)ဖာလုံတွင် ခရီးသည်တင်ယာဉ်နှင့်ဘောက်ကားတို့ တိုက်မိသဖြင့် အမျိုးသား ၂ဦး ေ-သဆုံးခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံက သိရသည်။
ဖေဖေါ်ဝါရီ ၁၉ရက် နံနက် ၆နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ေ-သဆုံးခဲ့သော အမျိုးသား ၂ဦးကို medical လူငယ်များအသင်း သူနာတင်ယာဉ်နှင့် ညာတိသင်္ဂဟအသင်းသူနာတင်ယာဉ်ဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ရန်ကုန်-မန္တလေး #ခရီးသည်တင်ကားနှင့်ဘောက်ကားတို့တိုက်မိ #၂ဦးေ-သဆုံး #YMG/LW #Yangon_Times
#Local_News
Published 19 February 2024
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ သင်္ကြန်ကာလအမှီ ရေဂါလန် နှစ်သိန်းဆံ့ မြေအောက်ရေလှောင်ကန် တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
သင်္ကြန်ကာလ ရေကစားရန်နှင့် ပွဲလမ်းသဘင်အခမ်းအနားများတွင် အသုံးပြုနိုင်ရန်အတွက် ပြည်သူ့ရင်ပြင်၌ မြေအောက်ရေလှောင်ကန်တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းသို့တည်ဆောက်ရေးဆောက်ရွက်မည့် မြေအောက်ရေလှောင်ကန် အကျယ်အဝန်းမှာ အလျား ပေ ၈၀၊ အနံ ပေ ၄၀ နှင့်အနက် ၁၁ ပေရှိကာ ရေတွန်းစက်ရုံမှာ အလျားပေ ၄၀၊ အနံ ၁၈ ပေရှိ 30 HP (22kW) စက် ၄ လုံးဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် ရေလှောင်ကန်အတွင်းသို့ မြေအောက်ရေကို သွယ်တန်းရယူ၍ ဖြည့်သွင်းသိုလှောင်သွားမည်ဖြစ်ကြောင်း၊ယင်းမြေအောက်ရေလှောင်ကန်ကို လာမည့်သင်္ကြန်ကာလအမီ တည်ဆောက်မည်ဖြစ်ပြီး အများပြည်သူ ပွဲလမ်းသဘင် အခမ်းအနားများတွင် အသုံးပြုနိုင်မည့်အပြင် အရန်ရေအတွက်ပါ စုဆောင်းထားနိုင်ဖို့အတွက် တည်ဆောက်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #မြေအောက်ရေလှောင်ကန် #နှစ်သိန်းဆံ့တည်ဆောက် #YMG/NN #Yangon-Times
#Ukraine_Crisis
Published 19 February 2024
ယူကရိန်းမြို့ အက်ဗ်ဒီဗ်ကာကနေ ယူကရိန်းတပ်များ ဆုတ်ခွာသွားပြီးနောက် ရုရှားတို့က အပြည့်အဝ ထိန်းချုပ်ထားလိုက်ပြီလို့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
စစ်ပွဲရဲ့ အပြင်းထန်ဆုံးတိုက်ပွဲတွေထဲက တစ်ခုဖြစ်ခဲ့ပြီးနောက် ဆိုဗီယက်ခေတ် ကိုလာစက်ရုံမှာ ယူကရိန်းတပ်သားအချို့ ပုန်းခိုနေဦးမယ်လို့ ရုရှားတို့က ဆိုလိုက်ပါတယ်။
၂၀၂၃ မေလမှာ ဘက်ခ်မွတ်မြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း ရုရှားတို့အတွက် အကြီးမားဆုံး သိမ်းပိုက်ရရှိမှုဖြစ်ခဲ့ပြီး ယူကရိန်းကို စတင်ကျူးကျော်ခဲ့တာ ၂ နှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။
ရုရှားတပ်တွေက ရှေ့တန်း ၉ ကီလိုမီတာ ဆက်လက်ချဲ့ထွင်လာနိုင်ပြီး ရှေ့သို့ချီတက်နေကြကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
ယူကရိန်းစစ်သားတွေ ဝိုင်းရံမခံရစေရန် ဆုတ်ခွာခိုင်းလိုက်တာ ဖြစ်တယ်လို့ ယူကရိန်းဘက်က ဆိုလိုက်ပါတယ်။
အက်ဗ်ဒီဗ်ကာမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဟာ အရေးပါတဲ့ အောင်ပွဲတစ်ရပ်ဖြစ်ကာ သမ္မတပူတင်က ရုရှားတပ်သားတွေကို ဂုဏ်ပြုလိုက်ပါတယ်။
အက်ဗ်ဒီဗ်ကာမှ လက်နက်ချထားတဲ့ ယူကရိန်းတပ်သား ၈ ဦးကို ရုရှားတပ်တွေက ပစ်ခတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်များအပေါ် ယူကရိန်းအာဏာပိုင်များက စုံစမ်းစစ်ဆေးနေပါတယ်။
ယမန်နှစ်က ရုရှားဘက်ကို ယူကရိန်းက မထိုးဖောက်နိုင်တော့ဘဲ စစ်ပွဲကိုဦးစီးဖို့ ယူကရိန်းက ခေါင်းဆောင်အသစ် တင်မြှောက်ထားကာ ရုရှားကတော့ ယူကရိန်းတပ်တွေကို ချေမှုန်းရန် ကြိုးပမ်းနေပါတယ်။
မြို့ကနေ ရန်သူတွေကို ရှင်းလင်းရန်၊ မြို့ထဲမှာ ကျန်ခဲ့တဲ့ ယူကရိန်းအဖွဲ့တွေ၊ စက်ရုံမှာ အခြေကုပ်နေတဲ့ အဖွဲ့တွေကို တားဆီးပိတ်ပင်သွားရန် ဆောင်ရွက်နေတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အစ်ဂေါ်ကိုနာရှန်ကော့ဗ်က ပြောပြပါတယ်။
ယူကရိန်းတပ်တွေ အသည်းအသန် ဆုတ်ခွာသွားရပုံတွေကို ရုရှားဘက်က ဖော်ပြထားကာ ယူကရိန်းစစ်တပ်ဘက်ကတော့ ဒါဟာ ဆုံးရှုံးမှုအနည်းငယ်ရှိပေမယ့် ဆုတ်ခွာပြီးနောက် အခြေအနေ တည်ငြိမ်သွားပြီလို့ ဆိုလိုက်ပါတယ်။
ယူကရိန်းအတွက် ကူညီထောက်ပံ့ရေးတစ်ခုကို အမေရိကန် ရီပတ်ဘလစ်ကန်တွေက လွှတ်တော်မှာ လပေါင်းများစွာ အတိုက်အခံ လုပ်နေတာကြောင့် လက်နက်ခဲယမ်းများ ပြတ်လပ်ပြီး အက်ဗ်ဒီဗ်ကာမြို့လည်း ရုရှားလက်ထဲ ကျရောက်သွားတာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးလိုက်ပါတယ်။
အက်ဗ်ဒီဗ်ကာကို သိမ်းပိုက်လိုက်နိုင်တာဟာ ဒိုနက်စ်အလယ်ပိုင်းဒေသကို ထိန်းချုပ်ရန် ကြိုးပမ်းနေတဲ့ ရုရှားအတွက် နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်နေပါတယ်။

#Ukraine_Crisis #အက်ဗ်ဒီဗ်ကာမြို့ #အကြီးမားဆုံးအောင်မြင်မှု #Source: Reuters
Page 701 of 1859